cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အပင်ရောဂါတွေကို ကာကွယ်ပေးနိုင်မယ့် "ဖယ်ရိုမုန်း"

. အာဟာရချို့တဲ့မှုလက္ခဏာများ
အက်စကာရိုဆိုဒ်များဟာ ပိုးသတ်ဆေးများ မဟုတ်ကြတဲ့အတွက် အပင်များမှာ ကျရောက်လာတဲ့ ရောဂါများကို သေစေခြင်းထက်ကျရောက်လာတဲ့ ရောဂါများကို ခံနိုင်ရည်ရှိစေနိုင်တဲ့ စွမ်းရည်ကို တိုးမြှင့်ပေးလိုက်တာ ဖြစ်ပါတယ်။ သို့အတွက် လက်ရှိကျင့်သုံးနေကြတဲ့ ပိုးသတ်ဆေးများ ပက်ဖျန်းကာကွယ်ပေးခြင်းထက် ပတ်ဝန်းကျင်နဲ့အတူ စားသုံးသူများအတွက်ပါ လုံခြုံစိတ်ချစေပါတယ်။
  • သီးနှံများမှာ ကျရောက်ဖျက်ဆီးကြတဲ့ ပိုးနဲ့ရောဂါများကို ကာကွယ်နှိမ်နင်းကြရာမှာ ပိုးသတ်ဆေးများကို အများအားဖြင့် အဓိကအားကိုး အသုံးပြုကြပါတယ်။ သို့သော်ပိုးသတ်ဆေးများကို သုံးစွဲခြင်းဖြင့် စားသုံးသူများရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်သကဲ့

    သို့ ပတ်ဝန်းကျင်ညစ်ညမ်းမှုများနဲ့ ပတ်ဝန်းကျင် ဂေဟစနစ်များကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

    ယခုအခါ ရာသီဥတုပြောင်းလဲလာနေမှုနဲ့အတူ ပတ်ဝန်းကျင် ညစ်ညမ်းမှုများ၊ ဂေဟစနစ်ပျက်စီးမှုများကို ကာကွယ်ထိန်းသိမ်းကြဖို့နဲ့ စားသုံးသူများရဲ့ ကျန်းမာရေးကို ထိခိုက်မှုနည်းစေနိုင်ဖို့ သမားရိုးကျ စိုက်ပျိုးနည်းများထက် အော်ဂဲနစ်စနစ် စိုက်ပျိုးရေးအပါအဝင် သဘာဝ

    အခြေအနေများနဲ့ ရင်းမြစ်များအပေါ် အဓိက အားထားအသုံးပြု စိုက်ပျိုးထုတ်လုပ်တဲ့ နည်းစနစ်များကို အသုံးပြုကြဖို့ အားပေးဆောင်ရွက်လာနေကြတာကို တွေ့ရပါတယ်။

    ထိုနည်းလမ်းများအနက် အပင်တွေမှာ ကျရောက်ဖျက်ဆီးကြတဲ့ ပိုးနဲ့ ရောဂါများကို သဘာဝထွက်ကုန်ပစ္စည်းများကို အခြေခံထုတ်လုပ်တဲ့ ဆေးများ အသုံးပြုနှိမ်နင်းခြင်း၊ ဘက်စုံပိုးနဲ့ ရောဂါကာကွယ်နည်းများကို အသုံးပြုခြင်း၊ ပိုးနဲ့ ရောဂါဒဏ်ခံနိုင်ရည်ရှိတဲ့ သီးနှံမျိုးများ မွေးမြူထုတ်လုပ် အသုံးချခြင်း စသည်တို့ ပါဝင်ပါတယ်။

    သီးနှံပင်တွေမှာ အင်းဆက်ပိုးများ ကျရောက်ဖျက်ဆီးမှု သက်သာစေဖို့နဲ့ ပိုးသတ်ဆေးသုံးစွဲမှု လျော့နည်းသက်သာစေနိုင်ဖို့ မိတ်ဆွေပိုးများ မွေးမြူလွှတ်ပေးခြင်း၊ မီးရောင် ထောင်ချောက် ထွန်းပေးခြင်းတို့နဲ့အတူ အင်းဆက်ပိုးများကို အပင်များမှ ထုတ်လွှတ်ပေးတဲ့ဓာတ်ပစ္စည်းများနဲ့ ဆွဲဆောင်ဖမ်းဆီးခြင်း စတဲ့လုပ်ငန်းများလည်း ပါဝင်ပါတယ်။

