cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နဂါးမောက်အကြောင်း သိကောင်းစရာ

. စိုက်ပျိုးနည်းစနစ်များ
နဂါးမောက်ပင်၏မူရင်းဒေသမှာမိုးရေချိန်(၅၀‒၈၀)လက်မခန့်ရရှိသောဒေသများဖြစ်သည်။အခြားရှားစောင်းနွယ်ဝင်အပင်များကဲ့သို့သဲကန္နာရတွင်ပေါက်သောအပင်မျိုးမဟုတ်ပါ။သို့သော်နှစ်စဉ်မိုးရေချိန်(၂၀‒၅၀)လက်မရသောအပူပိုင်းဒေသ၊အပူလျော့ပိုင်းဒေသများတွင်ရေလိုအပ်သလိုပေးသွင်းပြီးအောင်မြင်စွာစိုက်ပျိုးနိုင်ပါသည်။အသင့်တော်ဆုံးအပူချိန်မှာ(၂၁‒၂၉°C)ကြားဖြစ်သည်။အပူချိန်(၄၀)°Cအထက်နှင့်(၁၀) °C အောက်တွင်ရက်ကြာရှည်လျှင်အပင်များပျော့ပုပ်ရောဂါကျတတ်သည်။
  • မြန်မာအမည် - နဂါးမောက်သီး 

    အင်္ဂလိပ်အမည် - Dragon Fruit 

    ရုက္ခဗေဒအမည်- Hylocereus spp . 

    - Selecereus spp. 

    မျိုးရင်းအမည် - Cactaceae  

    နဂါးမောက်သီးသည်မေလမှအောက်တိုဘာလအထိအသီး(၇‒၈)ကြိမ်ခန့်ထွက်ရှိ၍တစ်နှစ်လျှင်(၅‒၆)လခန့်ဝင်ငွေရနိုင်သောကြောင့်စီးပွားရေးတွက်ချေကိုက်သောသီးနှံတစ်ခုဖြစ်သည်။အပင်ပုံသဏ္ဍာန်၊အသီးပုံသဏ္ဍာန်များလှပသောကြောင့်အလှပင်အဖြစ်လည်းစိုက်ပျိုးနိုင်ပါသည်။ 

    မူရင်းဒေသ 

    မျိုးစု(Hylocereus)အောက်တွင်မျိုးစိတ်ပေါင်း(၂၆)ခုရှိရာမျိုးစိတ်အလိုက်မူရင်းဒေသကွဲပြားပါသည်။စီးပွားဖြစ်စိုက်ပျိုးနေသောမျိုးများ၏မူရင်းဒေသမှာမက္ကစီကိုနိုင်ငံအလယ်ပိုင်းဒေသဖြစ်သည်။ 

    ရာသီဥတု 

    နဂါးမောက်ပင်၏မူရင်းဒေသမှာမိုးရေချိန်(၅၀‒၈၀)လက်မခန့်ရရှိသောဒေသများဖြစ်သည်။အခြားရှားစောင်းနွယ်ဝင်အပင်များကဲ့သို့သဲကန္နာရတွင်ပေါက်သောအပင်မျိုးမဟုတ်ပါ။သို့သော်နှစ်စဉ်မိုးရေချိန်(၂၀‒၅၀)လက်မရသောအပူပိုင်းဒေသ၊အပူလျော့ပိုင်းဒေသများတွင်ရေလိုအပ်သလိုပေးသွင်းပြီးအောင်မြင်စွာစိုက်ပျိုးနိုင်ပါသည်။အသင့်တော်ဆုံးအပူချိန်မှာ(၂၁‒၂၉°C)ကြားဖြစ်သည်။အပူချိန်(၄၀)°Cအထက်နှင့်(၁၀) °C အောက်တွင်ရက်ကြာရှည်လျှင်အပင်များပျော့ပုပ်ရောဂါကျတတ်သည်။ 

    မြေအမျိုးအစား 

    ရေစိမ့်မှုကောင်းသောသဘာဝမြေဆွေးများစွာပါသောနှုံးမြေ၊မီးသင့်ကျောက်မြေ၊ဂဝံ မြေ၊မြေနီများတွင်ကောင်းစွာဖြစ်ထွန်းသည်။pH(၅.၅‒၇.၅)အတွင်းကောင်းစွာဖြစ် ထွန်းသည်။မြေစေးတွင်အပင်ဖြစ်ထွန်းမှုနှေးကွေးပြီးအသီးသီးမှုနောက်ကျသည်။ 

