cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မိုးနှောင်း မြေပဲစိုက်ကြမယ့် ဦးကြီးတို့ရေ....

. စိုက်ပျိုးနည်းစနစ်များ
မိုးနှောင်း မြေပဲစိုက်ကြမယ့် ဦးကြီးတို့အတွက် သိကောင်းစရာ
  • စိုက်ပျိုးနည်းစနစ် 

    -မျိုးစေ့နှုန်းမှာတစ်ဧကလျှင်မြေပဲတောင့် (၆-၈တင်း)လိုအပ်ပြီး ပင်ထောင်မြေပဲကို တန်းကြား၊ ပင်ကြား (၁၅" x ၄") နှင့် တစ်ဧက အပင်ဦးရေ တစ်သိန်းခန့်၊ ပင်ပြန့်မြေပဲ တန်းကြား၊    ပင်ကြား  (၁၈" x ၄")  နှင့် အပင်ဦးရေ တစ်ဧက (၈၅၀၀၀) ခန့်ရှိရမည်။ 

    -      တစ်ဧကလျှင် နွားချေး/မြေ​ဆွေးလှည်း(၅-၁၀) စီး နှုန်း၊ ယူရီးယား (၂၈-၅၆) ပေါင်၊ တီစူပါ(၈၄ - ၁၁၂) ပေါင်နှင့် ပိုတက်ရှ် (၂၈) ပေါင်နှုန်းကို စိုက်ထယ်ရေး ပြင်ချိန်ထည့်ပေးရမည်။ လချေးမှုန့်မြေဩဇာ (၂၀၀-၂၅၀)ပေါင်နှုန်းကို မြေခံ(သို့) နောက်ဆုံးကြားလိုက်ချိန်(မြေတွင်းအစိုဓါတ်ရှိချိန်)၌ အပင်ခြေ တွင်ထည့်ပေးပါ။ ပဲမြစ်ဖုဇီဝမြေဩဇာကို တစ်ဧကလျှင်(၁) ထုပ်နှုန်းဖြင့် မျိုးစေ့နှင့်လူးနယ်စိုက်ပျိုး သင့်သည်။ 

    -   အပင်ငယ်စဉ် စုပ်စားပိုး၊ ရွက်လိပ်ရွက်ကပ်ပိုးများ ကျပါက ပင်လုံးပြန့်ထိတွေ့ပိုးသတ်ဆေး တစ်မျိုးမျိုး ပက်ဖျန်းနှိမ်နင်းပါ။ ဖိုးလမင်းကျိုင်းနှင့် ခြများကျရောက်ပါက ပင်လုံးပြန့် ထိတွေ့ပိုးသတ်ဆေးခဲကို စိုက်ချိန်တွင် စိုက်ကြောင်းအတွင်းထည့်ပေးပါ။ 

    -   မြစ်ပုပ်၊ ခါးရိ၊ အစေ့ပုပ်ရောဂါများမှ ကာကွယ်ရန် မျိုးစေ့ကိုမှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် လူးနယ်စိုက် ပျိုးပါ။ ရွက်ပြောက်ရောဂါကျရောက်သော ဒေသများတွင် သင့်တော်သည့် မှိုသတ်ဆေးဖြင့် ကာကွယ်နှိမ်နင်းပါ။ 

    မြေအမျိုးအစား 

    -      နုံးမြေနှင့်သဲမြေတို့သည် မြေပဲစိုက်ပျိုးရန်အသင့်တော်ဆုံးမြေအမျိုးအစားများဖြစ်ပါသည်။ 

    -  မြေပဲသီးနှံဖြစ်ထွန်းရန် မြေအချဉ်ငံဓာတ်(၅.၅)ထက်နိမ့်သောမြေနှင့် ဆားပေါက်မြေများတွင် မစိုက်သင့်ပါ။ရေသွင်း/ရေထုတ်လွယ်ကူသည့်မြေဖြစ်ရမည်။  