    အပင်များမှ အငွေ့ပြန်နိုင်တဲ့ ဓာတ်ပေါင်းများကို ထုတ်လွှတ်ကာ ဝတ်မှုန်ကူးစေနိုင်ဖို့ အင်းဆက်ပိုးများကို ဆွဲဆောင်ခြင်း သို့မဟုတ် ပိုးနဲ့ တခြားသက်ရှိများရဲ့ ဖျက်ဆီးမှုဘေးရန်မှ ကာကွယ်ပေးစေခြင်း၊ အနီးပတ်ဝန်းကျင်မှာ တခြားအပင်များ မရှိစေဖို့ဟန့်တားပေးခြင်း စတဲ့ သဘာဝဖြစ်စဉ်များကို တွေ့နိုင်ပါတယ်။ ယခု ဖော်ပြမယ့်နည်းမှာ မကြာသေးမီက တွေ့ရှိခဲ့တဲ့ တီပိုးကထုတ်လွှတ်ပေးတဲ့ ”ဖယ်ရိုမုန်း”ခေါ် ဓာတ်ပေါင်းနဲ့ ရောဂါများကို ကာကွယ်ပေးနိုင်မယ့် နည်းသစ်ဖြစ်ပါတယ်။

    ဖယ်ရိုမုန်းဆိုတာသက်ရှိ သတ္တဝါများက ပြင်ပပတ်ဝန်းကျင်ထဲကို ထုတ်လွှတ်ပေးလိုက်တဲ့ အငွေ့ပြန်နိုင်တဲ့ ဓာတုပစ္စည်းများဖြစ်ကြပါတယ်။သက်ရှိများဟာ ထုတ်လွှတ်လိုက်တဲ့ ဓာတုပစ္စည်းရနံ့ကို ခံစားမိကာ အချင်းချင်း သိရှိကြပြီး ဆက်သွယ်မှုပြုနိုင်ကြပါတယ်။ ဓာတု

    ပစ္စည်းများကို အနီးပတ်ဝန်းကျင်ထဲ ထုတ်လွှတ်ပေးကာ အချင်းချင်း ဆက်သွယ်ပေးမှုများကို အပင်လောကနဲ့ သတ္တလောကနှစ်ခုလုံးမှာပါ တွေ့နိုင်ပါတယ်။

    သက်ရှိများအချင်းချင်း ဆက်သွယ်နိုင်ဖို့ ထုတ်လွှတ်ပေးတဲ့ ဓာတုပစ္စည်းများကို “ဖယ်ရိုမုန်း”လို့ ခေါ်ကြတာဖြစ်ပါတယ်။ ဖယ်ရိုမုန်းနဲ့ ဟော်မုန်းများရဲ့ ကွာခြားချက်မှာ ဖယ်ရိုမုန်းဟာ သက်ရှိများရဲ့ ခန္ဓာကိုယ်အပြင်ဘက်ကို ထုတ်လွှတ်ပေးတာဖြစ်ပြီး ဟော်မုန်းများမှာမူ ခန္ဓာကိုယ် အတွင်းမှာသာ ထုတ်လွှတ်ပေးတာ ဖြစ်ပါတယ်။

    ဘုံမြင့်သတ္တဝါတွေမှာ အချင်းချင်း ဆက်သွယ်နိုင်တဲ့ နည်းလမ်းများစွာ ရှိကြသော်လည်း ဖယ်ရိုမုန်းနဲ့ ဆက်သွယ်မှုကို သတ္တလောက ရဲ့ ၅၂ ရာခိုင်နှုန်းရှိနေတဲ့ အင်းဆက် ပိုးကောင်များအုပ်စုမှာ အများဆုံးတွေ့ရပါတယ်။ ဘုံမြင့်သတ္တဝါတွေလို မဟုတ်ဘဲမျိုးစိတ်တစ်ခုအတွင်းရှိ အင်းဆက်ပိုးကောင်များမှာ မိတ်လိုက်ဖို့အတွက်လည်း လိင်နဲ့ ဆိုင်တဲ့ ဖယ်ရိုမုန်းနဲ့ ဆက်သွယ်ကြတာကိုတွေ့ရပါတယ်။

    လိင်နဲ့ဆိုင်တဲ့ ဖယ်ရိုမုန်းထုတ်လွှတ်မှုကို ပိုးချည်ထုတ်လုပ်ပေးတဲ့ ပိုးကောင်များမှာ ၁၉၅၉ ခုနှစ်က စတင်တွေ့ရှိရပါတယ်။ ယခုအခါ ကုလသမဂ္ဂ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာ့စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့များကလည်း ပတ်ဝန်းကျင်ညစ်ညမ်းမှု နည်းစေဖို့နဲ့ စားသုံးသူများရဲ့ ကျန်းမာရေးအတွက် ပိုးသတ်ဆေးများ သုံးစွဲမှုကို လျှော့ချပေးနိုင်ဖို့၊ ဘက်စုံပိုးကာကွယ်ရေးကို အသုံးပြုကြဖို့ တိုက်တွန်းအားပေးနေကြပါတယ်။

