cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ယခုနှစ် တရုတ်နိုင်ငံသို့ ပြည်တွင်းမှ ဖရဲသီးတန်ချိန် တစ်သိန်းကျော် တင်ပို့ခဲ့

. ဈေးကွက်
``ဒီရက်ပိုင်းမှာ ဖရဲသီးက ဈေးကောင်းမရတာရယ် အထွက် နည်းသေးတာကြောင့်ရယ် မူဆယ် ကို ဖရဲကား တစ်နေ့တစ်စီး နှစ်စီး ပဲ ဝင်လာတယ်´´
  • ပြည်တွင်းမှ တရုတ်ဈေးကွက် သို့ ဖရဲသီးများတင်ပို့ခဲ့ရာတွင် ယခုနှစ်၌ ဖရဲသီးတန်ချိန် တစ် သိန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း သစ်သီး၀လံကုန်စည်ဒိုင်(မူဆယ်) မှ သိရသည်။

    ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လကုန်ထိ ၈ လတာအတွင်း မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ တရုတ်ဈေးကွက်သို့ ဖရဲသီးတန် ချိန် ၁၁၃၀၀၀ ကျော်ကို ကုန်တင် ယာဉ် အစီးရေ ၇၀၀၀ ကျော် တင်ပို့ခဲ့ခြင်း ဖြစ်သည်။

    ``ဖရဲသီးကို ပြည်တွင်းကနေ တရုတ်ဘက်တင်ပို့ရာမှ လက်ရှိ အခြေအနေအရ ဈေးကွက်က မကောင်းဘူး။ ဘာလို့လဲဆိုတော့ တရုတ်ဘက်ကလည်း ဖရဲသီးတွေ အထွက်များနေတာကြောင့် ကျွန် တော်တို့ဘက်က ဖရဲသီးက ဈေး ကောင်းမရတာဖြစ်ပါတယ်´´ဟု (မူဆယ်)ဖရဲသီးပွဲရုံ တစ်ခုမှ ပြော သည်။

    ပြည်တွင်း၌ နိုဝင်ဘာမှ ဇူလိုင်လအတွင်း ဖရဲသီးလှိုင်လှိုင် ထွက်ပေါ်ချိန်ဖြစ်၍ ထိုအချိန်၌ တရုတ်ဈေးကွက်တွင် ဈေးကောင်း ရရှိခဲ့သော်လည်း ငွေဈေးအပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲ ရှိကြောင်း တရုတ်ဘက်သို့ တင်ပို့ ရာတွင် ဝန်ဆောင်ခနှင့် စစ်ဆေးခ များမှာ ယွမ် ၉၀၀ ဝန်းကျင် ကျသင့်ပြီး အကောက်ခွန်ကြေး မပါဝင်သေးကြောင်း သိရသည်။

    ``လက်ရှိမှာ စက်သုံးဆီဈေး နဲ့ တခြားစရိတ်တွေက ကုန်ကျ မှုများပြားလို့ မူဆယ်အရောက် ဆိုရင် ဖရဲသီးတစ်တန်ကို ကုန်ကျ စရိတ်များတယ်။ ဖရဲသီးအရည် အသွေးကောင်းပြီး ဈေးကွက် ကောင်းမှ တင်ပို့သူတွေမှာ နည်း နည်းပဲမြတ်တယ်။ အဲ့လိုမဟုတ် ရင် အရှုံးနဲ့ ရင်ဆိုင်ရတယ်´´ဟု ဖရဲသီးကုန်သည်တစ်ဦးက ပြော သည်။

    တရုတ်ဘက်တွင်လည်း ဖရဲသီးများ စိုက်ပျိုးထုတ်လုပ် လျက်ရှိရာ ယခုအချိန်၌ ၎င်းတို့ စိုက်ပျိုးသည့် ဖရဲသီးများ လှိုင်လှိုင် ပေါ်ချိန်ဖြစ်၍ ဝယ်လက်များက ပြည်တွင်းမှ တင်ပို့သော ဖရဲသီး များကို လာဝယ်သူမရှိသလောက် နည်းပါနေကြောင်း၊ လက်ရှိတွင် ပြည်တွင်း၌ ကျောက်စိမ်းဖရဲသီး များ စတင်ထွက်ပေါ်နေပြီး တရုတ် ဘက်သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

    ``ဒီရက်ပိုင်းမှာ ဖရဲသီးက ဈေးကောင်းမရတာရယ် အထွက် နည်းသေးတာကြောင့်ရယ် မူဆယ် ကို ဖရဲကား တစ်နေ့တစ်စီး နှစ်စီး ပဲ ဝင်လာတယ်´´ဟု သစ်သီး၀လံ ကုန်စည်ဒိုင်(မူဆယ်)မှ သိရသည်။

    ပြည်တွင်းမှ ဖရဲသီးများသည် အောက်တိုဘာလကုန်မှစ၍ လှိုင် လှိုင်ထွက်ပေါ်မည်ဖြစ်သည်။ တရုတ်ဈေးကွက်သို့ အပြိုင်အဆိုင် ဝင်ရောက်လာမည်ဖြစ်ရာ အရည် အသွေးကောင်းမွန်သော ဖရဲသီး များတင်ပို့မှသာ ဈေးကောင်းရရှိ နိုင်မည်ဟု ဆိုသည်။

    ရွှေမန်း

    မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။

    --------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes11comments0
views100views2923