cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မကွေးတိုင်းဒေသကြီးအတွက် မိုးလေဝသ ခန့်မှန်းချက်နှင့်မွေးမြူ‌ရေးအကြံပြုချက်

. ရာသီဥတု သတင်းများ
အယ်နီညိုကာလဖြစ်တာကြောင့် ကန်ရေအမြင့်ကို ၄-၅ ပေ အထက်တွင် ထားပါ။ ရေအပူချိန်ကို ပုံမှန်စစ်ဆေးပါ။
  • ၁။ ပွင့်ဖြူမြို့နယ် 

    ယနေ့မှ အောက်တိုဘာ ၆ရက်နေ့အထိ မိုးရွာရန် ၄၅ ရာခိုင်နှုန်းသာ ရှိပါတယ်။ အောက်တိုဘာ ၇၊ ၁၀  ရက်တို့မှာ ၆၅ ရာခိုင်နှုန်းရှိသဖြင့် တိမ်အသင့်အတင့်

    ရှိနိုင်ပါတယ်။ အောက်တိုဘာ ၈၊ ၉ ရက်တို့မှာတော့ ၂၅ ရာခိုင်နှုန်းသာ ရှိသဖြင့် နေပြင်းနိုင်ပါတယ်။

    ၂။စလင်းမြို့နယ် 

    ယနေ့မှ အောက်တိုဘာ ၇ရက်နေ့အထိ ၄၀ ရာခိုင်နှုန်းကျော်သာ ရှိပါတယ်။ အောက်တိုဘာ ၈၊ ၉ ရက်တို့မှာ ၂၅ ရာခိုင်နှုန်းသာ ရှိပြီး အောက်တိုဘာ ၁၀ရက်နေ့မှာ ၆၀ ရာခိုင်နှုန်းရှိသဖြင့် တိမ်အသင့်အတင့် ရှိနိုင်ပါတယ်။  

    ၃။ စေတုတ္တရာမြို့နယ် 

    ယနေ့မိုးရွာရန် ၄၀ ရာခိုင်နှုန်းသာ ရှိပြီး အောက်တိုဘာ ၅၊ ၆၊ ၇၊ ၁၀ ရက်တို့မှာ ၇၀ ရာခိုင်နှုန်း နီးပါးရှိသဖြင့် တိမ်ထူနိုင်ပါတယ်။ အောက်တိုဘာ ၈၊ ၉ ရက်တို့မှာလည်း နေပြင်းနိုင်ပါတယ်။   

    ၄။ မင်းဘူးမြို့နယ် 

    ယနေ့မှ အောက်တိုဘာ ၆ရက်နေ့အထိ မိုးရွာရန် ၄၅ ရာခိုင်နှုန်းသာ ရှိပါတယ်။ အောက်တိုဘာ ၇၊ ၁၀  ရက်တို့မှာ ၆၅ ရာခိုင်နှုန်းရှိသဖြင့် တိမ်အသင့်အတင့်

    ရှိနိုင်ပါတယ်။ အောက်တိုဘာ ၈၊ ၉ ရက်တို့မှာတော့ ၂၅ ရာခိုင်နှုန်းသာ ရှိသဖြင့် နေပြင်းနိုင်ပါတယ်။

     

    ငါးကန်များအတွက်အကြံပြုချက 

     

    • အယ်နီညိုကာလဖြစ်တာကြောင့် ကန်ရေအမြင့်ကို ၄-၅ ပေ အထက်တွင် ထားပါ။ ရေအပူချိန်ကို ပုံမှန်စစ်ဆေးပါ။ ငါးမွေးမြူရာတွင် ကန်ရေ၏အကောင်းဆုံးအပူချိန်သည် (၂၇,၂၈,၂၉,) ဒီဂရီစင်တီဂရိတ် ဖြစ်ပါသည်။ အနည်းဆုံးအပူချိန်သည် ၂၂ နှင့် အမြင့်ဆုံးအပူချိန်သည် ၃၂ ဒီဂရီစင်တီဂရိတ် ဖြစ်ပါသည်။ ငါးမျိုးစိတ်အလိုက် အပူချိန် လိုအပ်ချက်ရှိပါသည်။ ငါးငယ်ဘဝနှင့် အရွယ်ရောက် ငါးကြီးဘဝ၏ အပူချိန်လိုအပ်ချက်သည် တူညီပါသည်။
    • ညနေ၊ ညဘက်မှာ လေအေးပေးစက်၊ လေဒလတ်တို့ကို တပ်ဆင်ပေးပြီး ကန်အတွင်း ပျော်ဝင်အောက်ဆီဂျင်ကို ဖန်တီးပါ။
    • ရာသီဥတုဆိုင်ရာသတိပေးချက်များနှင့် သတင်းအချက်အလက်များကို စဉ်ဆက်မပြတ် နားဆင်ပါ။
    • ငါးကြီးထွားနှုန်းကောင်းစေရန် ပရိုတိန်းပြည်ဝသောအစာကို ဝယ်ကျွေးပါ။ ငါး၏ကျန်းမာရေးကောင်းဖို့လည်း လိုအပ်ပါတယ်။ကျန်းမာရေးကောင်းမှ အစာစားနိုင်ပါမည်။


    Weather Source: CIAT 


  • article
likes14comments0
views329views8975