    ထိုနည်းစနစ်များထဲမှာ ဖယ်ရိုမုန်းအသုံးပြုရေးလည်း ပါဝင်ပါတယ်။ ဆက်သွယ်အကြောင်းကြားတဲ့ ရည်ရွယ်ချက်များပေါ် မူတည်ကာ ဖယ်ရိုမုန်းအမျိုးအစား ငါးမျိုးရှိကြောင်း သိရပါတယ်။ ထိုအမျိုးအစားများအနက် လိင်ပိုင်းဆိုင်ရာအတွက် ဆက်သွယ်မှုပေးတဲ့ ဖယ်ရိုမုန်းအုပ်စုမှာ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ စိုက်ခင်းတွေမှာသာမက သိုလှောင်မှုလုပ်ငန်းတွေမှာပါ ဘက်စုံပိုးနဲ့ ရောဂါကာကွယ်ရေးအတွက် အဓိက စိတ်ဝင်စားတဲ့ အုပ်စုဖြစ်ပါတယ်။

    သဘာဝမှာ အင်းဆက်ပိုး အမက ထုတ်လွှတ်ပေးလိုက်တဲ့ ဖယ်ရိုမုန်းဓာတ်ရဲ့ ရနံ့ကို အဖိုကရရှိပြီးနောက် အမရှိရာ ပျံသန်းရောက်ရှိလာကာ မိတ်လိုက်ကြတာ ဖြစ်ပါတယ်။ လက်တွေ့ အသုံးပြုကြရာမှာမူ အမက ထုတ်လွှတ်ပေးလိုက်တဲ့ ဖယ်ရိုမုန်းဓာတ်နဲ့ တူညီတဲ့ ဓာတ်ပေါင်းများကို လူတို့က ဖန်တီးထုတ်လုပ်ပြီး အဖိုများကို ဆွဲဆောင်စေကာ ဖမ်းယူ သုတ်သင်ပေးခြင်း ဖြစ်ပါတယ်။

    အပင်များမှာ ကျရောက်ဖျက်ဆီးတဲ့ အင်းဆက်ပိုးများကို ဖယ်ရိုမုန်းအသုံးပြုပြီး နှိမ်နင်းအသုံးပြုနေကြသော်လည်း အပင်များမှာ ကျရောက်တဲ့ ရောဂါများကို ဖယ်ရိုမုန်းက ကာကွယ်မှုပေးနိုင်တာကိုမူ မသိရှိခဲ့ကြပါ။ မကြာသေးမီက စမ်းသပ်တွေ့ရှိခဲ့တာကတော့ ဖယ်ရိုမုန်း

    ဟာ အပင်များမှာ ကျရောက်တဲ့ ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ စမ်းသပ်မှုကို အမေရိကန် ပြည်ထောင်စု၊ ကော်နယ်တက္ကသိုလ်မှာရှိတဲ့ Boyce Thomson Institute က သုတေသီများ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

    သို့သော်အပင်များနဲ့ အင်းဆက်ပိုးများက ထုတ်လွှတ်ပေးတဲ့ ဖယ်ရိုမုန်းများမဟုတ်ဘဲ တီပိုးများက ထုတ်လွှတ်ပေးတဲ့ ဖယ်ရိုမုန်းကို အသုံးပြုတာဖြစ်ပါတယ်။ သုတေသီအဖွဲ့ဟာ မြေကြီးထဲမှာ လွတ်လပ်စွာနေထိုင်ကြတဲ့ “တီပိုး“တွေက ထုတ်လွှတ်ပေးတဲ့ ဖယ်ရိုမုန်းဓာတ်ဟာ အပင်များမှာ ကျရောက်တဲ့ ရောဂါများကို ကာကွယ်ပေးနိုင်ကြောင်း တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

    ဖယ်ရိုမုန်းအုပ်စုမှာပါဝင်တဲ့ “အက်စကာရိုဆိုဒ်”လို့ခေါ်တဲ့ဓာတ်ပေါင်းကို မြေမှာလွတ်လပ်စွာ နေထိုင်ကြတဲ့ တီပိုးမျိုးစိတ်များစွာက အချင်းချင်း အချက်ပေးဆက်သွယ်နိုင်ကြစေဖို့ ထုတ်လွှတ်ပေးကြပါတယ်။ ဒီဓာတ်ပေါင်းကို "Ascr # 18" လို့ အမည်ပေးထားပါတယ်။

