cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဆေးဘက်ဝင် ငရုတ်ကောင်းပင်

. သီးနှံသတင်းများ
ကမ္ဘာ့စျေးကွက်၂၁ ရာစုတွင် ငရုတ်ကောင်းအတွက်ွ G.I Certificate ရရှိထားသော နိုင်ငံမှာ ကမ္ဘာဒီးယားနိုင်ငံဖြစ်သည်။ G.I Certificate ဆိုသည်မှာကမ္ဘာ့သီးနှံပစ္စည်း (လယ်ယာထွက်ကုန် Farm Products) များတွင် ကမ္ဘာ့စျေးကွက်မှာ အာမခံချက် နာမည်တစ်ခုရရန်ပေးထားသောလက်မှတ်ဖြစ်ရာ မည်သည့်နိုင်ငံ၊ မည်သည့်ပြည်နယ်၊ မြို့ရွာ၊ ဖြစ်နိုင်လျှင် လောင်ဂျီတွဒ်၊ လတ္တီတွဒ်နေရာ တွေပါ ဖော်ပြပေးထားသောဒေသထွက်ပစ္စည်းဟု ဆိုလိုသည်။
  • ဆေးဘက်ဝင် ငရုတ်ကောင်းပင်

    ငရုတ်ကောင်းသည် နိုင်ငံတကာသုံး ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပြီး အင်္ဂလိပ်အမည်မှာ Black Pepper ဖြစ်သည်။ မွန်တို့က Mawrite Nawa ဟု ခေါ်သည်။ ချင်းအမည်မှာ ုကညါစညေင ဖြစ်သည်။ နှစ်ရှည်ခံနွယ်ပင်မျိုးဖြစ်သည်။ အဖိုပင်၊ အမပင်နှင့်အဖိုအမ နှစ်မျိုးပါသော အပင်ဟူ၍ရှိသည်။ အသီးမှာ အစိမ်းရင့်ရောင်ရှိ၍ ခွံပျော့တစ်စေ့သီးဖြစ်သည်။ အသားထူသည်။ ရင့်မှည့်လာပါက လိမ္မော်ရောင်မှ အနီရောင်သို့ ပြောင်းသွားသည်။ တစ်ခိုင်လျှင် အသီး ၂၀ မှ ၈၀ အထိပါရှိသည်။

    အစေ့ခြောက်သွေ့ပါက အစေ့ခွံသည် အနက်ရောင်ရှိပြီး အနံ့ပြင်း၍ စူးရှသည်။ ၎င်းကို ငရုတ်ကောင်းစေ့ဟုခေါ်သည်။ အစားအသောက်နှင့် ဆေးဝါးများဖော်စပ်ရန်အသုံးပြုကြသည်။ ငရုတ်ကောင်းပင်သည် ပူအိုက်စွတ်စိုသောရာသီဥတုကို ကြိုက်နှစ်သက်သည်။ တစ်နှစ်ပတ်လုံး မိုးကောင်းစွာရွာသည့် ဒေသများတွင် ရှင်သန်လွယ်သည်။ အပူချိန် ၅၀-၁၀၀ ဒီဂရီဖာရင်ဟိုက်ကို နှစ်ခြိုက်ပြီးမိုးရေချိန် လက်မ ၆၀ အထက် ရွာသွန်းသော ဒေသများ၌ ဖြစ်ထွန်းသည်။ အထူးသဖြင့်မွန်နှင့် ကရင်ပြည်နယ်၊ ရခိုင်နှင့် တနင်္သာရီကမ်းရိုးတန်းတို့တွင် စိုက်ပျိုးပေါက်ရောက်သည်။ ငရုတ်ကောင်းသည် ရှေးရှေးကပင် တော်ဝင်ဟင်းခတ်ပစ္စည်းဖြစ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံများစွာတို့တွင် ခေတ်အဆက်ဆက် အသုံးပြုခဲ့ကြသည်။

