cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သိုလှောင်ချိန်အတွင်း ရောဂါပြဿနာရှိ အာလူးများကို ထိန်းချုပ်ခြင်း

. ရိတ်သိမ်းချိန်လွန် နည်းပညာ
-အာလူးတွင် ကပ်ညိနေသော မြေကြီးများကို ဖြစ်နိုင်သမျှ သေချာစွာ ခွာချပါ။

-အာလူး သိုလှောင်ခန်းအတွင်းသို့ ရောက်သည်နှင့် လေဝင်လေထွက် ကောင်းမွန် စေရန် စတင်လုပ်ဆောင်ပါ။
  • ရောဂါပြဿနာရှိအာလူးများ သိုလှောင်ခန်းတွင် တွေ့ရှိပါက

    -ရောဂါကျရောက်စ အာလူးဆိုသည်မှာ လောင်မဲကျရောက်ထားပြီး မပုပ် သေးသော အာလူးများကို ဆိုလိုခြင်း ဖြစ်ပါသည်။

    -လောင်မဲရောဂါကျရောက်စအာလူး များမှ တစ်ဆင့် သိုလှောင်ချိန်တွင် အာလူးပျော့ပုပ်ရောဂါများဖြစ်စေခြင်း ဖြစ်သည်။

    -အာလူးတွင် ကပ်ညိနေသော မြေကြီးများကို ဖြစ်နိုင်သမျှ သေချာစွာ ခွာချပါ။

    -အာလူး သိုလှောင်ခန်းအတွင်းသို့ ရောက်သည်နှင့် လေဝင်လေထွက် ကောင်းမွန် စေရန် စတင်လုပ်ဆောင်ပါ။

    -ထို့နောက် နေ့ရောညပါ အခြောက်ခံပါ။ အာလူးပုံကို ပုံမှန်စစ်ဆေးပြီး အခြောက် ခံမှု ဖြစ်စဉ်ကို လေ့လာစောင့်ကြည့်ပါ။

    -ကောင်းစွာခြောက်သွေ့ပြီးလျှင် အခြောက်ခံတာရပ်တန့်ပြီး အာလူးများကို ပုံမှန်စစ်ဆေးမှုများပြုလုပ်ပါ

    အာလူးပျော့ပုပ်ဖြစ်ခြင်း {အမြန်အခြောက်ခံ၍ ခြောက်သွေ့မှုကို ဆက်လက် ထိန်းထားပါ။)

    ပုပ်နေသောအာလူးမှ စိမ့်ထွက်လာသော အရည်မှတစ်ဆင့် အခြား အာလူး များသို့ မြန်ဆန်စွာ ရောဂါ ကူးစက်စေသည့်အတွက် ခြောက်သွေ့မှုကို ဆက်လက် ထိန်းထားရန် မရှိမဖြစ်လိုအပ်သည်။

    ပုပ်နေသောအာလူးများကို ခြောက်သွေ့ရန်အတွက် သီတင်းပတ်များစွာ ကြာနိုင်ပါသည်။

    အအေးခန်းသိုလှောင်ရုံတွင် အပူချိန်ကို ၃-၄ ဒီဂရီစင်တီဂရိတ်သို့ အမြန် လျှော့ချခြင်း သည် အာလူးပုပ်ရောဂါပျံ့နှံ့မှုကို ရပ်တန့်ပေးစေပါသည်။ အထူးသဖြင့် ပထမဆုံးသတင်းပတ်များတွင် လေဝင်လေထွက် အဆက်မပြတ် လုပ်ဆောင်ရန် လိုအပ်သည်။

    ထိခိုက်ပျက်စီးပြီး ရောဂါကျနေသော အာလူးများ ခြောက်သွေ့သွားပါက နှစ်နာရီခန့် လေဝင်လေထွက် ပြုလုပ်၍ နှစ်နာရီခန့် ပြန်နားနိုင်ပါသည်။

    အထက်ပါနည်းလမ်းအတိုင်းဆောင်ရွက်ခြင်းအားဖြင့် အလေးချိန် ဆုံးရှုံးမှု အားထိန်းချုပ်နိုင်ပါသည်။

    အာလူးစိုက်ပျိုးထုတ်လုပ်ရာတွင် မှတ်တမ်းပြုစုထိန်းသိမ်းခြင်း

    မှတ်တမ်းပြုစုခြင်းဆိုသည်မှာ အဘယ်နည်း။ ဘာကြောင့်လိုအပ်တာလဲ။ ဆောင်ရွက်ပြီးသော (သို့မဟုတ်) ဆောင်ရွက်နေသော လုပ်ငန်းတစ်ခုအား ထင်ရှားစေရန်နှင့် သိရှိနိုင်ရန် ထိန်းသိမ်းမှတ်သားထားသော အရာဖြစ်သည်။ ကောင်းမွန်သော မှတ်တမ်းပြုစုခြင်း စနစ်ထားရှိသော တောင်သူများသည် မိမိတို့၏ စိုက်ခင်းစီမံခန့်ခွဲမှု အောင်မြင်စေရန် နှင့် ထိုမှတ်တမ်းများမှတဆင့် မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် အကူအညီပေးပါသည်။ မှတ်တမ်းကောင်းများထားရှိခြင်းအားဖြင့် အောက်ဖော်ပြပါ အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါသည်။

    -အချိန်သတ်မှတ်ချက် တစ်ခုအတွင်း မိမိစိုက်ခင်း၏ စွမ်းဆောင်ရည်အား လေ့လာ အကဲဖြတ်နိုင်ခြင်း။

    -စိုက်ခင်းအတွက် အသုံးပြုလိုက်သော ငွေနှင့် စိုက်ခင်းမှ ပြန်လည် ရရှိသည့် ငွေပမာဏ အား သိရှိနိုင်ခြင်း။

    -အရှုံးအမြတ်များအား တွက်ချက်နိုင်ခြင်း။

    -စိုက်ခင်းမှ ရရှိသော ငွေကြေးအခြေအနေပေါ်မူတည်၍ ပစ္စည်းများ ဝယ်ယူသင့်၊မသင့် ဆုံးဖြတ်နိုင်ခြင်း။

    -မှတ်သားထားသော အချက်အလက်များအား အခြေခံ၍ တစ်နှစ်အတွင်း အမှန် တကယ် ကိုက်ညီမှုရှိ၊ မရှိ နှိုင်းယှဉ်နိုင်ခြင်း။

    စိုက်ခင်းတစ်ခုတွင် အောက်ဖော်ပြပါ နမူနာမှတ်တမ်းများ ထားရှိရန် လိုအပ်ပါသည်။

    ၁။ငွေကြေးအသုံးပြုမှုဆိုင်ရာ စာရင်းချုပ်နမူနာပုံစံ

    ၂။မြေဩဇာထည့်သွင်းအသုံးပြုမှုဆိုင်ရာ မှတ်တမ်းနမူနာပုံစံ

    ၃။လုပ်အားခ ကုန်ကျစရိတ်ဆိုင်ရာ မှတ်တမ်းနမူနာပုံစံ

    ၄။ပိုးသတ်ဆေး/မှိုသတ်ဆေး အသုံးပြုမှုဆိုင်ရာမှတ်တမ်းနမူနာပုံစံ

    ၅။ရိတ်သိမ်းမှုဆိုင်ရာ မှတ်တမ်းနမူနာပုံစံ

    Fresh Studio Myanmar/EAT VEG မှ ကူးယူဖော်ပြပါသည်။

    -------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
  • article
  • article
  • article
likes8comments0
views186views7121