cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးမွေးမြူရေးကန်များတွင် မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်းများကြောင့် ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့်   ဆုံးရှုံးမှုလျော့နည်းစေရေးအတွက်

. ငါးမွေးမြူရေးဆောင်းပါးများ
*ငါးမွေးမြူရေးကန်များ၏ ကန်ပေါင်များ ခိုင်ခံ့ရန်အတွက် ကန်ပေါင်ပါးသော၊ နိမ့်သောနေရာများတွင် သဲအိတ်များဖို့၍ ကန်ပေါင်ခိုင်ခံ့အောင် ပြုလုပ်ထားပါရန်၊ *အကယ်၍ရေကြီးရေလျှံလာပါက ငါးများလွတ်ထွက်မှုမရှိစေရေးအတွက် ဇာပြာပိုက်များဖြင့် ကာရံထားပါရန်၊
  • အောက်ဖော်ပြပါအချက်များကို ငါး၊ပုစွန်မွေးမြူရေးကန်များ၌ လိုက်နာဆောင်ရွက်ကြပါရန် သတိပေး နှိုးဆော်အပ်ပါသည်- 

    *ငါးမွေးမြူရေးကန်များ၏ ကန်ပေါင်များ ခိုင်ခံ့ရန်အတွက် ကန်ပေါင်ပါးသော၊ နိမ့်သောနေရာများတွင် သဲအိတ်များဖို့၍ ကန်ပေါင်ခိုင်ခံ့အောင် ပြုလုပ်ထားပါရန်၊ *အကယ်၍ရေကြီးရေလျှံလာပါက ငါးများလွတ်ထွက်မှုမရှိစေရေးအတွက် ဇာပြာပိုက်များဖြင့် ကာရံထားပါရန်၊ 

    *ရေစီးကြောင်းနှင့်နီးသော ငါးကန်များတွင် ရေတိုက်စားမှု ကာကွယ်ရန်အတွက် တုတ်ရိုက်ပြီး ဝါးထရံများဖြင့် ကာရံ၍ သဲအိတ်များ ဖို့ထားပါရန်၊ 

    *လိုအပ်ပါက ငါးများ ရွှေ့ပြောင်းနိုင်ရန်အတွက် ငါးဖမ်းပိုက်များ၊ စက်လှေများနှင့် စက်ပစ္စည်းများအား  ကြိုတင်ပြင်ဆင်ထားပါရန် နှင့် အထူးသဖြင့် မျိုးငါးကြီးများအား ဦးစားပေးရွှေ့ပြောင်းထားပါရန်၊ 

    *သိုလှောင်ထားသော ငါးအစာနှင့် လုပ်ငန်းသုံးပစ္စည်းများအား ရေလွတ်သောနေရာသို့ ရွှေ့ပြောင်းထားပါရန်၊ 

    *ပုံမှန်အစာကျွေးခြင်းဖြင့် ငါးများ လွတ်ထွက်မသွားစေရေး ဆောင်ရွက်ထားပါရန်၊ 

    *မွေးမြူရေးကန်၏ ရေထွက်/ရေလျှံပေါက်များ၊ ရေကျော်မည့် နေရာများအား အစဉ်ဂရုတစိုက် စစ်ဆေးနေပါရန်၊ 

    *ထူးခြားသည့်အခြေအနေများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် ဆက်သွယ်သတင်းပို့နိုင်မည့် နည်းလမ်းများ ကြိုတင်ပြင်ဆင်ထားပါရန်၊ 

    *ရေဒီယို၊ အသံလွှင့်ဌာနများမှ ထုတ်လွှင့်လျက်ရှိသော အရေးပေါ် မိုးလေဝသ သတိပေးချက်များနှင့် ပတ်သက်သည့် သတင်းများကို အမြဲဂရုတစိုက် နားထောင်ပါရန်၊  

    *ထွက်တိုးဖေ့စ်ဘုတ်မှ အချိန်နှင့်တပြေးညီတင်ပေးနေသည့် မိုးလေဝသသတင်း၊ ဆောင်းပါးများအား အမြဲမပြတ် ဖတ်ရှုသတိပြုပြီး ငါးမွေးမြူသူအချင်းချင်း သတင်းအချက်အလက်ဖလှယ်ကြပါရန်၊ 

    *ရေကြီးနစ်မြုပ်မှုအတွက် အရေးပေါ်အခြေအနေများ ဖြစ်ပေါ် ပါက ထွက်တိုးဆော့ဝဲလ်မှတဆင့် (သို့) နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနများနှင့် ဆက်သွယ်အကူအညီတောင်းခံကြပါရန်၊  

    Source: ငါးလုပ်ငန်းဦးစီးဌာန 

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  


  • article
likes8comments0
views122views4352