    သုတေသီများဟာ တီပိုးက ထုတ်လွှတ်ပေးလိုက်တဲ့ ဖယ်ရိုမုန်း ပမာဏ အနည်းငယ်ကို ပဲပုပ်၊ စပါး၊ ဂျုံနဲ့ အစေ့ ထုတ်ပြောင်းပင်များထဲကို ရောက်ရှိစေဖို့ စီရင်ပေးပြီး အပင်များမှာ ကျရောက်ဖျက်ဆီးကြတဲ့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ မှိုမျိုးများ ကျရောက်စေဖို့ဖန်တီးစီရင် ပေးလိုက်ပါတယ်။ အကျိုးသက်ရောက်မှုကို နှိုင်းယှဉ်သိရှိစေနိုင်ဖို့ Ascr#18 ဖယ်ရိုမုန်းပေးမထားတဲ့ အပင်များကိုလည်း ရောဂါများ ကျရောက်စေရန် ဖန်တီးစီရင်ပေးထားပါတယ်။ ရက်အတန်ကြာပြီးနောက် ရောဂါများ ကျရောက်မှုကို လေ့လာကြည့်ရာ Ascr#18 ဖယ်ရိုမုန်းပေးထားတဲ့ အပင်များက Ascr#18 ဖယ်ရိုမုန်းပေးမထားတဲ့ အပင်များထက် ရောဂါများကို ပိုမိုခံနိုင်ရည်ရှိနေတာ တွေ့ရပါတယ်။

    မြေကြီးထဲမှာ အပင်များရဲ့ အမြစ်များဟာ တီပိုးများနဲ့ အမြဲထိတွေ့နေကြရကာ တီပိုးများက ထုတ်လွှတ်လိုက်တဲ့ ဖယ်ရိုမုန်း ဓာတ်နဲ့လည်း အမြဲထိတွေ့နေရတာ ဖြစ်ပါတယ်။ ထို့ကြောင့် အပင်များဟာ ဖယ်ရိုမုန်းဓာတ်ရဲ့ ကူညီပေးမှုနဲ့ ရောဂါများ ကျရောက် တိုက်ခိုက်လာနိုင်မှုကို ကြိုတင်ခံစားသိရှိနေကြရတဲ့အတွက် ခံနိုင်ရည်ရှိစေဖို့ အသင့်ပြင်ဆင်ထားပြီး ဖြစ်နေစေတာဖြစ်နိုင်ကြောင်း သုတေသီများက သုံးသပ်ကြပါတယ်။

    အက်စကာရိုဆိုဒ်များဟာ ပိုးသတ်ဆေးများ မဟုတ်ကြတဲ့အတွက် အပင်များမှာ ကျရောက်လာတဲ့ ရောဂါများကို သေစေခြင်းထက်ကျရောက်လာတဲ့ ရောဂါများကို ခံနိုင်ရည်ရှိစေနိုင်တဲ့ စွမ်းရည်ကို တိုးမြှင့်ပေးလိုက်တာ ဖြစ်ပါတယ်။ သို့အတွက် လက်ရှိကျင့်သုံးနေကြတဲ့ ပိုးသတ်ဆေးများ ပက်ဖျန်းကာကွယ်ပေးခြင်းထက် ပတ်ဝန်းကျင်နဲ့အတူ စားသုံးသူများအတွက်ပါ လုံခြုံစိတ်ချစေပါတယ်။

    ယခင် လေ့လာစမ်းသပ်ခဲ့မှုအရ Ascr#18 နဲ့ တခြား အက်စကာရိုဆိုဒ်များဟာ ဘာလီ၊ အာလူးနဲ့ ခရမ်းချဉ်ပင်များမှာ ကျရောက်တဲ့ပိုးနဲ့ ရောဂါများဒဏ်ကိုလည်း ပိုမိုခံနိုင်ရည်ရှိစေနိုင်ကြောင်း သိရပါတယ်။ အက်စကာရိုဆိုဒ်များဟာ သဘာ၀ ဓာတ်ပေါင်းများဖြစ်တဲ့

    အတွက် အပင်များ၊တိရစ္ဆာန်များနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေနိုင်ကြောင်း သိရပါတယ်။

    သို့အတွက်အပင်များဟာ ကျရောက်လာမယ့် ပိုးနဲ့ ရောဂါများကို ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိစွာ ကာကွယ်မှုကို ပေးစေနိုင်မှာ ဖြစ်ပါတယ်။ နှံစားသီးနှံများအနက်

