စပါးမှိုသီးရောဂါ ကာကွယ်နှိမ်နင်းနည်း
စပါးစိုက်တောင်သူဦးကြီးတို့ရဲ့ စိုက်ခင်းထဲက စပါးနှံတွေပေါ်မှာ မှိုသီးလေးတွေတည်နေတာကို ကြုံဖူးကြမှာပါ။ စပါးမှိုသီးရောဂါဟာ စပါးအထွက်နှုန်းကို ဘယ်လိုလျော့ကျစေနိုင်မလဲဆိုတဲ့အကြောင်း အနည်းငယ်မျှဝေပေးလိုက်ပါတယ်။
ရောဂါလက္ခဏာများ
- စပါးမှိုနှံသီး ရောဂါဖြစ်ပွားပါက စပါးစေ့များအား အရောင်အသွေး မှေးမှိန်စေကာ အရည်အသွေးကျဆင်းစေပါသည်။ ထို့အပြင် မျိုးညှောက်ပေါက်နှုန်းကိုလည်း လျှော့ကျစေပါသည်။
- စပါးမှိုနှံသီး ရောဂါ ဖြစ်ပွားထားသော အပင်များရှိ စပါးစေ့များသည် မှိုလုံးလေးများအဖြစ် ပြောင်းလဲသွားပါသည်။ ထိုအလုံးလေများသည် တဖြေးဖြေး လိမ္မော်ရောင် အဖြစ်ပြောင်းလာကာ နောက်ဆုံးတွင် အနက်ရောင်ဖြစ်သွားပါသည်။
- အများအားဖြင့် စပါးနှံတစ်ခုလုံးတွင် ရောဂါကျရောက်လေ့မရှိသော်လည်း မှိုသီးများနှင့် နီးကပ်နေသော စပါးစေ့များတွင်မူ အဖျင်းများ နေတတ်ပါသည်။
စပါးမှိုသီး ရောဂါကို ဘယ်လို ကာကွယ်နှိမ်နှင်းမလဲ?
စပါးမှိုသီးရောဂါအား ကာကွယ်နှိမ်နှင်းခြင်းစပါးမှိုနှံသီးရောဂါအား ကာကွယ်ရန် ဖော်ပြပါ လမ်းညွှန်ချက်များကို လိုက်နာသင့်ပါသည်။
- လယ်ကွင်းအား သန့်ရှင်းအောင် ထားပါ။
- ရောဂါဖြစ်နေသော မျိုးစေ့များ၊စပါးနှံများနှင့် ပင်ကြွင်းပင်ကျန်များအား ရိတ်သိမ်းပြီးနောက် ဖယ်ရှားပစ်ပါ။
- နိုက်ထရိုဂျင်မြေသြဇာကို လိုအပ်သလောက်သာ အသုံးပြုပါ။
- ထိရောက်သော မှိုသတ်ဆေးများကို အနှံမထွက်ခင် အချိန်တွင် ကြိုတင်ကာကွယ် အသုံးပြုပါ။
- စပါးပင်များအား စပါးမှိုနှံသီးရောဂါမှ ကာကွယ်ရန်
၁။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အဇိုဇီစတိုဗင် (၂၀%) + ဒိုင်ဖန်နိုကိုနားဇိုး (၁၂.၅%) အက်စီ၊ စားပွဲတင်ဇွန်း (၂) ဇွန်း
၂။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ဟတ်ဇာကိုနာဇိုး ၅% အက်စီ စားပွဲတင်ဇွန်း (၆-၈) ဇွန်း ကို အသုံးပြုပေးပါ။ သို့မဟုတ် ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်သာ မှိုသတ်ဆေးထုတ်များတွင် ပါရှိသည့် အညွှန်းအတိုင်း အသုံးပြုနိုင်ပါသည်။ (ဆေးညွှန်းကို သေချာဖတ်ပြီး လိုက်နာဆောင်ရွက်ပါ)
စပါးပင် စိုက်ပျိုးနည်း၊ ပိုး/ရောဂါကာကွယ်နှိမ်နင်းနည်းများ၊ စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ - ✦✦✦✦✦✦✦✦
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။
စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752





ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း