    မြေပဲပင်လယ်ဒေသရောမ၊ ခေါမ တို့သည် အရှေ့အလယ်ပိုင်းဒေသဘက်သို့ စစ်ချီရာတွင်လည်းကောင်း၊ထိုဒေသကစစ်တပ်များနှင့် ရင်ဆိုင်တိုက်ရန် အရေးဆိုရာတွင် တစ်ဖက်က အလျှော့အတင်းတောင်းဆိုလျှင် ငရုတ်ကောင်းသည် စျေးဆစ်၊ စျေးသင့်ပေးရသော (၀ါ) သုံ့ပန်းရောင်းဝယ်သော ပစ္စည်းတစ်မျိုး အဖြစ်လည်းကောင်း လွန်စွာအရေးပါခဲ့သည်။

    မြန်မာမင်းနှင့် ရှမ်းစော်ဘွားများသည် ၀ါကျွတ်ကန်တော့ လက်ဆောင်ပေးခြင်း၊ လက်ဆောင်ပြန်ခြင်းတို့တွင် မြန်မာမင်းက စော်ဘွား၊မဟာဒေဝီနှင့် စော်ဘွား၏ အမတ်လေးဦးအတွက် ပြန်ပေးသည့် လက်ဆောင်များတွင် စော်ဘွားအတွက် ပိဿာ ၁၀၀ ပါသလို မဟာဒေဝီအတွက်မှာ အခြားအဖိုးတန်ပစ္စည်းများစွာအပြင် ငရုတ်ကောင်းအချိန် ပိဿာ ၅၀၊ အမတ်လေးဦးစာအတွက်မှာမူ အခြားအဖိုးတန်အဝတ်၊ ပုဆိုးတို့အပြင် ငရုတ်ကောင်းအချိန်တစ်အိတ် ပိဿာ ၁၀၀ (လေးဦးအတွက် တစ်ဦး ၂၅ ပိဿာစီ) ပေးလေ့ရှိကြောင်း လေ့လာမှတ်သားရပါသည်။ ငရုတ်ကောင်းမှုန့်ကို အဓိကအားဖြင့် ဟင်းရည်ဟင်းခါးချက်ရာတွင် ထောင်း၍ခတ်လေ့ရှိသည်။ ကြက်ဥကြော်တို့တွင်လည်း အပေါ်ကငရုတ်ကောင်းမှုန့်ဖြူး၍ စားကြသလို အသားလုံးကြော်တို့တွင် လည်း အနံ့အရသာကောင်းစေရန် ထည့်သုံးကြသည်။

    ကမ္ဘာ့စျေးကွက်၂၁ ရာစုတွင် ငရုတ်ကောင်းအတွက်ွ G.I Certificate ရရှိထားသော နိုင်ငံမှာ ကမ္ဘာဒီးယားနိုင်ငံဖြစ်သည်။ G.I Certificate ဆိုသည်မှာကမ္ဘာ့သီးနှံပစ္စည်း (လယ်ယာထွက်ကုန် Farm Products) များတွင် ကမ္ဘာ့စျေးကွက်မှာ အာမခံချက် နာမည်တစ်ခုရရန်ပေးထားသောလက်မှတ်ဖြစ်ရာ မည်သည့်နိုင်ငံ၊ မည်သည့်ပြည်နယ်၊ မြို့ရွာ၊ ဖြစ်နိုင်လျှင် လောင်ဂျီတွဒ်၊ လတ္တီတွဒ်နေရာ တွေပါ ဖော်ပြပေးထားသောဒေသထွက်ပစ္စည်းဟု ဆိုလိုသည်။ တစ်နည်းဆိုသော် Geographical Identification Certificate ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့စျေးကွက်တွင် နေရာရလာရန် စိုက်ပျိုးရေးပညာရှင်များ၊ လယ်ယာထွက်ကုန် ဝယ်ယူရောင်းချနေသော အသင်းအဖွဲ့များက လေ့လာခြင်း၊ ဖွံ့ဖြိုးအောင် ပံ့ပိုးခြင်းများ ပြုလုပ်ပေးနိုင်လျှင် မြန်မာ့တောင်သူဦးကြီးများ ငရုတ်ကောင်းပင် စိုက်ပျိုးထုတ်လုပ်ရေးသည် အဆင်ပြေလာနိုင်ပါမည်။

