cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးတောင်သူဦးကြီးတို့အတွက် အစာအလေအလွှင့်မရှိစေရန် ငါးအစာကျွေးနည်းစနစ်

. ငါးမွေးမြူရေးဆောင်းပါးများ
ငါးမွေးမြူရေးလုပ်ငန်းတွင် အစာကျွေးခြင်းသည် ငါးမွေးမြူရေးလုပ်ငန်း ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိကအရေးပါသည့် အခန်းဏ္ဍတစ်ရပ်ဖြစ်ပါသည်။ FCR (မွေးမြူထားသည့် ငါးအသား ၁ယူနစ်တိုးရန် ကျွေးရမည် အစာပမာဏဖြစ်သည်။) ကိုသိရှိထားခြင်းဖြင့် မိမိငါးမွေးမြူရာတွင် သတ်မှတ်ကုန်ထုတ်လုပ်မှုအတွက် အစာလိုအပ်မှုကို ကြိုတင်တွက်ချက်နိုင်သည်။ အစာတောင့်၏အရည်အသွေးမည်မျှပင် ကောင်းစေကာမူ မွေးမြူကန်ရေ၏ အရည်အသွေးမကောင်းပါက FCR ညံ့ဖျင်းနိုင်ပြီး ရေအရည်အသွေးကောင်မွန်မှု ငါးများကျန်းကျန်းမာမာရှိပါက FCR မှာ အစာအရည်အသွေးအတိုင်း ကောင်းမွန်မည်ဖြစ်ပါသည်။
  • ငါးတောင်သူဦးကြီးတို့အတွက် အစာအလေအလွှင့်မရှိစေရန် ငါးအစာကျွေးနည်းစနစ်

    ငါးအစာကျွေးသည့်အချိန်တွင် ငါးမွေးတောင်သူများအနေဖြင့် အောက်ပါအချက်များအပေါ်တွင် သတိထားရမည်ဖြစ် သည်။ မျက်မြင်စစ်ဆေးသည့်အနေဖြင့် ရာသီဥတု၊ ရေအရောင်နှင့် ငါးကျန်းမာရေးအခြေအနေ (ငါးသန်စွမ်းမှု) တို့ကို စစ်ဆေးရမည်ဖြစ်သည်။

    ဇယား (၁) အစာကျွေးနှုန်း

    အချိန် ငါးအစာကျွေးရမည့်ပမာဏ (ငါးကန်အတွင်းရှိ ငါးအလေးချိန်၏ ရာခိုင်နှုန်းပေါ်တွင်.

    မူတည်၍တွက် ချက်ခြင်း)

    ၁ လ ၈-၉ %

    ၂ - ၃ လ ၄-၆ %

    ၄ - ၅ လ ၂-၃ %

    နောက်လ ၂ %

    ငါးသည် ၆၃ကျပ်သားနှင့် အထက်ရောက်ရှိပါက ၁-၁.၂ %

    နေ့စဉ်အစာကျွေးနှုန်းကို ကန်အတွင်းငါးစုစုပေါင်း အလေးချိန်၏ ပုံမှန် ၅၊ ၁၀၊ ၁၅ ရာခိုင်နှုန်းဖြင့်စတင်ကျွေးမွေးသင့် သည်။ ငါးဖမ်းဆီးသည့်အချိန်အထိ တဖြည်းဖြည်း ၂-၅ ရာခိုင်နှုန်းအထိ လျှော့ချကာ ကျွေးရမည်ဖြစ်သည်။ တစ်နေ့တာအတွက် ကျွေးရမည်ငါးစာကို အညီအမျှခွဲကာ ကျွေးရမည်ဖြစ်ပါ သည်။ တီလားပီးယားကဲ့သို့ ရေချိုငါးများ ကို မနက်စောစောနှင့် ညနေပိုင်း နှစ်ကြိမ်ကျွေးလေ့ရှိသည်။

