cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အသင့်သုံးအီးအမ် (EM) ဖျော်စပ်နည်း နှင့် အသုံးပြုပုံ

. အိမ်တွင်းဥယျာဉ်
ဒီနေ့မှာတော့ တောင်သူဦးကြီးများအတွက် အီးအမ်အပြင်း (EM Concentrate, CEM) ကနေ အသင့်သုံး အီးအမ် (Instant EM) အဖြစ်ရရှိလာစေရန် ဖျော်စပ်ရမယ့်နည်းလမ်းကို ဖော်ပြပေးချင်ပါတယ်။

  • ဒီနေ့မှာတော့ တောင်သူဦးကြီးများအတွက် အီးအမ်အပြင်း (EM Concentrate, CEM) ကနေ အသင့်သုံး အီးအမ် (Instant EM) အဖြစ်ရရှိလာစေရန် ဖျော်စပ်ရမယ့်နည်းလမ်းကို ဖော်ပြပေးချင်ပါတယ်။

    အရင်တစ်ပတ်မှာတုန်းက အီးအမ်ဘယ်နှစ်မျိုးရှိတယ်ဆိုတဲ့အကြောင်းအရာကို ဖော်ပြပေးခဲ့ပြီဖြစ်ပါတယ်။ အီးအမ်အမျိုးအစားကို လေ့လာချင်တဲ့သူတွေအတွက် အောက်ပါ လင့်ခ်ကို ဝင်ရောက်ပြီးတော့ ဦးစွာလေ့လာလို့ရပါတယ်။

    ထွက်တိုးဖုန်းဆော့ဝဲလ်တွင်ဖတ်ရှုရန်- https://htwettoe.com/post/39443

    ခုဆိုရင်တော့ အီးအမ်ဖျော်ရည်အပြင်းကနေ အသင့်သုံးလို့ရတဲ့ အီးအမ် အဖြစ်ရရှိလာစေဖို့ ဖျော်စပ်ရမယ့်နည်းလမ်းကို ဖော်ပြပေးပါမယ်။

    ဈေးကွက်ထဲမှာ တောင်သူဦးကြီးများ ဝယ်ယူအသုံးပြုနေကြတဲ့ အီးအမ် (EM) တွေ အများစုက အီးအမ် အပြင်းတွေဖြစ်ပါတယ်။ အဲဒီအီးအမ်တွေကိုအသုံးပြုဖို့အတွက် အချိုးကျ ပြန်လည်ဖျော်စပ်ပေးဖို့လိုပါတယ်။

    အီးအမ်ဖျော်ရည် အပြင်း (EM Concentrate) ကို အသင့်သုံးအီးအမ် (Instant EM) အဖြစ်ရရှိလာစေဖို့အတွက် အောက်ပါ ထုထည်အချိုးအစားအတိုင်း ဖျော်စပ်ပေးဖို့လိုအပ်ပါတယ်။

    အီးအမ် ဖျော်ရည်အပြင်း - ၁ ဆ

    တင်လဲရည် - ၄ ဆ

    ရေ - ၉၅ ဆ

    - အထက်ပါနည်းအတိုင်းရောစပ်ပြီး ရရှိလာတဲ့ ဖျော်ရည်ကို သန့်ရှင်းတဲ့ ပလပ်စတစ်ပုလင်း ထဲထည့်ပြီး လေလုံအောင် ပိတ်ထားရပါမယ်။

    - အီးအမ်ကို နေရောင်ခြည် တိုက်ရိုက်မရနိုင်တဲ့ အရိပ်၊ အေးမြသောနေရာမှာ ထားရပါမယ်။

    - တစ်ရက်ကို တစ်ကြိမ်ခန့် သမအောင်မွှေပေးရပါမယ်။

    - ဓါတ်ငွေ့တွေထွက်လာပါက အဖုံးကို ခဏတာဖွင့်ထားပေးပြီးတော့ လေလုံအောင်ပြန်ပိတ်ထားပေးရပါမယ်။

    - (၃-၄) ရက်ခန့်ကြာတဲ့အခါမှာ ဝါညိုရောင်အဖြစ်ပြောင်းသွားတဲ့အခါ သုံးစွဲဖို့ အသင့်ဖြစ်ပါတယ်။

    သတိပြုရမယ့်အချက်တွေကတော့ အီးအမ်အပြင်းတွေက (၆)လ၊ (၁) နှစ်ခန့်လောက်ထိ သိုလှောင်သိမ်းဆည်း ဖြန့်ဖြူးရောင်းချနိုင်ပေမယ့် အသင့်သုံး အီးအမ်တွေကတော့ (၇) ရက်ကနေ (၁၀) ရက်ခန့်လောက်အထိသာ သိုလှောင်လို့ရပါတယ်။

    အီးအမ် (EM) ဖျော်ရည်အား လက်တွေ့အသုံးပြုပုံ

    အကြမ်းအားဖြင့် အသင့်သုံးအီးအမ်ဖျော်ရည် (၁) ဆနဲ့ ရေ (၅၀၀-၁၀၀၀) ဆ ရောပြီးတော့ တစ်ဧကကို အသင့်သုံး အီးအမ်(EM) (၂၀) လီတာနှုန်းထားနဲ့ စိုက်ခင်းထဲကို နှံ့စပ်အောင် ဖျန်းလို့ရတယ်လို့ မှတ်ယူနိုင်ပါတယ်။

    - အနည်းဆုံးသုံး (၃) ကြိမ် ဖျန်းလို့ရပါတယ်။ (မြေပြင်ချိန်မှာ ၁ ကြိမ်၊ စိုက်ပျိုးပြီး(သို့)မျိုးစေ့ချပြီး ၂ ပတ်သားခန့်တွင် ၁ ကြိမ် နဲ့ စိုက်ပြီး ၆ ပတ်သားခန့်တွင် တစ်ကြိမ် ဖျန်းရပါမယ်။)

    တောင်သူဦးကြီးများနဲ့ စိုက်ပျိုးရေး ဝါသနာရှင်များ အကျိုးကျေးဇူး တစ်စုံတစ်ရာ ရရှိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

    ကိုးကား - အရည်အသွေးကောင်းသော မြေဆွေးများ ပြုလုပ်သုံးစွဲခြင်း (FSWG), ပါမောက္ခဒေါက်တာမြင့်လွင်

    ----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
likes14comments0
views260views6762