နှံစုပ်ဂျပိုး..နှံစုပ်ဂျပိုးကြောင့်ပေါ့...... 🥲🥲
. ပိုးမွှား
ဒင်းကြောင့် ကျွန်တော့်စပါးခင်းကြီး ပါးစပ်ဝရောက်ခါနီးမှ ဆုံးရှုံးလိုက်ရတယ်ဗျာ.... 🙄🙄👇
ကျရောက်သည့် လက္ခဏာ
- စပါးနှံပေါ်တွင် အမဲစက်များတွေ့ရခြင်း
- သန္ဓေမတည်သော စပါးခွံများ တွေ့ရခြင်း
- စပါးနှံများ ဖြူပြီး ထောင်မတ်နေခြင်း
- အခင်းအတွင်း ဂျပိုးများများ ကျရောက်ပါက ဂျပိုးနံ့ထွက်ခြင်း
- စပါးစေ့များ အရောင်ပြယ်ပြီး ရှုံ့တွခြင်း၊ အဖျင်းအမှော်များခြင်း
ကာကွယ်နှိမ်နင်းရန်
- စပါးပင်များ နို့ရည်မတည်ခင်အချိန်ကစပြီး အခင်းကို အမြဲကင်းထောက်ပါ။
- ဘဝစက်ဝန်းဖြတ်တောက်ရန် သက်တမ်းမတူသည့် မျိုးများ စိုက်ခြင်းကို ရှောင်ကျဉ်ပါ။
- ခံနိုင်ရည်ရှိသော မျိုးများကို အသုံးပြုပါ။ (အမွှေးအမျှင်များသော၊ အစေ့အဆံကြမ်းသော မျိုးများ)
- ရင့်မှည့်ချိန် နောက်ကျသော မျိုးများကို အသုံးပြုပါ။
- စပါးခင်းဝန်းကျင်ရှိ ပေါင်းပင်များမှာ ခိုအောင်းနေထိုင်နိုင်သဖြင့် ပေါင်းမြက်များကို ရှင်းလင်းပါ။
- လက်ဖြင့် အဥများကို ကောက်ဖယ်ခြင်း၊ ပိုက်ကွန်ဖြင့် အကောင်ကြီးများကို ဖမ်းခြင်းဖြင့် ကျရောက်မှုများကို လျော့ချနိုင်ပါသည်။
- ခရုသေ၊ ကြွက်သေကဲ့သို့ အနံ့ပြင်းသော ပစ္စည်းတို့နှင့်လည်း စိုက်ခင်းထဲမှ ဂျပိုးများကို ဆွဲဆောင်ပြီး အလွယ်တကူ ဖမ်းယူနိုင်ပါသည်။
- လမ်ဘရာဆိုင်ဟေလိုသရင်၊ ပရိုဖီနိုဖော့ ဆေးအဆိပ်ကို အသုံးပြုနိုင်ပါတယ်။
ရေးသားသူ
နွယ်အေး
160
6820