cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

၁၅.၉.၂၀၂၃ မှ ၂၂.၉.၂၀၂၃ နေ့အထိ စျေးကွက်သုံးသပ်ချက်

. ဈေးကွက်
-ဆန်စျေးငြိမ်နေ၊စပါးစျေးကွက်ကလှုပ်ခတ်ပြီးဂယက်ထနေ
-မတ်ပဲစျေးကျနေရာမှခုတစ်ပတ်မှာ စျေးပြန်လည်မြင့်တက်
-ပဲစဉ်းငုံနီရောင်းဝယ်အေးသော်လည်းစျေးမြင့်တက်
-ပဲတီစိမ်းစျေး ရန်ကုန်စျေးကွက်မှာတက်လာပြီး မန္တလေးစျေးကွက်မှာအနည်းငယ်စျေးကျနေ
-ပဲလွန်းစျေးပြန်တက်၊ ကြက်သွန်ဖြူ/နီစျေးတွေကျဆင်း
  • ခုတစ်ပတ်မှာ ဆန်က စျေးငြိမ်နေပြီး စပါးစျေးကွက်က လှုပ်ခတ်ပြီးဂယက်ထ နေပါတယ်၊ ၊ကုလားပဲ၊ မတ်ပဲနဲ့ပဲစဥ်းငုံနီကတော့ ခုတစ်ပတ်မှာ စျေးနူန်းပြန်လည် မြင့်တက်လာပါတယ်။


    ဆန်စျေးကွက်


    ဆန်စျေးမြင့်တက်တာကိုထိန်းဖို့ ဆိုပြီး ပြည်ပဆန်တင်ပို့တာတွေရပ်ထားသလို၊ ဆန်ကိုနယ်ကျော် သယ်ယူတဲ့အခါခွင့်ပြုချက်တောင်းခံရတာ၊တောင်သူတွေဆီကတိုက်ရိုက်ဆန်မဝယ်ပဲကုန်စည်ဒိုင်ကနေသာ ဝယ်ယူဖို့အပါအဝင် စတဲ့တင်းကျပ်မှုတွေလုပ်နေပေမယ့်လည်း ဆန်စျေးက ကျမသွားပဲ အမြင့်စျေး တန်းမှာပဲငြိမ်နေပါတယ်။

    ရန်ကုန်ဝါးတန်းဈေးကွက်မှာ ကျားပျံရှယ်၊ ဖျာပုံ၊‌ဒေးဒရဲ၊မြောင်းမြပေါ် ဆန်း၊ပေါ်ဆန်းနယ်စုံ က တစ်အိတ် ကို ၁၀၀၀၀၀ ကျပ် စျေးပေါက်ပြီး ပြင်ပစျေးကွက်မှာတော့ တစ်အိတ် ကို ၁၂၀၀၀၀ မှ ၁၃၅၀၀၀ ကြားရှိနေပါတယ်။

    အလားတူရွှေဘိုပေါ်ဆန်း က ရန်ကုန်ဝါးတန်းစျေးကွက်မှာ တစ်အိတ်ကို ၁၂၅၀၀၀ ကျပ်စျေးပေါက်ပြီး ပြင်ပစျေးကွက်မှာ တစ်အိတ်ကို ၁၅၀၀၀၀ မှ ၁၆၀၀၀၀ ရှိနေပါတယ်။

    စပါးစျေးကွက်


    မိုးစပါးသစ်ကို ရည်ညွှန်းစျေး သတ်မှတ်လိုက်တာကြောင့် စျေးကွက်ကမောက် ကမဖြစ်မှာကို တောင်သူတွေကိုစိုးရိမ်နေကြပါတယ်။ ရည်ညွှန်းစျေးက ပြင်ပစပါးပေါက်စျေးထက်နည်းနေတာကြောင့် ဖြစ်ပါတယ်။

    ဆန်စပါးအသင်းချုပ်ကထုတ်ပြန်တဲ့ ရည်ညွှန်းဈေးက ငစိန် နဲ့ ဧည့်မထစပါးကို ၁၃ သိန်းမှ ၁၅ သိန်း၊ ဧရာမင်း ဧရာပဒေသာ နဲ့ ဧရာဝတီပေယ်ဆန်းက ၁၆ သိန်းမှ ၁၈ သိန်း၊ရွှေဘိုပေါ်ဆန်းကတော့ ၁၈ သိန်းမှ သိန်း၂၀ကျပ်ဖြစ်ပါတယ်။

