cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရုရှားက စိုက်ပျိုးရေးထွက်ကုန်အပြင် မြန်မာ့ကော်ဖီ ဝယ်ယူဖို့ စီစဉ်

. သတင်းစုံ
မြန်မာ့ကော်ဖီကို ဆွစ်ဇာလန်၊ တရုတ်၊ ထိုင်ဝမ် ၊ ထိုင်း၊ အမေရိကန်၊ ဗြိတိန်၊ အိုက်စလန်၊ တောင်ကိုရီးယား၊ ဂျပန်၊ ဂျာမနီနှင့် UAE စတဲ့ နိုင်ငံနှင့်ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိ
  • ရုရှားနိုင်ငံက မြန်မာ့စိုက်ပျိုးရေးထွက်ကုန်တွေဖြစ်တဲ့ ဆန်၊ဆန်ကွဲ၊ ပြောင်းနှင့် ပဲတီစိမ်းများကို တိုးမြှင့်ဝယ်ယူနေ တဲ့ အပြင် အခုဆိုရင် မြန်မာ့ကော်ဖီ ကိုပါ ဝယ်ယူဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံကော်ဖီအသင်းရဲ့ သတင်းများ အရ သိရပါတယ်။

    လက်ရှိမှာ ကုန်သွယ်မှုပမာဏကို ထပ်မံတိုးမြှင့် နိုင်ဖို့အတွက် မြန်မာ့ကော်ဖီကို ရုရှားနိုင်ငံအတွင်း လက်လီ အရောင်းဆိုင်များမှာ အမြဲတမ်းကော်ဖီအမျိုးအစားအဖြစ်မိတ်ဆက်ပေးပြီး ဝယ်ယူရန်စီစဉ်တာလို့လည်း သိရပါတယ်။

    ရုရှားနိုင်ငံကစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Maxim Reslictnikov ကိုယ်တိုင် မြန်မာ့ဒေသထွက် ကော်ဖီများကို နိုင်ငံတွင်းရှိ လက်လီဆိုင်များ၌ မိတ်ဆက်ပြသသည့်အပြင် ဝယ်ယူရန်အတွက်လည်း ကမ်းလှမ်း ဆောင်ရွက်ထားတယ်လို့ မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရပါတယ်။

    ဒါကြောင့် လာမည့်ကော်ဖီရာသီတွင် တင်ပို့ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်နေပြီး မြန်မာ့ကော်ဖီများသည် နိုင်ငံ တကာဈေးကွက်များတွင် တစ်တန်လျှင် ကန်ဒေါ်လာ ၅,၅၀၀ မှ ၈,၃၀၀ ထိ ဈေးနှုန်းရှိကြောင်းလည်းသိရပါတယ်။

    မြန်မာနိုင်ငံဟာ ရုရှားနိုင်ငံနှင့် ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကုန်ခဲ့တဲ့ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာ ပို့ကုန် ကန်ဒေါ်လာ ၇ ဒသမ ၆၀၁ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၇ ဒသမ ၁၅၇ သန်း စုစုပေါင်းကုန်သွယ်မှု ကန်ဒေါ်လာ ၁၄ ဒသမ ၇၅၈ သန်းဖိုး ဆောင်ရွက်နိုင်ခဲ့တာပါ။

    ၂၀၂၃-၂၄ ဘဏ္ဍာနှစ်မှာလည်း ကုန်ခဲ့တဲ့ ဧပြီလမှ ဩဂုတ်လအထိ ၅ လတာအတွင်းမှာ ပို့ကုန်တန်ဖိုးဟာ ကန်ဒေါ်လာ ၂၀ ဒသမ ၉၈၈ သန်း ၊သွင်းကုန်တန်ဖိုးဟာ ကန်ဒေါ်လာ ၁၈ ဒသမ ၈၉၁ သန်း၊ စုစုပေါင်း ကုန်သွယ်မှု ကန်ဒေါ် လာ ၃၉ ဒသမ ၈၇၉ သန်းဖိုးဆောင်ရွက်ထားနိုင်ကြောင်းလည်း သိရပါတယ်။

    မြန်မာနိုင်ငံမှ နှစ်စဉ်ကော်ဖီတန်ချိန် ၈,၀၀၀ မှ ၁၀,၀၀၀ ကြား ထွက်ရှိနေပြီး ပြည်ပသို့ ကုန်ကြမ်းအဖြစ်သာ တင်ပို့ရောင်းချနေရတာပါ။ ပြည်ပဖောက်သည်ဈေးကွက်နိုင်ငံများအနေဖြင့်လည်း မြန်မာ့ကော်ဖီကုန်ကြမ်းကို ဝယ်ယူ၍ ကုန်ချောအဖြစ်အဆင့်မြှင့်တင်ကာ ပြန်လည်ဖြန့်ဖြူးရောင်းချနေကြောင်းသိရပါတယ်။

    မြန်မာ့ကော်ဖီကို ဆွစ်ဇာလန်၊ တရုတ်၊ ထိုင်ဝမ် ၊ ထိုင်း၊ အမေရိကန်၊ ဗြိတိန်၊ အိုက်စလန်၊ တောင်ကိုရီးယား၊ ဂျပန်၊ ဂျာမနီနှင့် UAE စတဲ့ နိုင်ငံနှင့်ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိရာ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ကော်ဖီတန်ချိန် ၁၁၀၀ ခန့် တင်ပို့ရောင်း ချခဲ့ကြောင်း၊ ကော်ဖီတင်သွင်းမှု အနေဖြင့် ကော်ဖီစေ့၊ Coffee Mix နှင့် Coffee Powder ပုံစံသုံးမျိုးဖြင့် တင်သွင်း လျက်ရှိပြီး Coffee Mix ၁၂၅၀ တန်ခန့်နှင့် Coffee Powder ၄,၅၀၀ တန်ခန့်တင်သွင်းခဲ့ရတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။

    လက်ရှိမှာ ပြင်ဦးလွင်ဒေသနှင့် ရှမ်းပြည်နယ် ရွာငံ၊ ဟိုပုံး၊ ပင်လောင်းဒေသများမှ စိုက်ပျိုး ထွက်ရှိသည့် မြန်မာ့အာရေးဗီးကား ကော်ဖီဟာ အထူးတန်းဝင်ကော်ဖီအဆင့်ရခဲ့မှု နှင့်အတူ အထိုက်အလျောက် မြင့်မားသော ကော်ဖီဈေးနှုန်းများရရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။ MyanmarFutureNews မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes10comments0
views73views2875