cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဆန်လိုအပ်ချက်အရ မြန်မာ့ဒေသ ထွက်ဆန်ကိုတိုးမြှင့်ဝယ်ယူရန်ရှိနေ

. ဈေးကွက်
နားလည်မှု စာချွန်လွှာအရလည်း ၂၀၂၂ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အထိအောင် မြန်မာနိုင်ငံကနေ နှစ်စဉ်ဆန်ဖြူတန်ချိန် ၂ သိန်းခွဲ နှင့် ပေါင်းဆန်တန်ချိန် ၅ သောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့ ရောင်းချဖို့ လက်မှတ်ရေးထိုး ခဲ့တာဖြစ်ပါတယ်
  • ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဆန်လိုအပ်ချက်အရ မြန်မာ့ဒေသထွက်ဆန်ကို တိုးမြှင့်ဝယ်ယူသွားရန်ရှိနေတယ်လို့ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

    လက်ရှိအချိန်တွင် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဆန်လိုအပ်ချက်၊ မြန်မာ နိုင်ငံရဲ့ ဆန်ရောင်းချနိုင်မှု အခြေအနေပေါ်မူတည်ပြီး နောက်ထက်ဆန်ဖြူရောင်းဝယ်ရေးစာချုပ်များကိုလည်း ထပ်မံချုပ် ဆိုသွားနိုင်ရေးအတွက်ကို ညှိနှိုင်းဆောင်ရွက်လျက် ရှိတယ်လို့လည်းသိရှိရပါတယ်။

    မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ဆန်ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်အရ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ နှစ်စဉ် ဆန်ဖြူတန်ချိန် ၂ သိန်းခွဲနှင့် ပေါင်းဆန်တန်ချိန် ၅ သောင်းကို တင်ပို့ရောင်းချဖို့ ဖြစ်တယ်လို့ သိရပါတယ်။

    အခု၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်မှာလည်း ဆန်ဖြူတန်ချိန် ၂ သိန်းကိုအောင်မြင်စွာတင်ပို့ထားပြီးဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရသိရပါတယ်။

    “မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရအကြားမှာ ဆန်ကုန်သွယ်မှုဆိုင်ရာနားလည်မှုစာချွန်လွှာကို ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီအပြင် ၂၀၂၂ခုနှစ် စက်တင်ဘာလမှာတော့ စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စားနပ်ရိက္ခာဝန်ကြီးဌာန ဝန်ကြီး တို့ကနေပြီး နောက်ထက် ၅ နှစ်တာအတွက်ကို ထပ်မံသက်တမ်းတိုး လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီနားလည်မှု စာချွန်လွှာအရလည်း ၂၀၂၂ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အထိအောင် မြန်မာနိုင်ငံကနေ နှစ်စဉ်ဆန်ဖြူတန်ချိန် ၂ သိန်းခွဲ နှင့် ပေါင်းဆန်တန်ချိန် ၅ သောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့ ရောင်းချဖို့ လက်မှတ်ရေးထိုး ခဲ့တာဖြစ်ပါတယ်” လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူကပြောပါတယ်။

    ရေးထိုးထားတဲ့ နားလည်မှုစာချွန်လွှာတွေကို အကောင်အထည်ဖော်ဆောင်ရွက်မှုနဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စားနပ်ရိက္ခာညွှန်ကြားမှု ဦးစီးဌာနတို့ကနေပြီးတော့ ဆန်ရောင်းဝယ်မှုစာ ချုပ်များကို ချုပ်ဆို၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။

    MFN မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes9comments1
views141views4704