cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြည်တွင်း ရော်ဘာစျေး အမြင့်စျေးတွင် ငြိမ်နေ

. ဈေးကွက်
နိုင်ငံတကာ ပေါက်စျေး ကတော့ ပြီးခဲ့တဲ့ နှစ်ပတ်လောက် ထဲ ကတက်လာ တယ်။ပြည်တွင်း စျေးက နောက်ပြီးနိုင်ငံတကာ စျေးပေါ်မှာ ပဲ မူတည် တယ်။
  • မိုးတွင်းကာလ ရော်ဘာထွက်ရှိမှုနည်းနေသောကြောင့် ရော်ဘာစျေး အမြင့်စျေးတွင် ငြိမ်နေကြောင်း လုပ်ငန်းရှင်များထံမှသိရသည်။

    ယင်းအပြင် ပြည်တွင်းရော်ဘာစျေးမှာ နိုင်ငံတကာပေါက်စျေးပေါ်မူတည်ပြီး စျေး အတက်အကျ ဖြစ်ပေါ်ခြင်း ဖြစ်ပြီးလက်ရှိကမ္ဘာ စျေး မှာ မြင့်တက်နေခြင်းကြောင့် အမြင့်စျေးတွင် ရှိနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

    “ အခုက ခြံတွေသာ ဖွင့်ထားတာ မိုးတွေ ရွာနေတော့ ဘာမှမထွက်သေးဘူး ၊စျေးကွက် က ဒီတိုင်းပုံမှန်ပဲ သွားနေတယ်။ စျေးကတော့ ခြံပိတ်ရာသီ ကတည်းက တိုင်း ဒီစျေး ပတ်ဝန်းကျင်မှာပဲရှိနေတယ်။ မိုး ရာသီကုန်လို့ ပစ္စည်းထွက်လာရင်တော့ ဘလိုပုံစံမျိုး ဖြစ်လာမလဲ မသိသေးဘူး ။ ပစ္စည်းအမြောက်များ ထွက်လာရင်တော့ စျေကွက် ပုံမှန်ဖြစ်သွားမှာပေါ့။“ ဟု မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောသည်။

    လက်ရှိ ပြည်တွင်း ရော်ဘာ တစ်ပေါင် လျှင် ၁၇၀၀ကျော် မှ ၁၈၀၀ ဝန်းကျင်ထိပေါက်စျေး ရှိ နေကြောင်း သိရသည်။

    ရော်ဘာ မှာ စျေးတန်းတခု ရရှိနေသော်လည်း မိုးများရွာသွန်းနေခြင်းကြောင့် ပစ္စည်း မှ လိုသလောက် မရရှိ၍ စျေးကွက် ငြိမ်နေခြင်းဖြစ်ကြောင်းလည်း လုပ်ငန်းရှင်တချို့ထံမှ သိရသည်။

    လက်ရှိ နိုင်ငံတကာ ရော်ဘာပေါက် စျေးမှာ အနည်းငယ်တက်လာပြီး ဒေါ်လာ ၁၆၀၀ ကျော် ထိ ပေါက်စျေးရှိကြောင်းသိရသည်။

    “ နိုင်ငံတကာ ပေါက်စျေး ကတော့ ပြီးခဲ့တဲ့ နှစ်ပတ်လောက် ထဲ ကတက်လာ တယ်။ပြည်တွင်း စျေးက နောက်ပြီးနိုင်ငံတကာ စျေးပေါ်မှာ ပဲ မူတည် တယ်။ အခုက ပင်လယ်ရေကြောင်းက အဓိက တင်ပို့နေတယ်။နယ်စပ်က မှောင်ခိုသွားကြတာ များတယ် ။ လက်ရှိ မှောင်ခိုတွေ ကို exporterတွေ အနေနဲ့ ယှဉ်ပို့ လို့ မရဘူးဖြစ်နေတယ်။ ”ဟု ရောဘာလုပ်ငန်းရှင်တစ်ဦး ကပြောသည်။

    ပြည်ပ လိုအပ်ချက် များ ရှိ နေ ပြီး ဒေါ်လာစျေး မှာ လည်း အမြင့်စျေး တွင် ရှိနေသောကြောင့် တစ်ထောင်အောက် ကနေရော်ဘာစျေး မှာ တစ်ထောင် အထပ်သို့ တဖြည်းဖြည်း ရောက်ရှိခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

    လက်ရှိ တွင်ရော်ဘာ ကို နယ်စပ် တင်ပို့မူ ထက် ပင်လယ်ရေကြောင်း မှ အဓိက တင်ပို့ မူများ ကြောင်းသိရသည်။

    မြန်မာ့ရော်ဘာ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းခန့် အား တရုတ်နိုင်ငံသို့ အဓိက တင်ပို့လျက်ရှိပြီး ယခုနှစ် ဘဏ္ဏာနှစ်၆လတာ ကာ တွင် ပြည်ပသို့ ရော်ဘာ တန်ချိန် တစ် သိန်းနီးပါး ထိတင်ပို့ထား ကြောင်း သိရသည်။

    မြန််မာနိုင်ငံတွင် ရော်ဘာ တစ်နိုင်ငံ လုံ စိုက်ဧက တစ်သန်း ခြောက်သိန်းလေးး သောင်း ကျော် ထိ ရှိ ကြောင်း သိရသည်။

    ဖိုးချဲ(AMIA)

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes5comments0
views94views7744