cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးမွေးမြူရေးအတွက် တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် ( ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွက် )

. ရာသီဥတု သတင်းများ
အကယ်၍ရေကြီးရေလျှံလာပါက ငါးများ ရွှေ့ပြောင်းနိုင်ရန်အတွက် ငါးဖမ်းပိုက်များ၊ စက်လှေများနှင့် စက်ပစ္စည်းများအား ကြိုတင်ပြင်ဆင်ထားပါရန် နှင့် အထူးသဖြင့် မျိုးငါးကြီးများအား ဦးစားပေးရွှေ့ပြောင်းထားပါရန်
  • ပဲခူးတိုင်းဒေသကြီး

    ၁။ လက်ပံတန်းမြို့နယ် 

    ယနေ့မှ အောက်တိုဘာ ၄ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်း ရှိပါသဖြင့် ဆက်လက်မိုးများနိုင်ပါတယ်။ အောက်တိုဘာ ၅၊ ၆၊ ၇၊ ၈ ရက်တို့မှာတော့ ၇၀ ရာခိုင်နှုန်း ဝန်းကျင် ရှိသဖြင့် တိမ်ထူပြီး မိုးအနည်းငယ်ရွာနိုင်ပါတယ်။ 

    ၂။မိုးညိုမြို့နယ် 

    ယနေ့နဲ့ မနက်ဖြန်မှာ ၉၀ ရာခိုင်နှုန်းဝန်းကျင်ရှိပါသဖြင့် မိုးများနိုင်ပါတယ်။ အောက်တိုဘာ ၄၊ ၅၊ ၆ ရက်တို့မှာ ၆၀ ရာခိုင်နှုန်းရှိသဖြင့် တိမ်ထူလိုက်၊ နေပွင့်လိုက်ဖြစ်နိုင်ပါတယ်။ အောက်တိုဘာ ၇၊ ၈ ရက်တို့မှာတော့ ၇၀ ရာခိုင်နှုန်းကျော် ရှိပါသဖြင့် တိမ်ထူပြီး မိုးအနည်းငယ်ရွာနိုင်ပါတယ်။

    ၃။သာယာဝတီမြို့နယ် 

    ယနေ့မှ အောက်တိုဘာ ၄ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်း ရှိပါသဖြင့် ဆက်လက်မိုးများနိုင်ပါတယ်။ အောက်တိုဘာ ၅၊ ၆၊ ၇၊ ၈ ရက်တို့မှာတော့ ၇၀ ရာခိုင်နှုန်း ဝန်းကျင် ရှိသဖြင့် တိမ်ထူပြီး မိုးအနည်းငယ်ရွာနိုင်ပါတယ်။ 

    ရန်ကုန်တိုင်းဒေသကြီး 

    ၁။တွံတေးမြို့နယ် 

    ယနေ့နဲ့ မနက်ဖြန်မှာ မိုးရွာရန် ၉၀ ရာခိုင်နှုန်းကျော် ရှိပါသဖြင့် မိုးရွာနှုန်း ဆက်လက်အားကောင်းနိုင်ပါတယ်။ အောက်တိုဘာ ၄၊ ၅ ရက်တို့မှာ ၅၀ ရာခိုင်နှုန်းသာ ရှိသဖြင့် နေပွင့်နိုင်ပါတယ်။ အောက်တိုဘာ ၆၊ ၇၊ ၈ တို့မှာ ၇၀ ရာခိုင်နှုန်းကျော် ရှိပါသဖြင့် တိမ်ထူပြီး မိုးအနည်းငယ်ရွာနိုင်ပါတယ်။

    ၂။ သန်လျင်မြို့နယ် 

    ယနေ့နဲ့ မနက်ဖြန်မှာ ၉၀ ရာခိုင်နှုန်းကျော် ရှိပါသဖြင့် မိုးရွာနှုန်း ဆက်လက်အားကောင်းနိုင်ပါတယ်။ အောက်တိုဘာ ၄၊ ၅ ရက်တို့မှာ ၄၀ ရာခိုင်နှုန်းသာ ရှိသဖြင့် နေပွင့်နိုင်ပါတယ်။ အောက်တိုဘာ ၆ ရက်မှာ ၈၀ ရာခိုင်နှုန်း ရှိသဖြင့် မိုးရွာနိုင်ပြီး ၇၊ ၈ တို့မှာ ၇၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိပါသဖြင့်

    တိမ်ထူနိုင်ပါတယ်။

    ၃။ကျောက်တန်းမြို့နယ် 

    ယနေ့မိုးရွာရန် ရာနှုန်းပြည့်နီးရှိပြီး အောက်တိုဘာ ၄ နေ့မှာ ၈၀ ရာခိုင်နှုန်း ရှိသဖြင့် မိုးရွာနိုင်ပါတယ်။ အောက်တိုဘာ ၃၊ ၅၊ ၆၊ ၇၊ ၈ ရက်တို့မှာ ၆၀ ရာခိုင်နှုန်းဝန်းကျင် ရှိပါသဖြင့် တိမ်အနည်းငယ် ရှိနိုင်ပြီး နေလည်း ပွင့်နိုင်ပါတယ်။

     

    ငါးကန်များအတွက်အကြံပြုချက် 

    မိုးနှောင်း မိုးကောင်းနေပါသဖြင့် ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းအတွင်း ငါးမွေးမြူကန်များမှာ ရေကြီးရေလျှံဖြစ်နိုင်ပါသဖြင့်

    -      ကန်ဘောင်မှ ၆ လက်မအောက်အကွာတွင် ရေထုတ်ပြွန်များ တပ်ပေးရန်၊ အပြင်ဘက်မှလည်း ကန်အတွင်း ရေဝင်လာနိုင်တာကြောင့် ကန်ဘောင်အပေါ်မှ သဲအိတ်များ စီထားရန်

    -      အကယ်၍ရေကြီးရေလျှံလာပါက ငါးများလွတ်ထွက်မှု မရှိစေရေးအတွက် ဇာပြာပိုက်များဖြင့်ကာရံထားပါရန်

    -      ငါးများ ရွှေ့ပြောင်းနိုင်ရန်အတွက် ငါးဖမ်းပိုက်များ၊ စက်လှေများနှင့် စက်ပစ္စည်းများအား ကြိုတင်ပြင်ဆင်ထားပါရန် နှင့် အထူးသဖြင့် မျိုးငါးကြီးများအား ဦးစားပေးရွှေ့ပြောင်းထားပါရန်

    -      ကန်များအတွင်း ရေအပူချိန်၊ ရေချဉ်ဖန်နှုန်း ကျနိုင်သဖြင့် မိုးရွာစဉ်၊ မိုးအုံ့စဉ်တွင် အစာများ အလေအလွှင့်မဖြစ်စေရန် လျော့ကျွေးရန်၊ ညနေပိုင်း နေပွင့်ချိန်မှ ကျွေးရန်

    -      တိမ်ထူသော ရက်များတွင် ငါးကန်များအတွင်းရှိ အပင်မျောလှေးများသည် အစာချက်နှုန်း ကျလာနိုင်ပြီး ပျော်ဝင်အောက်ဆီဂျင်ပမာဏနည်းလာနိုင်သဖြင့်လေဒဟတ် တပ်ဆင်ပေးရန်  

     Weather Source: CIAT 


  • article
likes8comments0
views309views4206