    အပင်အမျိုးအစား 

    သစ်ပင်၊သစ်သား၊ကျောက်တုံးများတွင်တွယ်ကပ်၍လည်းကောင်း၊မြေပေါ်တွင်တွား သွား၍လည်းကောင်းပေါက်ရောက်နိုင်သည်။ပင်စည်သုံးမြောင့်ပုံရှိသည်။ ပင်စည်အ နားတွင်ဆူးများရှိသည်။မျိုးကိုလိုက်၍ပင် စည်ဇောင်းပုံစံ၊ဆူးပုံစံ၊ဆူးအရေအတွက်ကွာခြားသည်။(၆‒၈)လသားရှိသောအကိုင်းများမှအသီးသီးနိုင်သည်။ညပိုင်းတွင်ပန်းပွင့်သည်။နံနက်နေထွက်လာလျှင်ပန်းပွင့်များညှိုးသွားသည်။အတွင်းသားအဖြူမျိုးတွင်ပွင့်ဖက်အစိမ်းရောင်၊ပွင့်ချပ်နို့နှစ်ရောင်ရှိသည်။အတွင်းသားခရမ်းနီရောင်မျိုးသည်ပွင့်ဖက်နီညိုရောင်၊ပွင့်ချပ်သည်အနီရောင်သန်းသောနို့နှစ်ရောင်ဖြစ်သည်။အသီးပတ်လည်တွင်နဂါးအမောက်ကဲ့သို့ထောင်နေသောအဖက်များရှိသည်။ယခုလက်ရှိအဓိကစိုက်ပျိုးလျှက်ရှိသောနဂါးမောက်သီးမျိုးများမှာအတွင်းသားအဖြူမျိုးနှင့်အတွင်းသားအနီမျိုးတို့ဖြစ်သည်။ 

    မျိုးရွေးချယ်ခြင်း 

    မျိုးတူသော်လည်းပန်းပွင့်ခြင်း၊အသီးသီးခြင်းနှင့်အသီးအရည်အသွေးကွာခြားနိုင်သည်။သို့ဖြစ်၍သီးလုံးကြီး၍သီးထွက်ကောင်းသောအပင်မှကျန်းမာသန်စွမ်းပြီး (၆)လ မှ(၂)နှစ်သက်တမ်းရှိအစိမ်းရင့်ရောင်ရှိသည့်ရှည်လျားသောအကိုင်းများကိုပျိုးကိုင်းအဖြစ်ဖြတ်ယူပါ။ပျိုးကိုင်းအရှည်သည်(၁.၅-၂)ပေရှိရမည်။ 

    ပျိုးထောင်ခြင်း 

    ဖြတ်ပြီးပျိုးကိုင်းများကိုအရိပ်အောက်တွင်(၁)ပတ်ခန့်ထားပြီးမှပျိုးဘောင်တွင် (သို့မဟုတ်)ပျိုးအိတ်တွင်ပျိုးထောင်ပါ။ 

    စိုက်ပျိုးခြင်း 

    ပင်ကြား၊တန်းကြား၉'×၉'(သို့မဟုတ်)၉'×၁၂'ထား၍တစ်တိုင်ချင်းစနစ်ဖြင့်လည်း ကောင်း၊၁၀'×၁.၅'(သို့မဟုတ်)၁၂'×၁.၅'နှစ်တန်းပြိုင်စနစ်ဖြင့်လည်းကောင်းစိုက်ပျိုးနိုင်ပါသည်။တစ်တိုင်ချင်းစနစ်တွင်ကွန်ကရစ်တိုင်ထိပ်တွင်အကိုင်းများတွဲခိုကျနိုင်ရန်(၁.၅)ပေပတ်လည်သံကွင်းများပြုလုပ်ထားရမည်။တိုင်ခြေမှ(၆)လက်မခွာပြီး ၁'×၁'×၁'စိုက်ကျင်း(၄)ကျင်းတူးပါ။စိုက်ကျင်းတစ်ကျင်းလျှင်နွားချေးဆွေး(၁)ပြည်၊ စပါးခွံ (၁)ပြည်၊ဖွဲပြာ(၁)ပြည်၊(၁၅:၁၅:၁၅)ကွန်ပေါင်းဓါတ်မြေသြဇာ(၅၀)ဂရမ်၊ဖျူရာဒန်(၂)ဇွန်းကိုမြေနှင့်သမအောင်ရော၍ကျင်းအပြည့်ဖြည့်ပါ။ရေဝအောင်လောင်းပါ။တိုင်တစ်တိုင်လျှင်အပင်(၄)ပင်စိုက်ပါ။မိုးများ သောဒေသတွင်ဘောင်ပြုလုပ်၍စိုက်ပါ။ပျိုးပင်ကိုတိုင်ဖြင့်ကပ်ချည်ပေးရမည်။မြေအမျိုးအစားအလိုက်(၅‒၁၀)ရက်ခြား (၁)ကြိမ်ရေလောင်းပေးပါ။အကောင်းဆုံးစိုက်ပျိုးချိန်မှာမေလမှဇွန်လဖြစ်သည်။ 