    ဆေးဖက်ဝင်ငရုတ်ကောင်းစေ့

    မြန်မာ့ဆေးကျမ်းအရ ငရုတ်ကောင်းစေ့သည် ပူစပ်သောအရသာရှိ၏။ လေ၊ သလိပ်ကိုကြေစေ၏။ ဝမ်းမီးကို တောက်စေတတ်၍အစာကြေစေ၏။ သည်းခြေကိုဖြစ်စေ၏။ သွေးကိုကြွစေတတ်၏။ နှုတ်ကိုမြိန်စေ၏။ နို့ရည်ကိုထွက်စေ၏။ ငရုတ်ကောင်းသီးသည်သွေးဆုတ်၊ သွေးပုပ်၊ အတွင်းပူသောအနာ၊ ဝမ်းချုပ်သောအနာ၊မီးတွင်း၌ ချွေးမထွက်သော အနာ၊ ချွေးအလွန်ထွက်သောအနာ၊ဝမ်းကိုက်သောအနာ၊ လေ၊ သလိပ်၊ သွေး၊ သည်းခြေတို့နှင့်ယှဉ်သော အလုံးစုံသော အနာရောဂါတို့ကို နိုင်၏။

    ဥဏှ၊ အာကာသ(ပူ၊ ပွင့်) ဖြစ်၍ ပူ၊ ပွင့်စေသော ဆေးများတွင် ထည့်သုံးပေးရ၏ဟုဆိုသည်။ အိန္ဒိယဆေးကျမ်းများအရ ငရုတ်ကောင်းစေ့အနက်သည်ပူ၊ စပ်၊ မွှန်၍ အမျိုးသမီးများ သွေးပေါ်စေရန် သုံးရသည်။ အရေပြားအတွက် ပြင်ပလိမ်းဆေးအဖြစ်သုံး၍ရသည်။ သားအိမ်အတွင်းချွဲမြှေးများကို အကျိုးသက်ရောက်မှုရှိသည်။ လိပ်ခေါင်းရောဂါနှင့် လစဉ်သွေးပေါ်စေရန် သုံးပေးနိုင်သည်ဟု ဆိုသည်။ အင်္ဂလိပ်ဆေးကျမ်းများအရ ငရုတ်ကောင်းနက်သည် ရနံ့သင်း၍ နိုးကြားစေသည်။ နှိုးဆွဆေးဖြစ်သည်။ အစာကြေစေသည်။ အာရုံကြောအားဆေးအဖြစ် သုံးရသည်။

    ဝမ်းဗိုက်နာကျင်ခြင်း၊ လေပွခြင်း၊ ဝမ်းသွားခြင်း၊ ချောင်းဆိုးခြင်း၊ သတိမေ့မြောခြင်း (coma)၊ ဂနိုရောဂါ၊ ငှက်ဖျားရောဂါတို့တွင် အကျိုးရှိစေသည်။ အတွင်းလိပ်ခေါင်းရောဂါအတွက် ကောင်းသည်။ လေဖြတ်၊ အဆစ်ရောင်ကိုက်သော ရောဂါများ၊အကြောရောဂါများတွင် သုံးကြသည်။အစာခြေရည်ကို ပိုမိုထွက်စေနိုင်၍ ဆီးရွှင်စေသည်။ ချွဲပျော်စေသည်။ အထူးသဖြင့်အစာလမ်းကြောင်းအဆုံးရှိ ချွဲများပေါ်အကျိုးသက်ရောက်မှု အားကောင်းသည်။ ဝမ်းချုပ်ခြင်းနှင့် ဆီးစွန့်အင်္ဂါ ပုံမှန်အလုပ်မလုပ်ခြင်းတို့တွင် ကောင်းသောအကျိုးသက်ရောက်မှုရှိစေသည်ဟု ဖော်ပြထားသည်။ ငရုတ်ကောင်းမှုန့်ကို အထက်ပါရောဂါများအပြင် အောက်ဖော်ပြပါ ဝေဒနာအချို့အတွက်လည်းသဘာဝဆေးဝါးအဖြစ်သုံးနိုင်သည်။

    ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် ဆီးကျန်သည့်ရောဂါများကို ပျောက်ကင်းစေပါသည်။ ငရုတ်ကောင်းစေ့ သုံးစေ့ကို ထောပတ်နှင့်ကြိတ်၍ ကော်ဖီဇွန်းသေးတစ်ဇွန်း တစ်နေ့နှစ်ကြိမ်ခန့် နားကျပ်ပေးပါက ခေါင်းတစ်ခြမ်းကိုက်သော ရောဂါကို ပျောက်ကင်းစေပါသည်။ ငရုတ်ကောင်းမှုန့်ကို ပျားရည်နှင့်ရော၍ လျက်ပါက ချောင်းဆိုးရောဂါ၊ ပန်းနာရင်ကျပ်ရောဂါများကို ပျောက်ကင်း စေပါသည်။ နို့တိုက်မိခင်များလည်း နို့ရည်ထွက်စေရန် ထိုသို့စားပေးရသည်။ ငရုတ်ကောင်းစေ့ကို ရှိန်းခို၊ဘိန်းတို့နှင့်ရော၍ အမှုန့်ပြုလုပ်စားပါက အဆက်မပြတ်သွားသော ဝမ်းပျက်ရောဂါ ကို ပျောက်စေသည်။ ငရုတ်ကောင်းမှုန့်ကို ဒိန်ချဉ်၊ကြံသကာတို့နှင့် ရောစားပါက နှာခေါင်းသွေးလျှံခြင်း၊ သွေးယိုစီးခြင်းနှင့် နှာစေး ခြင်းပျောက်သည်။ ငရုတ်ကောင်းကို မီးကင်ပြီး အခိုး၊အငွေ့များ ရှူပေးခြင်းဖြင့် ကြို့ထိုးရောဂါ ပျောက်စေသည်။

    ငရုတ်ကောင်းစေ့နှင့် အညာခရာစေ့ နှစ်မျိုးကို ဆတူရော၍ အမှုန့်ပြုပြီးစားပါကခွေးရူးဆိပ် ပြေစေသည်။ ဟင်းခါး(ဟင်းရည်)တွင် ငရုတ်ကောင်းထည့်၍ ချက်စားခြင်းဖြင့် ချွေးကိုကောင်းစွာထွက်စေပြီးအအေးမိ၍ဖြစ်သော အဖျားရောဂါများကို သက်သာပျောက်ကင်းစေသည်။ထို့ပြင် အစာကြေ၊ လေကြေ၊ ဆီးကောင်းစေရန် ငရုတ်ကောင်းခတ်ထားသော ဟင်းခါးပူပူ မကြာခဏသောက်ပါ။ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်းနှင့် လိပ်ခေါင်း ရောဂါတို့လည်း ပျောက်စေပါသည်။

    ငရုတ်ကောင်းမှုန့်ကို နွယ်ချိုနှင့် ရောလျက်ပေးပါက လေထိုး၊ လေအောင့်ရောဂါ၊ နှလုံးတုန် ပျောက်စေသည်။ ငရုတ်ကောင်း၊ ချင်းခြောက်၊ ဇီရာ၊ သိန္ဓောဆားတို့ကို အညီအမျှစုပြီး အမှုန့်ပြုကာ ထမင်းစားပြီးတိုင်း သုံးပဲသားခန့်စားသုံးပါက ဝမ်းမီးနုံ့သော အစာမကြေ၊ရင်ပြည့်၊ ရင်ကယ် ရောဂါများကို ပျောက်ကင်းစေသည်။ ငှက်ဖျားရောဂါအတွက် မြင်းခွာရွက်နှင့် ငရုတ်ကောင်းများများထည့်၍ ဟင်းရည်သောက်ပါ။ (နောက်တစ်နည်း) မြင်းခွာရွက်၊ ပင်စိမ်းရွက်နှင့် ငရုတ်ကောင်း သုံးမျိုးကို ဆတူရောကြိတ်ပြီး ရွေးစေ့ခန့်လုံးထားပါ။ နာတာရှည် ငှက်ဖျားဖြစ်နေသည့် လူမမာကို နံနက်တစ်လုံး၊ ညတစ်လုံးတိုက်ပေးပါက လျင်မြန်စွာ ပျောက်ကင်း သက်သာစေသည်။

