cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စိုက်ပျိုးဖို့ သင့်တော်တဲ့ ကုလားပဲမျိုးစေ့တွေကို ဘယ်လိုရွေးချယ်လို့ရလဲ။

. မျိုးစေ့ရွေးချယ်ခြင်း/မျိုးရွေးချယ်ခြင်း
မှိုသတ်ဆေး အသုံးပြုသည့်အခါ ဆေးထုပ်ပေါ်တွင် မြန်မာဘာသာဖြင့် ရေးထားသော ဆေးညွှန်းကို သေချာဖတ်၍ စနစ်တကျ လိုက်နာ ဆောင်ရွက်ရန် လိုအပ်ပါသည်။
  • မျိုးညှောင့်ပေါက်နိုင်စွမ်းကို စမ်းသပ်ခြင်း

    🌱 မျိုးစေ့အညှောင့်ဖောက်ခြင်း လုပ်ငန်းကို မိမိတို့အိမ်တွင် အလွယ်တကူ နှင့် အချိန်မရွေး စမ်းသပ် နိုင်ပါသည်။

    🌱 မျိုးစေ့အညှောင့်ဖောက်ခြင်း လုပ်ငန်းကို မိမိတို့အိမ်တွင် အလွယ်တကူ နှင့် အချိန်မရွေး စမ်းသပ် နိုင်ပါသည်။ပထမနည်းလမ်း

    🌱 သန့်ပြန့်သော အဝတ်စ (သို့မဟုတ်) တစ်သျှုးစထဲတွင် မျိုးစေ့ ၁၀၀ ခန့်ထား၍ အဆုံးထိလိပ် ပြီး ရေထဲတွင် နာရီဝက်ခန့် စိမ်ထားရန် လိုအပ်ပါသည်။

    🌱 မျိုးစေ့ထည့်လိပ်ထားသော သန့်ပြန့်သော အဝတ်စ (သို့မဟုတ်) တစ်သျှုးစကို အေး၍ ခြောက်သွေ့သော နေရာတွင် ထားပြီး ရေမခြောက်စေရန် သတိပြုရမည်။ ၃၊ ၄၊ ၅ ရက်ကြာသည့်အခါ သန့်ပြန့်သော အဝတ်စ (သို့မဟုတ်) တစ်သျှုးစကို ဖြည်ပြီး မျိုးညှောင့်ပေါက်သော အပင်ကိုဖယ်၍ မှတ်သား ထားရပါမည်။ 

    🌱 ထို့နောက် သန့်ပြန့်သော အဝတ်စ (သို့မဟုတ်) တစ်သျှုးစကို ပြန်လိပ် ထားပါ။ 

    🌱 ၅ ရက် ကြာပြီးနောက် မျိုးညှောင့် မပေါက်သောအပင်နှင့် မှိုစွဲနေသော အပင်ကို ရေတွက် ခြင်းဖြင့် အပင်ပေါက်မှုကို စမ်းသပ်နိုင်သည်။

    🌱🌱🌱 ဒုတိယနည်းလမ်း 🌱🌱🌱

    🌱 မျိုးစေ့ ပျိုးထောင်သော ဗန်းထဲသို့ သန့်ရှင်းသော သဲများကို (၂- ၂.၅) လက်မ အနက်လောက် ထည့်ပြီး ရေစီးရေလာ ကောင်းသော မြေဖြစ်အောင် လုပ်ဆောင်ပေးရမည်။ 

    🌱 မြေကြီးထဲတွင် အတန်းလိုက် ၁၀ ကြောင်းဆွဲကာ မျိုးစေ့ ၁၀၀ ခန့်ကို (၁ -၁.၅ လက်မ) အနက်တွင် အတန်းလိုက် ထား၍ စိုက်ပျိုးရမည်။ 

    🌱 မျိုးစေ့ပေါ်တွင် မြေကြီးပါးပါး ဖုံး၍ ရေနည်းနည်း ဖျန်းပေးရမည်။ မြေကြီးကို သတင်းစာ စက္ကူ ( သို့မဟုတ်) အဝတ်ပါးစဖြင့် ဖုံး၍ အစိုဓါတ်ရှိအောင် ထိန်းထားပေးရမည်။ ရေလောင်းများပါက မျိုးစေ့သည် အလွယ်တကူ ပုပ်လွယ်၍ မှိုရောဂါ ကျရောက်လွယ်သည်။

    🌱 (၅) ရက်ခန့် ရှိပါက မျိုးညှောင့်ပေါက်နှုန်း စမ်းသည့်အခါ ၇၅% မှ ၈၀% လောက်ရရှိသော မျိုးကို ရွေးချယ်သင့်ပါသည်။

    🌱 မျိုးစေ့ဆောင်ရောဂါဖြစ်သည့် အက်စကိုခိုင်တာ ရွက်ခြောက်ရောဂါသည် ကုလားပဲတွင် ကျရောက်မှု များ၍ ကြိုတင် ကာကွယ်ရန် လိုအပ်ပါသည်။ 

    🌱 ကြိုတင် ကာကွယ်ရန် မျိုးစေ့ မချမှီ ၂-၃ရက် အလိုတွင် မျိုးစေ့ တစ်ပြည်ကို ဘီနိုမိုင်း ( Benomyl) မှိုသတ်ဆေး စားပွဲတင်ဇွန်း (၁) ဇွန်းဖြင့် လူးနယ်၍ စိုက်ပျိုးပါ။ 

    🌱 ခြများနှင့် မြေအောင်းပိုးများကို ကာကွယ်ရန် အင်မီဒါကလိုပရစ် နှင့် ဖျူရာဒန် (၁-၃) ပြည်ကို တစ်ဧက သတ်မှတ်မျိုးစေ့နှုန်းနှင့် လူးနယ် အသုံးပြုနိုုင်သည်။

    🌱 ကုလားပဲ စိုက်ခင်းတွင် မှိုသတ်ဆေး အသုံးပြုသည့်အခါ ထိရောက်မှုရှိစေရန် မည့်သည့်ရောဂါ ကျရောက်နေသည်ကို ခွဲခြားသိရှိရန် အရေးကြီးပါသည်။ 

    🌱 မှိုသတ်ဆေး အသုံးပြုသည့်အခါ ဆေးထုပ်ပေါ်တွင် မြန်မာဘာသာဖြင့် ရေးထားသော ဆေးညွှန်းကို သေချာဖတ်၍ စနစ်တကျ လိုက်နာ ဆောင်ရွက်ရန် လိုအပ်ပါသည်။

    🌱 ဆေးလူးနယ်ထားသော မျိုးစေ့ကို အရိပ်ထဲတွင်သာ အခြောက်ခံသင့်သည် (သို့မဟုတ်) ချက်ချင်း စိုက်ပျိုးသင့်ပါသည်။

    🌱🌱🌱 ကုလားပဲ သီးနှံ ပုံစံ 🌱🌱🌱🌱

    ကုလားပဲ သီးနှံကို မိုးသီးနှံများဖြစ်သည့် စပါး၊ နှမ်း၊ ဝါ နှင့် အစေ့ထုတ်ပြောင်းများ ရိတ်သိမ်းပြီးချိန်တွင် လည်းကောင်း၊ မိုးရာသီ ကွက်လပ်ထားသည့် အကွက်တွင် လည်းကောင်း ဆောင်းသီးထပ် အဖြစ် စိုက်ပျိုးကြပါသည်။ 


  • article
likes11comments0
views127views8035