    အပင်ပြုစုခြင်း 

    အပင်များစိုက်ပြီး(၁)လခွဲခန့်ကြာလျှင်အညွှန့်အသစ်များထွက်လာမည်။အကောင်းဆုံးအညွှန့်တစ်ညွှန့်ကိုတိုင်ထိပ်ရောက်အောင်မွေးပါ။ကျန်အညွှန့်များကိုဖြတ်ပစ်ပါ။အညွှန့်တိုင်ထိပ်ကျော်သွားလျှင်အောက်သို့ပြန်ကွေးကျလာပါသည်။တိုင်ထိပ်ကွေးသောနေရာမှအညွှန့်အသစ်များထွက်လာမည်။၎င်းအညွှန့်အသစ်များကိုသီးကိုင်းအဖြစ်မွေးရပါမည်။အကိုင်းများ အားလုံးသည်တိုင်ထိပ်မှအောက်သို့ကွေးကျနေရမည်။သို့မှသာအသီးသီးနှုန်းပိုကောင်းပါ သည်။အကိုင်းများ(၆‒၈)လသားခန့်ရှိလျှင်အသီးသီးသည့်ရာသီရောက်ပါကအသီးများသီးလာပါသည်။အညွှန့်သစ်များမွေးစဉ်အစာနှင့်ရေလုံလောက်ရမည်။မလုံလောက်ပါကဆစ်ကြားများတိုပြီးအသီးထွက်လျော့နည်းနိုင်ပါသည်။ 

    ပေါင်းမြက်ရှင်းလင်းခြင်း 

    နဂါးမောက်မြစ်များသည်မြေအပေါ်ယံတွင်ရှိခြင်းကြောင့်ပေါက်ပြားဖြင့်ပေါင်းပေါက်ခြင်းကိုရှောင်ကျဉ်ရမည်။လက်ပေါင်းလိုက်ခြင်းဖြင့်သာပေါင်းရှင်းပေးသင့်ပါသည်။ 

    မြေသြဇာထည့်သွင်းပေးခြင်း 

    စိုက်ပြီးသုံးလတွင်နွားချေးမြေသြဇာကိုတစ်တိုင်ရှိအပင်များအတွက်(၈)ပြည်နှုန်းထည့်ပေးပါ။ N:P:K (၁၅:၁၅:၁၅)ရှိသောဓါတ်မြေသြဇာကိုတစ်တိုင်ရှိအပင်များအတွက် (၅၀)ဂရမ်နှုန်းလစဉ်ကျွေးပေးပါ။အနည်းလိုအာဟာရဓါတ်များကိုအညွှန့်နုများထွက်ချိန်ဖျန်းပေးပါ။စိုက်ပြီး(၃)နှစ်သားမှစ၍ဓါတ်မြေသြဇာကိုတစ်တိုင်တွင်ရှိသောအပင်များအတွက်အောက်ပါနှုန်းထားကိုတစ်လ(၂)ကြိမ်ခွဲကျွေးပါ။အသီးများသီးသည့်အကြိမ်တိုင်းနှင့်အညွှန့်နုများထွက်ချိန်အနည်းလိုအာဟာရဓါတ်များဖျန်းပါ။ 