    နေ့စဉ်အစာကျွေးရာတွင် ကန်အတွင်း၌ ဖြစ်ပေါ်နေသော သဘာဝအစာ (ရေဩဇာ1) ပေါကြွယ်ဝမှုကို ခန့်မှန်းတိုင်းတာ ရသည်။ သဘာဝအစာ (ရေဩဇာ) ကြွယ်ဝမှုသည် ရေကြည်နှုန်းနှင့်သက်ဆိုင်သည်။ ရေကြည်နှုန်း ၁၀ လက်မ ထက်နည်းနေလျင် အစာကြွေးခြင်းကို ရပ်တန့်ရမည်။ ပုံမှန်အစာကြွေးခြင်းကို (၁၀ - ၁၄ လက်မ) ရေကြည်နှုန်းဖြစ်လျင် ပြုလုပ်နိုင်သည်။ ရေကြည်နှုန်း ၂၃လက်မ အထက်ဖြင့်တက်နေပါက အစာကျွေးနှုန်းကို နဂိုထက်ပို၍မြှင့်တင်ပေးရမည်။ မိမိ၏အစာကျွေးနှုန်း မှန်ကန်စေရန် ကန်အတွင်းရှိနေသော ငါးအလေးချိန်စုစုပေါင်းကို သိရှိနေရန်လိုအပ်သည်။ ငါးစာကို ကန်အနှံ့ပက်ရမည်ဖြစ်သည်။ သို့မှသာ နေရာအားလုံးတွင် ငါးများအစာကို စားသုံးနိုင်မည်ဖြစ်သည်။

    ကျွေးမည့်အစာများကို တနေရာတည်းတွင် စုပုံကျွေးပါက အောက်ပါပြဿနာ (၂) ရပ်ကြုံတွေ့လာရနိုင်ပါသည်။

    ၁။ ကြီးထွားနှုန်းမတူညီသော အကောင်ကြီးများရှိသည့်နေရာသို့ အခြားအကောင်ငယ်များလာရောက်ပါက တိုက်ခိုက်ခံရ သဖြင့် ငါးငယ်များသည် အကောင်ကြီးများအနီးရှိသည့် အစာရှိရာနားသို့ မလာရဲသဖြင့် အစာမစားရခြင်း။

    ၂။ အကောင်ကြီးများမှာလည်း ကုန်အောင်မစားနိုင်သဖြင့် အစာများကျန်နေပြီး အစာပျက်စီးကာ ရေညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည်။

    ငါးမွေးမြူရေးလုပ်ငန်းတွင် အစာကျွေးခြင်းသည် ငါးမွေးမြူရေးလုပ်ငန်း ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိကအရေးပါသည့် အခန်းဏ္ဍတစ်ရပ်ဖြစ်ပါသည်။ FCR (မွေးမြူထားသည့် ငါးအသား ၁ယူနစ်တိုးရန် ကျွေးရမည် အစာပမာဏဖြစ်သည်။) ကိုသိရှိထားခြင်းဖြင့် မိမိငါးမွေးမြူရာတွင် သတ်မှတ်ကုန်ထုတ်လုပ်မှုအတွက် အစာလိုအပ်မှုကို ကြိုတင်တွက်ချက်နိုင်သည်။ အစာတောင့်၏အရည်အသွေးမည်မျှပင် ကောင်းစေကာမူ မွေးမြူကန်ရေ၏ အရည်အသွေးမကောင်းပါက FCR ညံ့ဖျင်းနိုင်ပြီး ရေအရည်အသွေးကောင်မွန်မှု ငါးများကျန်းကျန်းမာမာရှိပါက FCR မှာ အစာအရည်အသွေးအတိုင်း ကောင်းမွန်မည်ဖြစ်ပါသည်။

    Reference: International Collaborating Centre for Aquaculture and Fisheries Sustainability – ICAFIS, Technical guide to farm freshwater fish.

    ------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://l.htwettoe.com/v2

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes3comments0
views71views3748