cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြစ်ကြောင်း ၄ ခုတွင် ငါးသလောက် ဖမ်းဆီးခွင့်မပြု

. ငါးမွေးမြူရေးသတင်း
ငါးသလောက် အတက်ဆုံးဖြစ်တဲ့ တိုးမြစ်ကြောင်း၊ ဘိုကလေးမြစ်ကြောင်း၊ ပြန်မလော့မြစ်ကြောင်းနဲ့ ရွေးမြစ်ကြောင်း စတဲ့ မြစ်ကြောင်း ၄ ကြောင်းကို ငါးသလောက်ထိန်းဧရိယာအဖြစ်သတ်မှတ်
  • ဧရာဝတီတိုင်းဒေသကြီးက တားမြစ်ထားတဲ့ မြစ်ကြောင်း ၄ ခုမှာ စက်တင်ဘာ ၁၅ ရက်ကနေ အောက်တိုဘာ ၁၅ ရက်အထိ ငါးသလောက်ဖမ်းဆီးခြင်းမပြုဖို့ အသိပေးထုတ်ပြန်ထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနကနေ သိရပါတယ်။

    ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ မြစ်ပေါက်ကြီး ၉ ခုရှိပြီး မြစ်ပေါက် ၅ ခုကို တားမြစ်ခြင်းမပြုပဲ ငါးသလောက် အတက်ဆုံးဖြစ်တဲ့ တိုးမြစ်ကြောင်း၊ ဘိုကလေးမြစ်ကြောင်း၊ ပြန်မလော့မြစ်ကြောင်းနဲ့ ရွေးမြစ်ကြောင်း စတဲ့ မြစ်ကြောင်း ၄ ကြောင်းကို ငါးသလောက်ထိန်းဧရိယာအဖြစ်သတ်မှတ်ပြီး ငါးသလောက်ဖမ်းဆီးခြင်းမပြုဖို့ တားမြစ်ထားတယ်လို့ ဆိုပါတယ်။ 

    ဒါ့အပြင် ပေါက်ဖွားလာတဲ့ ငါးသလောက်တွေ ဆက်လက်ရှင်သန်ကြီးထွားဖို့နဲ့ သေကြေပျက်စီးမှုမရှိစေဖို့ ထိန်းသိမ်းရေးဧရိယာ ၁၁ ခုသတ်မှတ်ထားတယ်လို့လည်း ဆိုပါတယ်။ သတ်မှတ်ချက်တွေကို ဖောက်ဖျက်ရင် သက်ဆိုင်ရာဥပဒေအရ အရေးယူဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

    One News Myanmar မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes13comments0
views107views4265