    စဉ် လအမည် နွားချေ (၁၅:၁၅:၁၅) ပိုတက်ရှ် 

    ၁ နိုဝင်ဘာ ၁တင်း ၂၀၀ဂရမ် 

    ၂ ဒီဇင်ဘာ ၁၀၀ဂရမ် 

    ၃ ဖေဖော်ဝါရီ ၂၀၀ဂရမ် 

    ၄ ဧပြီ ၁၀၀ဂရမ် 

    ၅ မေ ၂၀၀ဂရမ် ၅၀ဂရမ် 

    ၆ ဇွန် ၁၀၀ဂရမ် 

    ၇ ဇူလိုင် ၁၀၀ဂရမ် ၅၀ဂရမ် 

     

    ပိုးမွှားရောဂါ 

    အဓိကဖျက်ပိုးမှာပုရွက်ဆိတ်ဖြစ်သည်။မိုးများသောဒေသများတွင်ခရုများဖျက်ဆီးသည်။ပင်စည်ပုပ်ရောဂါ၊အမြစ်ပုပ်ရောဂါ၊အသီးပုပ်ရောဂါများကျရောက်တတ်သည်။ 

    အသီးဆွတ်ခူးခြင်း 

    နဂါးမောက်သည်လင်းတာ(၁၂)နာရီထက်ကျော်သောကာလများတွင်သီးပွင့်သည်။အကိုင်း၏အဟိုက်များရှိဆူးများအောက်မှပန်းဖူးထွက်လေ့ရှိသည်။အဖျားပိုင်းတွင်အသီးပိုသီး သော်လည်းအရင်းပိုင်း၊အလယ်ပိုင်းများမှလည်းသီးနိုင်သည်။ပန်းဖူးစထွက်ပြီး(၁၅)ရက်ကြာလျှင်ပန်းပွင့်သည်။ပန်းပွင့်ပြီး(၃၀‒၄၅)ရက်ကြာလျှင်အသီးများရင့်မှည့်သည်။အသီးခွံများအနီရောင်စပြောင်းလျှင်ခူးဆွတ်နိုင်သည်။အနီရောင်စပြောင်းပြီး(၄)ရက်ကြာမှခူးခြင်းသည်အသီးအရည်အသွေးအကောင်းဆုံးဖြစ်သည်။ 

    အကိုင်းဖြတ်ခြင်း 

    အသီးရာသီကုန်ဆုံးသောနိုဝင်ဘာလတွင်အကိုင်းများဖြတ်ပေးရမည်။ညှပ်နေသောအကိုင်းများသက်တမ်း(၂)နှစ်ရှိသောကိုင်းများကိုဖြတ်ပေးရမည်။အကိုင်းများမဖြတ်ခင်ရေဝပ်ကျင်းပြင်ခြင်း၊အပင်အစာကျွေးခြင်းများဆောင်ရွက်ရမည်။နဂါးမောက်ပင်သည်မိုးရာသီတွင်အသီးသီးပြီးဆောင်းရာသီတွင်ပင်ပိုင်းကြီးထွားသည်။ဒီဇင်ဘာ၊ဇန်နဝါရီ၊ဖေဖော်ဝါရီလများတွင်အညွှန့်သစ်များထွက်လာပြီးမတ်၊ဧပြီလများတွင်အ ကိုင်းများရင့်လာသည်။မေ၊ဇွန်လများတွင်၎င်းအကိုင်းများမှအသီးများသီးလာပါမည်။ 

    နဂါးမောက်သီး(၁၀၀)ဂရမ်တွင်ပါဝင်သာအာဟာရဓါတ်များမှာ  

    ရေဓါတ် ၈၇ ဂရမ် 

    အသားဓါတ် ၁.၁ ဂရမ် 

    အဆီဓါတ် ၀.၄ဂရမ် 

    ကဆီဓါတ် ၁၁.၀ ဂရမ် 

    အမျှင်ဓါတ် ၀.၃ဂရမ် 

    ဘီတာမင် B1 ၀.၀၄ မီလီဂရမ် 

    ဘီတာမင် B2 ၀.၀၅ မီလီဂရမ် 

    ဘီတာမင် B3 ၀.၁၆ မီလီဂရမ် 

    ဘီတာမင် C ၂၀.၅ မီလီဂရမ် 

    ကယ်လ်ဆီယမ် ၈.၅ မီလီဂရမ် 

    သံဓါတ် ၁.၉မီလီဂရမ် 

    ဖော့စရပ် ၂၂.၅ မီလီဂရမ် 

    Source: https://www.doa.gov.mm/fes/index.php?route=cms/article&article_id=41 


  • article
likes14comments2
views215views7214