ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါးမွေးတောင်သူဦးကြီးတို့အတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
ဟင်္သာတမြို့နယ်
ဟင်္သာတမြို့နယ်မှာ စက်တင်ဘာ၂၈ရက်နေ့မှ အောက်တိုဘာ ၂ ရက်နေ့အထိ ၉၀ရာခိုင်နှုန်း
မိုးရွာသွန်းနိုင်ပြီး အောက်တိုဘာ ၃၊ ၄ရက်နေ့တို့မှာ ၇၀ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပါတယ်။
ဇလွန်မြို့နယ်
ဇလွန်မြို့နယ်တွင် စက်တင်ဘာ ၂၈၊ ၂၉ရက်နေ့တွေမှာ ၇၅ ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပြီး စက်တင်ဘာ ၃၀ရက်နေ့မှ အောက်တိုဘာ ၄ရက်အတွင်းမှာတော့ ၉၀ ရာခိုင်နှုန်းထိ မိုးရွာသွန်းနိုင်ပါတယ်။
လပွတ္တာမြို့နယ်
လပွတ္တာမြို့နယ်တွင် အောက်တိုဘာ ၁ရက် ၊ ၂ရက်နေ့တွေမှာ ရာနှုန်းပြည့်နီးပါး မိုးရွာသွန်းနိုင်ပါတယ်။ စက်တင်ဘာ ၂၈၊၂၉၊၃၀ ရက်တွေမှာ ၉၀ရာခိုင်နှုန်းခန့် မိုးရွာသွန်းနိုင်ပြီး အောက်တိုဘာ ၄ ရက်နေ့မှာတာ့ မိုးရွာနှုန်း ၅၅ရာခိုင်နှုန်းထိ ကျဆင်းသွားမှာဖြစ်ပါတယ်။
ဓနုဖြူမြို့နယ်
ဓနုဖြူမြို့နယ်တွင် စက်တင်ဘာ ၂၉၊ ၃၀ နှင့် အောက်တိုဘာ ၁၊ ၃၊ ၄ ရက်နေ့တွေမှာ မိုးရွာနှုန်း ၉၀ ရာခိုင်နှုန်းထိ ရှိနိုင်ပြီး စက်တင်ဘာ၂၈ရက်နဲ့ အောက်တို ၂ရက် နေ့တွေမှာ မိုးရွာနှုန်း ၆၀ ရာခိုင်နှုန်း ဝန်းကျင်ခန့်သာရှိပါတယ်။
မအူပင်မြို့နယ်
မအူပင်မြို့နယ်တွင် စက်တင်ဘာ၂၈ရက်နှင့် အောက်တိုဘာ ၃ရက်နေ့တွေမှာ ၆၀နှုန်းသာ မိုးရွာသွန်းနိုင်ပြီး စက်တင်ဘာ၂၉၊ ၃၀ နဲ့ အောက်တိုဘာ ၁၊ ၂၊ ၄ ရက်နေ့တွေမှာ ၉၀ရာခိုင်နှုန်းထိ မိုးရွာသွန်းနိုင်ပါတယ်။
ညောင်တုန်းမြို့နယ်
ညောင်တုန်းမြို့နယ်တွင် စက်တင်ဘာ၂၈ရက်၊ အောက်တိုဘာ ၄ ရက်နေ့တွေမှာ ၆၀ ရာနှုန်းခန့်သာ မိုးရာသွန်းနိုင်ပြီး စက်တင်ဘာ၂၉၊ ၃၀ နှင့် အောက်တိုဘာ ၁၊ ၂၊ ၃ ရက်နေ့တွေမှာ ၉၀ရာခိုင်နှုန်းထိ မိုးရွာသွန်းနိုင်ပါတယ်။
ပန်းတနော်မြို့နယ်
ပန်းတနော် မြို့နယ်တွင် စက်တင်ဘာ၂၈ရက်၊ အောက်တိုဘာ၂ရက်နေ့တွေမှာ ၆၀ရာခိုင် နှုန်းဝန်းကျင်သာ မိုးရွာသွန်းနိုင်ပြီး စက်တင်ဘာ၂၉၊ ၃၀ နှင့် အောက်တိုဘာ ၁၊ ၃၊ ၄ ရက်နေ့တွေမှာ ၉၀ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပါတယ်။
မြောင်းမြမြို့နယ်
