cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အီးအမ်ဖျော်ရည်မှာ ဘာတွေပါတာလဲ?

. အိမ်တွင်းဥယျာဉ်
EM အကြောင်းသိကောင်းစရာ
  • အီးအမ်ဖျော်ရည်မှာ ဘာတွေပါတာလဲ? 

    အကျိုးပြုအဏုဇီဝဖျော်ရည် (အီးအမ်) ဆိုသည်မှာ မြေဆီလွှာအတွင်းရှိ သီးနှံပင်တို့၏ ကြီးထွားဖွံ့ဖြိုးမှု၊ အထွက်နှုန်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိမှုနှင့် သီးနှံအရည်အသွေးကို မြင့်မားစေနိုင်သော အကျိုးပြုအဏုဇီဝမျိုးစိတ်များကို အဆင့်မြင့်နည်းပညာဖြင့် စနစ်တကျ စုပေါင်းမွေးမြူဖျော်စပ်ထားသည့် ဖျော်ရည်တစ်မျိုးဖြစ်ပါသည်။ 

    အီးအမ်တွင် အဓိကပါဝင်သော အဏုဇီဝများမှာ - 

    - လက်တစ်အက်စစ်ဘက်တီးရီးယား (Lactic acid bacteria) 

    - တဆေးမှိုများ (Yeast) 

    - ဖိုတိုဆင်သက်တစ်ဘက်တီးရီးယား (Photosynthetic bacteria) 

    - အက်တီနိုမိုက်ဆိဘက်တီးရီးယား (Actinomyces bacteria) 

    - အပင်အကြွင်းအကျန်များကို လျင်မြန်စွာ ဆွေးမြေ့စေသော မှိုများ ဖြစ်ကြပါသည်။ 

    အီးအမ်ထဲတွင် သီးနှံပင်အတွက် လေထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူပေးသော အဏုဇီဝများများ၊ အစာနှင့်ရေစုပ်ယူမှုကို အားပေးသော အဏုဇီဝများ၊ အပင်အစာချက်မှုကို အားပေးသော အဏုဇီဝများ၊ မြေထဲရှိ ဩဂဲနစ်ပစ္စည်းများ(သီးနှံအကြွင်းအကျန်များ) ကို လျင်မြန်စွာ ချေဖျက်၍ အပင်အတွက် အသုံးဝင်သော အာဟာရဓါတ်များထုတ်ပေးသည့် အဏုဇီဝများ၊‌ မြေထဲရှိ ရောဂါပိုးများကို ရှင်းလင်းပေးသော အဏုဇီဝများ ပါဝင်ပါသည်။ 

    အီးအမ်ကို မြေထဲသို့ ထည့်သွင်းပေး၍ သင့်တော်သော အစိုဓါတ်ရှိအောင် ဆောင်ရွက်ပေးပါက အီးအမ်ထဲရှိ အဏုဇီဝများ မြေထဲတွင် ပွားများလာပြီး အထက်ပါအလုပ်များကို လုပ်ဆောင်ပေးခြင်းဖြင့် သီးနှံအထွက်ကို တိုးစေပါသည်။ အီးအမ်သည် သက်ရှိဖြစ်၍ ပွားများနိုင်ပြီး အနည်းငယ်ထည့်ရုံဖြင့် ရေရှည်အကျိုးကျေးဇူး ရရှိနိုင်ပါသည်။ အီးအမ်ကို စိုက်ခင်းမြေသို့ထည့်ပေးခြင်း၊ သီးနှံပင်ပေါ်သို့ တိုက်ရိုက်ဖျန်းပေးခြင်း၊ မြေဆွေးအသုံးပြုရာတွင် ထည့်သွင်းအသုံးပြုခြင်းဖြင့် သီးနှံများ၏ အထွက်နှုန်းနှင့် အရည်အသွေးကို တိုးတက်ကောင်းမွန်စေပါသည်။ ရောဂါနှင့် ပိုးမွှားကျရောက်မှုကိုလည်း ကာကွယ်ပေးပါသည်။ အီးအမ်ဖြင့် မြေဩဇာအမျိုးမျိုးအပြင် ပိုးသတ်ဆေး၊ ရောဂါသတ်ဆေးများလည်း ပြုလုပ်နိုင်ပါသည်။ 

    ပါမောက္ခဒေါက်တာမြင့်လွင် (အရည်အသွေးကောင်းသောမြေဆွေးများပြုလုပ်သုံးစွဲခြင်း) 

     


  • article
  • article
likes12comments1
views9748