cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အီးအမ်ဖြင့် ပေါင်းနှိမ်နင်းခြင်း

. အိမ်တွင်းဥယျာဉ်
EM ပေါင်းနှိမ်နှင်းတဲ့နေရာမှာ သုံးလို့ရပါသလား
  • အီးအမ်သည် ပေါင်းပင်ကို မသေစေပါ။ အီးအမ်သည် ပေါင်းမျိုးစေ့များနှင့် ပင်ပိုင်းမျိုးပွားအင်္ဂါများကို ငှပ်လျှိုးကာလ (Dormancy) ပျက်ပျယ်စေပြီး လျှင်မြန်စွာ အပင်ပေါက်စေပါသည်။ ဤအချက်ကို ပေါင်းနှိမ်နင်းရာတွင် အသုံးချနိုင်ပါသည်။ စပါးစိုက်ရန် မြေပြင်ရာတွင် ထယ်မထိုးမှီ (၁၅) ရက်ခန့်ကြိုတင်၍ အီးအမ်ဖျန်းပါ။ အီးအမ်ဖျန်းခြင်းဖြင့် ပေါင်းမျိုးစေ့များအားလုံး ငုပ်လျှိုးကာလပျက်ပြီး အပင်ပေါက်လာမည်။ ထိုအခါမှ ထယ်ထိုးခြင်းဖြင့် ပေါင်းပင်များအားလုံး မြေမြှုပ်ပြီး ဖြစ်ပါမည်။ ပေါင်းပင်များအားလုံး ပုပ်ဆွေးပြီးမှ စပါးစိုက်ခြင်းအားဖြင့် စပါးခင်းတွင် ပေါင်းပေါက်မှု သက်သာစေမည် ဖြစ်ပါသည်။ သို့မဟုတ်ပါက ပေါင်းမျိုးစေ့များသည် ငုပ်လျှိုးကာလ အမျိုးမျိုးရှိသဖြင့် ငုပ်လျှိုးကာလအလိုက် ပေါင်းပင်များ အကြိမ်ကြိမ် ထွက်နေမည်ဖြစ်သဖြင့် ပေါင်းကို အကြိမ်ကြိမ် လိုက်နေရပါမည်။ ဥပမာ- ငုပ်လျှိုးကာလ တစ်လရှိသော ပေါင်းပင်သည် ပထမထယ်ထိုးစဉ်က ပထမထယ်ထိုးစဉ်က အပင်မပေါက်သေး၍ ထယ်ထိုးထွန်မွှေစဉ် မသေဘဲ စပါးစိုက်ပြီးမှ ပေါက်လာပါမည်။ ထိုပေါင်းပင်ကို ရှင်းပြီးသောအခါတွင် ငုပ်လျှိုးကာလ နှစ်လရှိသော ပေါင်းပင် ထပ်ပေါက်ပါမည်။ ဤသို့ဖြင့် ပေါင်းကို အကြိမ်ကြိမ် ရှင်းနေရပါမည်။ ထယ်မထိုးမှီ အီးအမ်ဖျန်းထားပါက ပေါင်းမျိုးစေ့များ ငုပ်လျှိုးကာလပျောက်ပြီး အကုန်အပင်ပေါက်သဖြင့် ထယ်ထိုးထွန်မွှေသောအခါ ပေါင်းပင်အားလုံးသေပြီး ဖြစ်ပါမည်။ ထိုအခါ ပေါင်းအကြိမ်ကြိမ် ထပ်မပေါက်နိုင်သောကြောင့် ပေါင်းနှိမ်နင်းပြီး ဖြစ်ပါမည်။  

    တောင်သူဦးကြီးတို့ခင်ဗျာ.. စျေးကြီးလွန်းတဲ့ ပေါင်းသတ်ဆေးတွေအစား ဒီနည်းလေးလို အီးအမ်သုံးပြီး ပေါင်းနှိမ်နင်းဖို့ အကြုံပြုချင်ပါတယ်ခင်ဗျာ။ ထယ်ထိုးမြေဖို့လိုက်တဲ့ ပေါင်းပင်တွေကနေလည်း မိမိစိုက်ပျိုးမြေကို အာဟာရဓာတ် ရရှိစေပါတယ်ခင်ဗျာ။ 

    Source: ပါမောက္ခဒေါက်တာမြင့်လွင်ရဲ့ အကျိုးပြုအဏုဇီဝ (အီးအမ်) နည်းပညာ စာအုပ် 


  • article
likes11comments2
views125views4556