cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

လွှဲပြောင်းလက်ခံခဲ့သော လယ်ယာမြေများအား အမွေဆက်ခံခြင်းတွင်လုပ်ဆောင်ရမည့်လုပ်ငန်းစဥ်အဆင့်ဆင့်

. ငွေကြေးစီမံ
လူတိုင်းကြည့်ရှုသင့်တဲ့ အမွေဆက်ခံခြင်း video ကို You Tube မှာခုပဲ ဝင်ရောက်လေ့လာလိုက်ပါ
  • လွှဲပြောင်းလက်ခံသော လယ်ယာမြေများထဲတွင် အမွေဆက်ခံခြင်းဖြင့် လွှဲပြောင်းလက်ခံမည် ဆိုပါက

    (က) လယ်ယာမြေလုပ်ကိုင်ခွင့်ကို အမွေဆက်ခံသူသည် အမွေဆက်ခံခွင့်ရှိကြောင်း အထောက်အထား နှင့်အတူ မူလလယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပူးတွဲ၍ အမည်ပြောင်းလဲပေးရန် လျှောက်ထားခြင်း ကို(ပုံစံ-၉)ဖြင့် မြို့နယ်ဦးစီးဌာနရုံးသို့ လျှောက်ထားရမည်။

    (ခ) ဦးစီးဌာနရုံးသည် လျှောက်လွှာကို လယ်ယာမြေလုပ်ပိုင်ခွင့် လုပ်ငန်းစာတွဲဖွင့်လှစ်၍ (၁၅) ရက်အတွင်း လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲပေးရန် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသူရှိက ကန့်ကွက်နိုင်ကြောင်း ထုတ်ဆင့်သည့် ကြေငြာစာ (ပုံစံ-၂-က)ဖြင့် ကြေငြာရမည်။

    (ဂ) ကြေငြာစာ(ပုံစံ ၂-က)ကို မြို့နယ်ဦးစီးဌာနရုံးနှင့် လယ်ယာမြေတည်ရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားရမည်။

    မြို့နယ်ဦးစီးဌာနရုံးသည် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲပေးရန် အောက်ပါအချက်များ လုပ်ဆောင်ပေးရမည်။

    (က) ကန့်ကွက်ချက်တစ်စုံတစ်ရာရှိလျှင်-

    (၁) ခိုင်လုံသောအထောက်အထားဖြင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း သုံးသပ်တွေ့ရှိပါက လယ်ယာမြေ လုပ်ပိုင်ခွင့်အမည်ပြောင်း လဲပေးရန် လျှောက်ထားခြင်းကို ငြင်းပယ်နိုင်သည်။

    (၂) ခိုင်လုံသောအထောက်အထားဖြင့် ကန့်ကွက်ခြင်းမဟုတ်ကြောင်း သုံးသပ်တွေ့ရှိပါက လယ်ယာ မြေ လုပ်ပိုင်ခွင့်အမည် ပြောင်းလဲပေးရန် လျှောက်ထားခြင်းကို ခွင့်ပြုရမည်။

    (၃) ကန့်ကွက်ချက်တစ်စုံတစ်ရာမရရှိလျှင် လယ်ယာမြေလုပ်ပိုင်ခွင့်အမည်ပြောင်းလဲပေးရန် လျှောက် ထား ခြင်းကို ခွင့်ပြုရမည်။

    မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည်-

    (က) လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲခွင့်ပြုကြောင်း သို့မဟုတ် ငြင်းပယ်ကြောင်းကို မြို့နယ်ဦးစီးဌာနရုံးသို့ (၁၅)ရက်အတွင်း အကြောင်းကြားရမည်။

    (ခ) ခွင့်ပြုကြောင်း အကြောင်းကြားစာရရှိပါက ယင်းစာရရှိပြီး (၁၅)ရက်အတွင်း လျှောက်ထားသူကို မှတ်ပုံတင်ကြေးပေးသွင်းစေ၍ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူများ မှတ်ပုံတင်စာရင်း(ပုံစံ-၅) တွင် မှတ် တမ်းတင်ပြီး (၇)ရက်အတွင်း မြို့နယ်လယ်/စီအဖွဲ့သို့ တင်ပြရမည်။

    (ဂ) ငြင်းပယ်ကြောင်း အကြောင်းကြားစာရရှိပါက လျှောက်ထားချက်ကို ငြင်းပယ်ခံရသူများ မှတ်ပုံတင် စာရင်း(ပုံစံ-၆)တွင် မှတ်တမ်းတင်ပြီး (၇)ရက်အတွင်း လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရမည်။

    (ဃ) တင်ပြချက်ကို လက်ခံရရှိသည့်အခါ လျှောက်ထားသူအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ-၇ ထုတ်ပေးရမည်။

    (င) တင်ပြချက်ကို လက်ခံရရှိသည့်အခါ လျှောက်ထားသူထံ လယ်ယာမြေလုပ်ပိုင်ခွင့် ငြင်းပယ်ကြောင်း အကြောင်းကြားစာ (ပုံစံ-၈)ဖြင့် အကြောင်းကြားရမည်။

    ဒါကတော့ လွှဲပြောင်းလက်ခံသော လယ်ယာမြေများနှင့် ပတ်သက်၍ တောင်သူများအနေဖြင့် လယ်ယာမြေများကို လွှဲပြောင်းလျှင်ဖြစ်စေ၊ လက်ခံလျှင်ဖြစ်စေ လုပ်ဆောင်ရမည်လုပ်ထုံးလုပ်နည်း တဆင့်ဆင့်ကို သိရှိနားလည်စေရန် ရည်ရွယ်ချက်ဖြင့် ဖော်ပြတင်ဆက်ပေးခြင်းဖြစ်ပါတယ်

    မူရင်း GRO

    https://youtu.be/sQOgriRhuaM?si=W8SNfCpK_kyo7MOG



likes11comments0
views131views6154