    ထို့ပြင် မြင်းခွာရွက်နှင့် ငရုတ်ကောင်းဟင်းရည်က သက်ရှည်ကျန်းမာစေပါသည်။ အသံဝင်၊ အသံကပ်ခြင်းအတွက်ပြည်ပန်းညိုရွက် ဟင်းရည်ထဲကို ငရုတ်ကောင်းမှုန့် ခတ်သောက်ပါ။ ဆီးချိုရောဂါအတွက်ချင်း၊ ငရုတ်ကောင်း၊ ပိတ်ချင်းသီး ၎င်းင်းသုံးမျိုးပေါင်း တစ်ကျပ်သားနှင့် သိန္ဓောဆား တစ်ကျပ်သားနှင့် အမှုန့်ပြုလုပ်ပါ။ ၎င်းအမှုန့်ကိုရှောက်ရည်ဖြင့် တစ်နေ့တစ်ခွက်သောက်ပေးပါက ဆီးချိုရောဂါ သက်သာစေပါသည်။ ထုံကျဉ်ကိုက်ခဲခြင်းအတွက် ချင်းရည်နှစ်ကျပ်သား၊ ငရုတ်ကောင်း ၁၂ ပဲသား၊ဆားတစ်ကျပ်သားတို့ကိုစုကာ အမှုန့်ပြုလုပ်ပြီး နှမ်းဆီနှင့်ဖျော်၍ လိမ်းပေးပါကထုံကျဉ်ကိုက်ခဲဝေဒနာများ သက်သာပျောက်ကင်းစေသည်။ နူနာရောဂါ၊ နှင်းခူရောဂါတို့အတွက်လည်း ငရုတ်ကောင်းက ဆေးဖက်ဝင်ပါသည်။

    မီးလောင်နာ အမာရွတ် ပျောက်စေရန်အတွက် ငရုတ်ကောင်းမှုန့်ကို နှမ်းဆီနှင့်ခပ်ပျစ်ပျစ်ဖျော်၍ ဆွတ်လိမ်းပေးခြင်းဖြင့်မီးလောင်နာများ ပျောက်ကင်းသွားပါလိမ့်မည်။ကလေးငယ်များ နှာစေးခြင်းအတွက်ငယ်ထိပ်ကို ငရုတ်ကောင်းမှုန့်ဖြင့် ပွတ်ပေးပါ။ဆေးဖက်ဝင်ငရုတ်ကောင်းအဆီအနက်ရောင် ငရုတ်ကောင်းအဆီကို ရနံ့မွှေးကုထုံးနှင့် အကိုက်အခဲများ၊ နာကျင်မှုများ၊ ချမ်းတုန်ခြင်း ရောဂါတို့အတွက် သင့်တင့်မျှတသော ငရုတ်ကောင်းအဆီပမာဏကိုယူ၍ လိမ်းကျံနှိပ်နယ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေသည်။ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းဖြစ်လျှင်ငရုတ်ကောင်းအဆီကို အမြဲစိမ်းချုံပင်အဆီနှင့် ပေါင်းစပ်၍လိမ်းပေးလျှင် သက်သာပျောက်ကင်းနိုင်ပြီး အသက်ရှူလမ်းကြောင်းရောဂါ ပျောက်ကင်းစေရေးအတွက် ငရုတ်ကောင်းအဆီကို စန္ဒကူးပင်အဆီနှင့် ပေါင်းစပ်၍ အသုံးပြုကြသည်။

    ငရုတ်ကောင်းအဆီနှင့် ငရုတ်သီးခြောက်အဆီ ဆတူရော၍ လေးဖက်နာရောဂါ၊ အအေးမိရောဂါနှင့်ဆက်စပ်နေသော နာကျင်ကိုက်ခဲခြင်းများအတွက် လိမ်းဆေးအဖြစ် အသုံးပြုနိုင်သည်။ ငရုတ်ကောင်းအဆီ ၁၀ စက်ကို ၁ဝဂရမ်ရှိ ဒေစီမျိုးနွယ်အပင်၏ ခရင်မ်နှင့်ပေါင်းစပ်၍ခြေ၊ လက် ရောင်ရမ်းဖောသွပ်ခြင်းများအတွက် လိမ်းကျံ၍ သက်သာပျောက်ကင်းစေသည်။

    မှတ်ချက်ငရုတ်ကောင်းက ကျန်းမာရေးအတွက် လွန်စွာ ဆေးစွမ်းထက်မြက်သော်လည်း သွေးတက်စေနိုင်၍ အလွန်အကျွံမစားသင့်ပေ။

    ပေါက်ပေါက်

    မြန်မာတောင်သူကြီးများဂျာနယ်

    ----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
likes14comments2
views198views6601