    ပြင်ပစျေးကွက်ပေါက်စျေးက ရွှေဘို ၊ဧရာမင်း၊ဧရာပဒေသာ၊ဧရာဝတီပေါ်ဆန်းက စပါးတင်း ၁၀၀ကို အနိမ့်ဆုံးဈေး သိန်း ၂၀ မှ အမြင့်ဆုံးဈေး ၂၅ သိန်းဝန်းကျင်ထိ ပေါက်ဈေးရှိပြီး ငစိန်အပါ ဆန်ကြမ်းအုပ်စုဝင် စပါးတွေကတော့ တင်း ၁၀၀ ကို ၁၆ သိန်း မှ သိန်း ၂၀ ကြား ရှိတယ်လို့ သိရပါတယ် ။လက်ရှိမှာမိုးစပါးတွေစတင်ရိတ်သိမ်းနေပြီဖြစ်ပါတယ်။

    မတ်ပဲ

    အရင်တပတ်က စျေးကျခဲ့တဲ့မတ်ပဲကလည်း ခုတစ်ပတ်မှာ စျေးပြန်လည်မြင့်တက်လာပါတယ်။

    အိန္ဒိယဘက်မှာ မတ်ပဲအသစ်တွေစတင်ပေါ်နေပေမယ့်လည်း စားနပ်ရိက္ခာလုံလောက်မှုမရှိတာ၊ မြန်မာ ပြည်တွင်းမတ်ပဲအဟောင်းလက်ကျန်နည်းတာကြောင့် စျေးကပြန်တက်လာတာဖြစ်တယ်လို့ ကုန်သည် တွေဆီကသိရပါတယ်။

    ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC) က တစ်တန်ကို ၂၆၃၄၀၀၀ ပေါက်ဈေးရှိနေပြီး အရင်တစ်ပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၁၄၄၀၀၀ စျေးပြန်တက်လာပါ တယ်။ မတ်ပဲ (RAW) ကလည်း တစ်ပိဿာကို ၄၂၇၅ မှ ၄၃၂၅ ကျပ်စျေးရှိပြီး ၂၀၀ ကျော် စျေးပြန်တက်လာ ပါတယ်။

    နယ်တွေမှာလည်း မတ်ပဲ ပိဿာ ၂၀ ကို ၈၅၂၀၀ ကျပ်စျေးပေါက်နေပြီး အရင်တပတ်ကထက် ၅၀၀၀ ကျော် စျေး ပြန်တက်လာပါတယ်။

    မန္တလေးဈေးကွက်မှာလည်း မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၂၄၀၀၀၀ မှ ၂၄၅၀၀၀ ကျပ်စျေးရှိလို့ အရင်တစ်ပတ် ကထက် ၅၀၀၀ စျေးပြန်တက်လာပါတယ်။

    ပဲစဥ်းငုံနီ

    အရင်တပတ်ကစျေးကျခဲ့တဲ့ပဲစဥ်းငုံနီကခုတပတ်မှာ စျေးပြန်မြင့်တက်လာပေမယ့်အရောင်းအဝယ်အေးနေတယ်လို့ကုန်စည်ဒိုင်တွေကပါတယ်။တစ်တန်ကို သိန်း ၄၀အောက် ထိ ရောက်ရှိသွားခဲ့ပြီး တစ်ပတ်အတွင်း ပြန် လည် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

    ရန်ကုန်ဈေးကွက်မှာ ပဲစဥ်းငုံနီ တစ်တန်ကို ငွေကျပ်သိန်း ၄၀၅၀၀၀၀ စျေးရှိပြီး အရင်တစ်ပတ် ထက် ၅၀၀၀၀ ကျပ်ပြန်တက်လာပါတယ်။

    မန္တလေးစျေးကွက်မှာတော့ ပဲစဥ်းငုံနီ ကိုစျေးဖွင့်ထားခြင်းမရှိပါဘူး။ပဲစဥ်းငုံနီ ကိုတော့ အိန္ဒိယကို အဓိကတင်ပို့နေရတာဖြစ်ပါတယ်။

    ပဲတီစိမ်း

    ပဲတီစိမ်းကတော့ ဒီတစ်ပတ်ရန်ကုန်စျေးကွက်မှာ ပြန်တက်လာပြီး မန္တလေးစျေးကွက်မှာ အနည်း ငယ်ပြန်ကျသွားပါတယ်။တရုတ်ဘက် မှ အဝယ်ရှိနေသည့် အတွက် ဈေးပြန်မြင့်တက် လာသည်ဟု ကုန်သည်များက ပြောသည်။

    ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၆၃၀ ကျပ်ရှိပြီး ၅၀ ကျပ်တက်လာ၊ ပဲတီစိမ်း(ပဲခူးရွှေဝါ)က ၃၄၆၅ စျေးပေါက်လို့ ၁၃၅ ကျပ်တက်လာပြီး ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၂၇၁၅ မှ ၃၂၅၀ ကျပ်စျေးရှိပြီး အရင်တပတ်ကထက် ၈၀ ကျပ်တက်လာ ပါတယ်။

    မန္တလေးဈေးကွက်မှာပဲတီစိမ်း(အညာ)ပိဿာ ၅၆.၂၅ တစ်အိတ်ကို ၁၅၅၀၀၀ မှ ၁၇၅၀၀၀ စျေးပေါက်ပြီး အရင်တစ်ပတ်ကထက် ၂၀၀၀ ကျပ် ကျသွား ပါတယ်။

    ပဲလွန်း

    ပဲလွန်းအမျိုးအစားတွေ ကတော့ အရင်တစ်ပတ်ကထက် စျေးပြန်တက်လာတာတွေ့ရပါတယ်။ပြည်ပ ဝယ်လက်ရှိနေတဲ့အတွက် အရောင်းအဝယ်သွက်နေတာ ဖြစ်တယ်လို့သိရပါတယ်။

    ရန်ကုန်စျေးကွက်မှာ ပဲလွန်းဖြူပဲခူးက ၂၈၀၀ မှ ၂၈၈၅ ကျပ်စျေးပေါက်ပြီး ၅၀ ကျပ်မြင့်တက်လာ၊ ပဲလွန်းဖြူ မြစ်ဝကျွန်းပေါ်က ၂၅၈၀ မှ ၂၇၅၀ စျေးရှိပြီး ၂၀၀ ကျပ် တက်လာပါတယ်။ ပဲလွန်းနီမြစ်ဝကျွန်းပေါ်ကတော့ ၃၁၆၅ မှ ၃၆၅၀ ကျပ်စျေးပေါက်ပြီး ၁၅၀ မြင့်တက်လာပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ပဲလွန်းပြာက တစ်အိတ်ကို ၁၉၀၀၀၀ ရှိပြီး အမြင့်ဈေး နဲ့ ငြိမ်နေပါတယ်။၊

    ကြက်သွန်နီ

    ကြက်သွန်နီကတော့ဈေးက ကျဆင်းနေပါတယ်။ ဈေးကွက်ထဲ အဝင်များနေတဲ့အတွက်ဈေးတွေ ကျဆင်းသွားတာ ဖြစ်ပါတယ်။နေ့စဉ် ဈေးကွက်ထဲကိုကြက်သွန်ကား အစီးရေ ၂၀ ကျော် ပိဿာချိန် ၁ သိန်း၂ ကျော် အဝင်ရှိနေပြီး ပြီးခဲ့တဲ့ အပတ်ထက် ပိဿာချိန် ၅ သောင်းကျော် များလာပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ(ဆိပ်ဖြူ၊မုံရွာ)က တစ်ပိဿာကို ၂၆၀၀ မှ ၃၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ပါက ၁၀၀ ကျပ်ဈေးကျဆင်းသွားသည်။

    ကြက်သွန်ဖြူ


    ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဈေး အကျ နဲ့ တန့်သွားပေမယ့် ရှမ်းကတော့ ရန်ကုန်ဈေးကွက် အတွင်း မှာ ဈေးကျဆင်းသွားခဲ့ပါတယ်။ ဈေးမြင့်နေတဲ့အတွက် ဝယ်လိုအားလျော့သွားတယ်လို့ ကုန်စည်ဒိုင်တွေက ပြောပါတယ်။ နယ်‌‌ေဈးကွက်တွေမှာတော့ မကျဘူးလို့ သိရပါတယ်။


    ရန်ကုန်စျေးကွက်မှာ ကြူကုတ်ရှယ် တစ်ပိဿာကို ၇၄၀၀ မှ ၇၅၀၀ ကျပ်ရှိပြီး ဈေးငြိမ်ပါတယ်။ရှမ်းပြည်နယ်ကထွက်တဲ့ အောင်ပန်းထူး ၂ က ၇၃၀၀ ကျပ်၊အောင်ပန်းထူး ၃ က ၈၀၀၀ ကျပ်၊ အောင်ပန်ထူး ၄ က ၈၂၀၀ ကျပ်နဲ့ အောင်ပန်းထူး ၅ က ၈၆၀၀ ကျပ်စျေးပေါက်လို့ အရင်တစ်ပတ်နဲ့ယှဥ်ရင် ၂၀၀ ကျပ် ကျသွားပါတယ်။


    Exclusive Content For Htwet Toe - ထြက္တိုး

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes16comments1
views336views8340