cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါးမွေးတောင်သူဦးကြီးတို့အတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးရွာနှုန်း မြင့်မားနေသဖြင့် ငါးမွေးတောင်သူဦးကြီးတို့အနေဖြင့် ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် သတိပြုသင့်ပါသည်။
  • ဟင်္သာတနှင့် ဇလွန်မြို့နယ်

    ယနေ့မှ အောက်တိုဘာ ၉ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းဝန်းကျင် ရှိပါတယ်။ အောက်တိုဘာ ၁၀၊ ၁၁၊ ၁၂ ရက်တို့မှာတော့ ၇၀ ရာခိုင်နှုန်းဝန်းကျင် ရှိသဖြင့် တိမ်ထူနိုင်ပါတယ်။

    လပွတ္တာမြို့နယ်

    အောက်တိုဘာ ၆၊ ၇၊ ၉ ရက်တို့တွင် မိုးရွာရန် ၉၀ ရာခိုင်နှုန်း ရှိပြီး အောက်တိုဘာ ၈၊ ၁၀၊ ၁၂ ရက်တို့တွင် ၈၀ ရာခိုင်နှုန်းဝန်းကျင် ရှိပါသဖြင့် ဆက်လက် မိုးကောင်းနိုင်ပါတယ်။ အောက်တိုဘာ ၁၁ ရက်နေ့မှာတော့ ၁၁ ရာခိုင်နှုန်းသာ ရှိသဖြင့် တိမ်အသင့်အတင့် ရှိနိုင်ပါတယ်။

    ဓနုဖြူ၊ မအူပင်၊ ညောင်တုန်းနှင့် ပန်းတနော်မြို့နယ်

    ယနေ့မှ အောက်တိုဘာ ၁၀ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းဝန်းကျင် ရှိပါတယ်။ အောက်တိုဘာ ၁၁၊ ၁၂ ရက်တို့မှာတော့ ၇၀ ရာခိုင်နှုန်း နီးပါးသာ ရှိသဖြင့် တိမ်ထူနိုင်ပါတယ်။

    မြောင်းမြနှင့် ပုသိမ်မြို့နယ်

    ယနေ့နှင့် မနက်ဖြန်မှာ ရာနှုန်းပြည့်နီးပါး မိုးရွာသွန်းနိုင်ပါတယ်။ အောက်တိုဘာ ၈ ရက်‌နေ့မှာ ၄၀ ရာခိုင်နှုန်းသာ ရှိသဖြင့် နေပွင့်နိုင်ပါတယ်။ အောက်တိုဘာ ၉၊ ၁၀၊ ၁၂ ရက်တို့မှာ ၈၀ ရာခိုင်နှုန်းကျော် ရှိသဖြင့် မိုးရွာသွန်းနိုင်ပြီး ၁၁ ရက်နေ့မှာ ၆၀ ရာခိုင်နှုန်းရှိသဖြင့် တိမ်အသင့်အတင့် ရှိနိုင်ပါတယ်။

    ဝါးခယ်မမြို့နယ်

    ယနေ့မှ အောက်တိုဘာ ၁၀ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းဝန်းကျင် ရှိပါတယ်။ အောက်တိုဘာ ၁၁၊ ၁၂ ရက်တို့မှာတော့ ၇၀ ရာခိုင်နှုန်း နီးပါးသာ ရှိသဖြင့် တိမ်ထူနိုင်ပါတယ်။

    ကျုံပျော်မြို့နယ်

    ယနေ့နှင့် မနက်ဖြန်မှာ ၉၀ ရာခိုင်နှုန်းရှိသဖြင့် မိုးရွာသွန်းနိုင်ပါတယ်။ အောက်တိုဘာ ၈ ရက်နေ့မှာ ၄၀ ရာခိုင်နှုန်းသာ ရှိသဖြင့် နေသာနိုင်ပြီး ၉၊ ၁၀၊ ၁၁၊ ၁၂ ရက်တို့မှာ ၇၀ ရာခိုင်နှုန်း နီးပါးသာ ရှိသဖြင့် တိမ်ထူနိုင်ပါတယ်။

    ကျိုက်လတ် နှင့် ဖျာပုံ မြို့နယ်

    ယနေ့ မိုးရွာရန် ရာနှုန်ပြည့် ရှိပြီး အောက်တိုဘာ ၇၊ ၈၊ ၉ ရက်တို့မှာတော့ ၉၀ ဝန်းကျင်ရှိသဖြင့် ဆက်လက် မိုးရွာသွန်းနိုင်ပါတယ်။ အောက်တိုဘာ ၁၀၊ ၁၁၊ ၁၂ ရက်တို့မှာတော့ ၇၀ ဝန်းကျင်ရှိသဖြင့် တိမ်ထူနိုင်ပါတယ်။

    ငါးမွေးမြူရေးဆိုင်ရာ အကြံပြုချက် 

    ဧရာဝတီတိုင်းအတွင်း ငါးမွေးမြူကန်များမှာ ရေကြီးရေလျှံဖြစ်နိုင်ပါသဖြင့်

    - ကန်ဘောင်မှ ၆ လက်မအောက်အကွာတွင် ရေထုတ်ပြွန်များ တပ်ပေးရန်၊ အပြင်ဘက်မှလည်း ကန်အတွင်း ရေဝင်လာနိုင်တာကြောင့် ကန်ဘောင်အပေါ်မှ သဲအိတ်များ စီထားရန်

    - အကယ်၍ရေကြီးရေလျှံလာပါက ငါးများလွတ်ထွက်မှုမရှိစေရေးအတွက် ဇာပြာပိုက်များဖြင့်ကာရံထားပါရန်

    - ငါးများ ရွှေ့ပြောင်းနိုင်ရန်အတွက် ငါးဖမ်းပိုက်များ၊ စက်လှေများနှင့် စက်ပစ္စည်းများအား ကြိုတင်ပြင်ဆင်ထားပါရန် နှင့် အထူးသဖြင့် မျိုးငါးကြီးများအား ဦးစားပေးရွှေ့ပြောင်းထားပါရန်

    - ကန်များအတွင်း ရေအပူချိန်၊ ရေချဉ်ဖန်နှုန်း ကျနိုင်သဖြင့် မိုးရွာစဉ်၊ မိုးအုံ့စဉ်တွင် အစာများ အလေအလွှင့်မဖြစ်စေရန် လျော့ကျွေးရန်၊ ညနေပိုင်း နေပွင့်ချိန်မှ ကျွေးရန်

    - တိမ်ထူသော ရက်များတွင် ငါးကန်များအတွင်းရှိ အပင်မျောလှေးများသည် အစာချက်နှုန်း ကျလာနိုင်ပြီး ပျော်ဝင်အောက်ဆီဂျင်ပမာဏနည်းလာနိုင်သဖြင့် Weather Source: CIAT

    Weather Source: CIAT


  • article
likes10comments0
views278views7401