မြောင်းမြမြို့နယ်တွင် စက်တင်ဘာ၂၉၊ အောက်တိုဘာ ၁၊ ၄ ရက်နေ့တွေမှာ ရာနှုန်းပြည့်နီးပါး မိုးရွာသွန်းနိုင်ပါတယ်။ စက်တင်ဘာ ၂၈နဲ့အောက်တိုဘာ ၂ရက်နေ့တွေမှာ ၉၀ရာနှုန်းဝန်းကျင် မိုးရွာသွန်းနိုင်ပြီး စက်တင်ဘာ ၃၀၊ အောက်တိုဘာ ၃ ရက်နေ့မှာတော့ မိုးရွာရန်ရွာနှုန်း ၇၀ ဝန်းကျင်သာရှိပါတယ်။
ဝါးခယ်မမြို့နယ်
ဝါးခယ်မမြို့နယ်မှာတော့ စက်တင်ဘာ၂၈၊ အောက်တိုဘာ၂ရက်တွေမှာ ၆၀ရာခိုင်နှုန်းခန့်သာ မိုးရွာနိုင်ချေရှိပြီး စက်တင်ဘာ၂၉၊ ၃၀နှင့် အောက်တိုဘာ ၁၊ ၃၊ ၄ ရက်နေ့တွေမှာ ၉၀ရာခိုင်နှုန်းထိ မိုးရွာသွန်းနိုင်ပါတယ်။
ကျုံပျော်မြို့နယ်
ကျုံပျော်မြို့နယ်မှာတော့ စက်တင်ဘာ ၃၀ရက်နေ့မှာ ရာနှုန်းပြည့်နီးပါး မိုးရွာသွန်းနိုင်ပြီး စက်တင်ဘာ၂၈၊၂၉ နှင့် အောက်တိုဘာ ၁၊၂၊ ၃၊ ၄ ရက်နေ့တွေမှာတော့ ၉၀ရာခိုင်နှုန်းထိ မိုးရွာသွန်းနိုင်ပါတယ်။
ပုသိမ်မြို့နယ်
ပုသိမ်မြို့နယ်မှာတော့ စက်တင်ဘာ ၂၈၊ ၃၀ နှင့် အောက်တိုဘာ ၁ ရက် နေ့တွေမှာ ရာနှုန်းပြည့်နီးပါး မိုးရွာသွန်းနိုင်ပါတယ်။ စက်တင်ဘာ၂၉ နှင့် အောက်တိုဘာ ၂ ရက်နေ့တွေမှာ ၉၀ရာခိုင်နှုန်းခန့် မိုးရွာသွန်းနိုင်ပြီး အောက်တိုဘာ ၃ရက် နဲ့ ၄ရက်နေ့တွေမှာတော့ ၇၀ရာခိုင်နှုန်းဝန်းကျင်သာ မိုးရွာနိုင်ချေရှိပါတယ်။
ကျိုက်လတ် နှင့် ဖျာပုံ မြို့နယ်
ကျိုက်လတ် နှင့် ဖျာပုံ မြို့နယ်တို့မှာတော့ စက်တင်ဘာ၂၈၊၂၉၊ ၃၀ နှင့် အောက်တိုဘာ ၁၊ ၂ ရက်နေ့တွေမှာ ၉၀ ရာခိုင်နှုန်းထိ မိုးရွာသွန်းနိုင်ပြီး အောက်တိုဘာ ၃၊ ၄ ရက်နေ့တွေမှာ ၇၀ ရာခိုင်နှုန်းထိ မိုးရွာသွန်းနိုင်ပါတယ်။
ငါးမွေးမြူရေးဆိုင်ရာ အကြံပြုချက်
ယခုလို မိုးသည်းထန်စွာ ရွာသွန်းချိန်မှာ ပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲမှုကြောင့် ငါးများ အစာစားနှုန်း ကျတတ်ပါသည်။ အစာများ စျေးကြီးနေချိန် အလေအလွှင့် မဖြစ်စေဖို့ ၃၀ ရာခိုင်နှုန်းခန့် လျော့ကျွေးပေးသင့်ပါသည်။ ဗီတာမင်စီ၊ သတ္တုဓာတ်တို့ ထည့်သွင်းကျွေးခြင်းဖြင့် ငါး၊ပုစွန်များ ခံနိုင်ရည်ရှိမှုကို ကောင်းစေပါတယ်။ ကန်များမှာ ရေကြီးရေလျှံဖြစ်နိုင်ပါသဖြင့် ကန်ဘောင်မှ ၆ လက်မအောက်အကွာတွင် ရေထုတ်ပြွန်များ တပ်ပေးသင့်ပါသည်။ အပြင်ဘက်မှလည်း ကန်အတွင်း ရေဝင်လာနိုင်သောကြောင့် ကန်ဘောင်အပေါ်မှ သဲအိတ်များ စီထားသင့်ပါသည်။
Weather Source: CIAT