    စိုက်ပျိုးချိန် 

    -      မြေပဲသီးနှံကို မိုးဦး၌ မေနှင့်ဇွန်၊ မိုးလယ်၌ သြဂုတ် ၊ မိုးနှောင်းတွင် အောက်တိုဘာ၊ နိုဝင်ဘာလ များ တွင်စိုက်ပျိုးသင့်သည်။  

    မျိုးရွေးချယ်ခြင်း 

    -  ရေမြေဒေသနှင့်ကိုက်ညီသောမျိုး၊ အပင်ပေါက်(၈၀)%အထက်ရှိသော မျိုးစေ့ကို တစ်ဧကလျှင်မျိုးစေ့ (၁.၅ -၂)တင်းနှုန်းအသုံးပြုစိုက်ပျိုးပါ။ 

    -      မျိုးစေ့ဆောင်ရောဂါများကင်းစင်ပြီးရာသီဥတုဒါဏ်၊ ပိုးမွှား/ရောဂါဒါဏ်ခံနိုင်သော မျိုးများကို ရွေးချယ် စိုက်ပျိုးသင့်သည်။ မိုးခေါင်ဒေသများအတွက် (ဥပမာ ဆင်းပဒေသာ-၆၊ ၁၂၊ မကွေး-၁၁)မြေပဲမျိုး များကိုရွေးချယ်စိုက်ပျိုးသင့်သည်။  

    သက်တမ်းအလိုက်အပင်ပြုစုစောင့်ရှောက်ခြင်း  

    -      စိုက်ပြီး(၃၀-၃၅)ရက်အတွင်း ပေါင်းမြက်များအပြီးရှင်းပါ။ အထက်စွယ်များကို အတောင့်ဖြစ်စေရန် ပန်းဖြိုင်ချိန်မှစ၍ နောက်ပိုင်းတွင် ဘောင်တင်ခြင်း မပြုလုပ်ရပါ။ စွယ်ချချိန်နှင့် အဆံဖြည့်တင်းချိန် များဖြစ်သော အပင်သက်တမ်း (၄၅-၇၅) ရက်သား အတွင်းအစိုဓါတ်လိုအပ်ပါကရေသွင်းပေးပါ။    

    ရိတ်သိမ်းချိန်လွန်လုပ်ငန်းများ  

    -      မြေပဲတောင့် ၇၀%ရင့်မည့်ချိန် ရိတ်သိမ်းသင့်သည်။ 

    -      မျိုးအဖြစ်အသုံးပြုမည့် စိုက်ခင်းကိုရေသွင်း၍ နှုတ် သိမ်းခြင်းမပြုလုပ်ရ။ 

    -      မြေပဲတောင့်များ အခြောက်ခံရာတွင် မြေကြီးနှင့် တိုက်ရိုက်မထိစေရနမိုးကာ၊ဖျာ၊ ကွန်ကရစ်တလင်း များပေါ်တွင် လှမ်းသင့်သည်။ 

    -   မြေပဲပင်များကိုနှုတ်ပြီး ချက်ချင်းဆွတ်ကာ နေပြင်းပြင်းတွင် ပါးပါး(၃-၄)ရက် အခြောက်ခံရန်နှင့် အစိုဓါတ်(၆-၇%) ထိရှိရန် လိုအပ်သည်။ လုံးပိန်၊ လုံးညှက်၊ ဖုံ၊ သဲ၊ ခဲများကို လူ/စက်ကိရိယာများ အသုံးပြု၍ ဖယ်ရှားသန့်စင်သင့်သည်။  

    တန်ဖိုးမြှင့်ထုတ်ကုန်များ 

    -      မြေပဲသီးနှံမှ ထုတ်လုပ်နိုင်သော တန်ဘိုးမြှင့်ထုတ်ကုန်များမှာ မြေပဲဆီ၊ မြေပဲယို၊ မြေပဲလှော်၊ ပဲဖတ် စသည်တို့ဖြစ်ပါသည်။ 

    Sources: https://www.doa.gov.mm/fes/index.php?route=cms/category&path=78 


  • article
likes6comments0
views123views3305