    စပါးဟာ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ခန့်အတွက် အရေးကြီးတဲ့ သီးနှံဖြစ်ပါတယ်။ အာရှတိုက်နိုင်ငံတွေမှာ ဘက်တီးရီးယား ရွက်ခြောက်ရောဂါဟာ စပါးအထွက်ကို ၁၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ လျော့နည်းဆုံးရှုံးစေနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ Ascr#18ဖယ်ရိုမုန်းဟာ စပါးရွက်ခြောက် ဘက်တီးရီးယားရောဂါကို ကာကွယ်ပေးနိုင်တဲ့အတွက် တောင်သူများကို များစွာအကျိုးရှိစေနိုင်မှာဖြစ်ပါတယ်။

    ဂျုံဟာလည်း နှံစားသီးနှံတွေမှာ စပါးပြီး ဒုတိယစားသုံးမှု များပါတယ်။ Ascr#18 ဖယ်ရိုမုန်းဟာ ဂျုံမှာ အဓိက ကျရောက် ပျက်စီးမှုများတဲ့ မှိုကြောင့်ဖြစ်တဲ့ နနွင်းရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ လူနဲ့ တိရစ္ဆာန်အစားအစာအတွက် သာမက ဇီဝလောင်စာအဖြစ်ပါ အသုံးများတဲ့ အစေ့ထုတ်ပြောင်းမှာ ကျရောက်တဲ့ တောင်ပိုင်းအရွက်ခြောက် မှိုရောဂါကိုလည်း Ascr#18 ဖယ်ရိုမုန်းကကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။ ပရိုတိန်းဓာတ်နဲ့ ဆီဓာတ်ပါဝင်မှု<ကယ်ဝပြီး လူနဲ့ တိရစ္ဆာန်များအတွက် အစားအစာအဖြစ်အားကိုးစားသုံးရတဲ့ ပဲပုပ်ပင်မှာ ကျရောက်တဲ့ မှိုကြောင့်ဖြစ်တဲ့ အမြစ်ပုပ်ရောဂါအပြင်၊ ဘက်တီးရီးယားရောဂါနဲ့ ဗိုင်းရပ်စ်ရောဂါများကိုလည်း Ascr#18 ဖယ်ရိုမုန်းက ကာကွယ်ပေးနိုင်ကြောင်း တွေ့ရပါတယ်။

    အထူးတွေ့ရှိချက်ကတော့ အပင်မှာ ကျရောက်တဲ့ ရောဂါများကို ကာကွယ်ပေးဖို့ အက်စကာရိုဆိုဒ်ပြင်းအား ပမာဏ အနည်းငယ်သာ လိုအပ်တာဖြစ်ပါတယ်။ အသုံးပြုရမယ့်အက်စကာရိုဆိုဒ်ပြင်းအား ပမာဏမှာ ရောဂါ အမျိုးအစားများေ့ပါ် မူမတည်ဘဲ အပင်အမျိုးအစားပေါ်မှာသာ မူတည်နေကြောင်းတွေ့ရပါတယ်။ အပင် အမျိုးအစားအလိုက် အက်စကာရိုဆိုဒ် ပြင်းအားလိုအပ်ချက် ကွာခြားမှုမှာ အပင်မျိုးအလိုက် ဆဲလ်များရဲ့Ascr#18 ဓာတ်ကို လက်ခံနိုင်မှုပေါ် မူတည်နိုင်ကြာင်း သုတေသီများက သုံးသပ်ကြပါတယ်။

    ဆက်လက်ပြီး အရေးကြီးတဲ့ သီးနှံများမှာ ကျရောက်တဲ့ အဓိကရောဂါများအပေါ် ကာကွယ်ပေးနိုင်မှုများ၊ အပင်မျိုးကွဲများအလိုက် ဖယ်ရိုမုန်းဓာတ်ကို လက်ခံတုံ့ပြန်နိုင်မှု အခြေအနေများကို မော်လီကျူးအဆင့်ထိ အသေးစိတ် ဆက်လက်လေ့လာမှုများ ပြုလုပ်နေမှုနဲ့အတူ စီးပွားဖြစ်ထုတ်လုပ်အသုံးချနိုင်ရေး အတွက်ကိုလည်း ဆောင်ရွက်နေကြပြီ ဖြစ်ကြောင်း သိရပါတယ်။

    ဒေါက်တာ စိန်လှဗိုလ်

    မြန်မာတောင်သူကြီးများ ဂျာနယ်

    ---------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
likes15comments0
views191views6233