cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နိုင်ငံပေါင်း ၄၀ ကျော်သို့ ၆ လအတွင်း ရေထွက်ကုန် တင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၂၇၀ ရရှိထား

. ငါးမွေးမြူရေးသတင်း
မြန်မာနိုင်ငံမှရေထွက်ကုန်ပစ္စည်းများကို ပုံမှန်ကုန်သွယ်ရေး (Normal Trade )နှင့် နယ်စပ်ကုန်သွယ်ရေး (Border Trade)လမ်းကြောင်း ၂မျိုးလုံးဖြင့် တင်ပို့လျက်ရှိနေပြီး
  • ၂၀၂၃-၂၄ ဘဏ္ဍာနှစ်ရဲ့ ဧပြီလမှ စက်တင်ဘာလအထိ ၆ လတာကာလအတွင်း နိုင်ငံပေါင်း ၄၀ကျော်သို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ သန်း၂၇၀ ရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာန (နေပြည်တော်) ရဲ့ စာရင်းများအရသိရပါတယ်။

    လက်ရှိမှာ ရေထွက်ကုန်များကို ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ အရှေ့အလယ်ပိုင်းနိုင်ငံများ၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ မလေးရှားနိုင်ငံ နှင့် ဩစတြေးလျနိုင်ငံတို့ အပြင် တရုတ်(တိုင်ပေ)သို့လည်း တင်ပို့ နေတာဖြစ်ပါတယ်။

    ရေထွက်ကုန်ပစ္စည်းများပုံမှန်တင်ပို့မှု စဉ်ဆက်မပြတ်ရှိစေရေးနှင့် ဈေးကွက်အနေအထားပေါ်မူတည်ကာ ပို့ကုန် မလျော့ကျစေရေးအတွက် ဝယ်ယူနေသည့်နိုင်ငံတစ်နိုင်ငံချင်းစီ၏ လိုအပ်ချက်များ ပြည့်မီရေးဆောင်ရွက် လျက်ရှိနေပြီး တရုတ်နိုင်ငံကဲ့သို့ရေထွက်ကုန်များကို စစ်ဆေးမှုတင်းကျပ်သည့် နိုင်ငံများသို့တင်ပို့ရာမှာလည်း ဈေးကွက်လိုအပ်ချက်အတိုင်း ပို့ကုန်များမလျော့စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

    လက်ရှိမှာလည်း မြန်မာနိုင်ငံမှရေထွက်ကုန်ပစ္စည်းများကို ပုံမှန်ကုန်သွယ်ရေး (Normal Trade )နှင့် နယ်စပ်ကုန်သွယ်ရေး (Border Trade)လမ်းကြောင်း ၂မျိုးလုံးဖြင့် တင်ပို့လျက်ရှိနေပြီး ပုံမှန်ကုန်သွယ်ရေးဖြင့် ဂျပန်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့နေသလို တရုတ်၊ ထိုင်းနှင့် ကျန်အိမ်နီးချင်းနိုင်ငံများကိုတော့ မူဆယ်၊ မြဝတီ၊ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းများမှတဆင့် တင်ပို့နေတာလို့ သိရပါတယ်။

    MFN မှကူးယူဖော်ပြပါသည်။

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes12comments0
views101views4757