cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြည်ပ အဝယ်မရှိ၍ ပြည်တွင်း ငရုတ်သီးခြောက်စျေးကျဆင်း

. ဈေးကွက်
ပြည်ပ အဝယ်မဆွဲ၍ ပြည်တွင်း ငရုတ်သီးခြောက်စျေး မှာ အရောင်းအဝယ် အေး ပြီး စျေးကျဆင်းသွားကြောင်း ငရုတ်သီးကုန်သည်များ ထံမှသိရသည်။
  • လက်ရှိ ငရုတ်သီး အား ပြည်ပနိုင်ငံဖြစ်သော ထိုင်း နိုင်ငံ အဓိက ထား တင်ပို့နေရခြင်း ဖြစ်ပြီး ပြည်ပ သို့ တင်ပို့ရာတွင်အခွန်ကိစ္စတွေ များ အပါအဝင် အခက်ခဲများ ကြောင့် အဝယ်တွေ ရပ်ထား၍ စျေးသိသိသာသာကျဆင်းသွားကြောင်းသိရသည်။

    “ အပေါ်လမ်းကြောင်း ကထွက်ပေါက်တွေ မရှိလို့ ပေါ့၊ ပြည်ပ ထွက်ကုန်ရှိမှသာ စျေးနှုန်း က လိုက်တာ အခုက မထွက်တော့ ပြည်တွင်းမှာ ပစ္စည်းများပြီး စျေးက တော်တော်ကျသွားတယ်။ Customs အခြေအနေတွေ များ ပြီး ပြည်ပ အဝယ်တွေ ရပ်နေတာလို့ သုံးသပ်ရတယ်။ “ ဟု ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်းမြို့နယ် မှ ငရုတ်သီး ကုန်သည်တစ်ဦး ကပြောသည်။

    ယခင်က ငရုတ်သီး ခြောက် တစ်ပိဿလျှင် ၁၅၀၀၀ ကျော်ထိ ပေါက်စျေးရှိခဲ့ ပြီး လက်ရှိ တပိဿလျှင် ၈၀၀၀ မှ ၉၀၀၀ကြားတွင် သာရှိတော့ ကြောင်းသိရသည်။

    လက်ရှိ အခြေခံ စားသောက်ကုန် အတော်အများ အပြား စျေးတက်နေသော်လည်း ငရုတ်သီးခြောက်မှ စျေးမြင့်တက်မူ မရှိသောကြောင်း သိရပြီးပြည်တွင်း စားသုံးမူ မှာ အနေတော် ဖြစ်နေသည့် အတွက် စျေးအရမ်းကျ ဆင်းသွား ခြင်း မရှိခြင်း ဖြစ်ကြောင်းသိရသည်။

    လက်ရှိ ပေါက်စျေး မှာ တောင်သူများ အနေဖြင့် သွင်းအားစု များ စျေးတက်နေခြင်းကြောင့် တွက်ခြေ သိပ်မကိုက်ကြောင်းသိရသည်။

    “ ဒီစျေးက တောင်သူတွေ အတွက် ဘယ်ကိုက်မလဲ ဒါပေမဲ့ လုပ်လို့ ကိုင်လိုတော့ ရပါတယ်။ ပိုးဆိုး ပက်စက်တော့ ဒုက္ခမရောက်ဖူးပေါ့၊ တောင်သူတွေက တော့ စိုက်နေကြဦး မှာပဲ ။ “ဟု ငရုတ်စိုက်တောင်သူ တစ်ဦးကပြောသည်။

    လက်ရှိ စျေးကွက် တွင် ငရုတ်သီး များ လက်ကျန်များ နေပြီး ထပ်မံ၍ နှစ်လပိုင်း တွင် ငရုတ်သီအသစ်များ ဝင်ရောက်လာပါက ထပ်မံကျဆင်းသွားနိုင်ကြောင်း သိရသည်။

    ထို့အပြင် ငရုတ်သီးအား လှောင် ထားသည့်သူများ လည်ရှိနေပြီး လှောင်ထားသည့် သူများအနေဖြင့် လက်ရှိစျေး ဖြင့်တွက်ချေမကိုက်ကြောင်း သိရသည်။

    အချို့ ပြည်ပ တင်ပို့သူများ အနေဖြင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန် းနှင့် တင်ပို့မူ မူဝါဒ အခက်အခဲများကြောင့် ပြည်ပမှ ပေးသည့် စျေးနှုန်း ရရှိမူ နှင့် တွက်ခြေ မကိုက်သည့် အတွက် တင်ပို့နိုင်ခြင်း ရှိ ကြောင်း လည်း သိရသည်။

    မကြာသေးမီ က ထိုင်းနိုင်ငံ သို့ တင်ပို့နေသည့် အဓိက လမ်းကြောင်း ဖြစ်သော မြဝတီ အာရှလမ်းမကြီး ပျက်စီးခဲ့ ၍ ကုန်သွယ်မူ ပြတ်တောက် မှုများ ဖြစ်ပွါး ပြီး နောက်ပိုင်း အရောင်းအဝယ် သိသိသာသာ အေးစက် သွားကြောင်းသိရသည်။

    ဖိုးချဲ(AMIA)

    ----

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://l.htwettoe.com/v2

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes17comments1
views4443