cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

လယ်ယာမြေလုပ်ပိုင်ခွင့်အငြင်းပွါးမှုဖြေရှင်းခြင်းနှင့် အယူခံခြင်း။

. ငွေကြေးစီမံ
တောင်သူတိုင်း သတိထားလေ့လာသင့်တဲ့ လယ်ယာမြေအငြင်းပွားမှု ပြသာနာကို You Tube မှာ ဝင်ရောက်ပြီး လေ့လာကြည့်ရှုရအောင်
  • မြေလုပ်ပိုင် ခွင့်ပုံစံ(၇)ကို ဉပဒေသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက မည်သူမဆိုအပြိုင်လျှောက်ထားခွင့်ရှိသည်။ သို့သော်လည်း လယ်ယာမြေလုပ်ပိုင်ခွင့်အငြင်းပွါးမှုဆိုသည်မှာ (ဉပမာအားဖြင့်တင်ပြရလျှင် လယ်ယာ မြေလုပ်ပိုင်ခွင့်ပုံစံ(၇)အား မိမိမှရထိုက်ခွင့်ရှိသော်လည်း အကြောင်းကြောင်းအမျိုးမျိုးကြောင့် အခြားသူမှ လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇)ရရှိသွားပါက ဤလယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွါးမှု ဖြေရှင်းခြင်းနှင့် အ ယူခံခြင်းတို့ဖြင့် မိမိတို့၏လယ်ယာမြေလုပ်ပိုင်ပုံစံ(၇)ရရှိအောင် ပြန်လည်ရရှိအောင် ကြိုးပမ်းနိုင်သည်။)

    လယ်ယာမြေလုပ်ပိုင် ခွင့်ပုံစံ(၇)ရရှိထားခြင်းနှင့်ပတ်သက်ပြီး တစ်ဦးနှင့်တစ်ဦး အငြင်းပွါးမှုပေါ်ပေါက်လာ ပါက ရပ်ကွက် (သို့မဟုတ်) ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ သွားရောက်ပြီး မူလမှုခင်းစတင် ဖွင့်လှစ်ရမည်။ ထိုသို့ မူလမှုခင်းစတင်ဖွင့်လှစ်ပြီးသည်အခါ ရပ်ကွက် (သို့မဟုတ်) ကျေးရွာလယ်ယာမြေစီ မံခန့်ခွဲမှုအဖွဲ့သည် စတင်အမှုဖွင့်လှစ်သည့်နေ့မှစ၍ (၁၅)ရက်အတွင်း စုံစမ်းစစ်ဆေးခြင်းနှင့် အမိန့်ချမှတ် ခြင်းကို ပြုလုပ်ရမည်။ အကယ်၍ ရပ်ကွက် (သို့မဟုတ်) ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ချမှတ်ခဲ့ သည့် အမိန့်အား ကျေနပ်မှုမရှိပါက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ အမိန့်ချမှတ်ခဲ့သည့်နေ့မှစ၍ ရက်ပေါင်း(၃၀)အတွင်း အယူခံဝင်ရောက်နိုင်သည်။

    မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် အယူခံလွှာ ကိုလက်ခံရရှိသည့်နေ့မှစ၍ ရက်ပေါင်း(၃၀)အတွင်း ရပ်ကွက်(သို့မဟုတ်) ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏ အမိန့်အား အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း (သို့မဟုတ်) ပယ်ဖျက်ခြင်းပြုရမည်။

    မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့၏ အမိန့်အား ထပ်မံကျေနပ်မှုမရှိပါက ယင်းအမိန့်ချမှတ်သည့်နေ့မှစ၍ ရက်ပေါင်း (၃၀)အတွင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့သို့ အယူခံဝင်နိုင်သည်။ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သည် အယူခံလွှာလက်ခံရရှိသည့်နေ့မှစ၍ ရက်ပေါင်း(၃၀)အတွင်း စိစစ်ပြီး မြို့နယ်လယ်ယာမြေစီ မံခန့်ခွဲမှု အဖွဲ့၏ အမိန့်အား အတည်ပြုခြင်း၊ ပြင်ခြင်းခြင်း၊ ပယ်ဖျက်ခြင်းတို့ပြုရမည်။ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏အမိန့်အား ကျေနပ်မှုမရှိပါက ရက်ပေါင်း(၆၀)အတွင်း တိုင်း/ပြည်နယ်လယ်ယာမြေစီ မံခန့်ခွဲမှုအဖွဲ့သို့အယူခံထပ်မံဝင်ရောက်နိုင်သည်။ တိုင်း/ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့သည် ရက် ပေါင်း (၆၀)အတွင်း ခရိုင်လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့၏ အမိန့်အား အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း (သို့မဟုတ်) ပြင်ဆင်ခြင်းပြုနိုင်သည်။

    တိုင်း/ပြည်နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်။ လယ်ယာမြေလုပ်ပိုင်ခွင့်အငြင်းပွါးမှုနှင့်ပတ်သက်ပြီး အယူခံဝင်ရောက်ပါက အမိန့်မိတ္တူများ၊ အားကိုးအားထားပြု သည့် သက်သေခံအထောက်အထားများပါရှိရမည်။ လယ်ယာမြေ လုပ်ပိုင်ခွင့် အငြင်းပွါးမှုများကို တရားရုံးများတွင် ဖြေရှင်းခွင့်မရှိပါ။ ယခုရှင်းလင်းပြောကြားသော အကြောင်းအရာများကို လယ်ယာမြေပုံစံ(၇)ရရှိပြီးမှသာ လယ်ယာမြေလုပ်ပိုင်ခွင့်အငြင်းပွါးခြင်းဖြေရှင်း ခြင်းနှင့်အယူခံခြင်းတို့ကို ပြုနိုင်သည်။

    မူရင်း - GRO

    https://youtu.be/DdcAu_YJpns?si=mfvqq1tCBKgb-SS_


likes15comments0
views100views6119