cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းဒေသကြီး အတွက် တပတ်တာမိုးလေဝသခန့်မှန်းချက် နှင့် စိုက်ပျိုးရေးအကြံပြုချက်

. ရာသီဥတု သတင်းများ
အောက်တိုဘာ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ မိုးလေဝသနှင့်စိုက်ပျိုးရေးအကြံပြုချက်
  • ဟင်္သာတနှင့် ဇလွန်မြို့နယ် 

    ယနေ့မှ အောက်တိုဘာ ၉ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းဝန်းကျင် ရှိပါတယ်။ အောက်တိုဘာ ၁၀၊ ၁၁၊ ၁၂ ရက်တို့မှာတော့ ၇၀ ရာခိုင်နှုန်းဝန်းကျင် ရှိသဖြင့် တိမ်ထူနိုင်ပါတယ်။ 

    လပွတ္တာမြို့နယ် 

    အောက်တိုဘာ ၆၊ ၇၊ ၉ ရက်တို့တွင် မိုးရွာရန် ၉၀ ရာခိုင်နှုန်း ရှိပြီး အောက်တိုဘာ ၈၊ ၁၀၊ ၁၂ ရက်တို့တွင် ၈၀ ရာခိုင်နှုန်းဝန်းကျင် ရှိပါသဖြင့် ဆက်လက် မိုးကောင်းနိုင်ပါတယ်။ အောက်တိုဘာ ၁၁ ရက်နေ့မှာတော့ ၁၁ ရာခိုင်နှုန်းသာ ရှိသဖြင့် တိမ်အသင့်အတင့် ရှိနိုင်ပါတယ်။ 

    ဓနုဖြူ၊ မအူပင်၊ ညောင်တုန်းနှင့် ပန်းတနော်မြို့နယ် 

    ယနေ့မှ အောက်တိုဘာ ၁၀ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းဝန်းကျင် ရှိပါတယ်။ အောက်တိုဘာ ၁၁၊ ၁၂ ရက်တို့မှာတော့ ၇၀ ရာခိုင်နှုန်း နီးပါးသာ ရှိသဖြင့် တိမ်ထူနိုင်ပါတယ်။ 

    မြောင်းမြနှင့် ပုသိမ်မြို့နယ် 

    ယနေ့နှင့် မနက်ဖြန်မှာ ရာနှုန်းပြည့်နီးပါး မိုးရွာသွန်းနိုင်ပါတယ်။ အောက်တိုဘာ ၈ ရက်‌နေ့မှာ ၄၀ ရာခိုင်နှုန်းသာ ရှိသဖြင့် နေပွင့်နိုင်ပါတယ်။ အောက်တိုဘာ ၉၊ ၁၀၊ ၁၂ ရက်တို့မှာ ၈၀ ရာခိုင်နှုန်းကျော် ရှိသဖြင့် မိုးရွာသွန်းနိုင်ပြီး ၁၁ ရက်နေ့မှာ ၆၀ ရာခိုင်နှုန်းရှိသဖြင့် တိမ်အသင့်အတင့် ရှိနိုင်ပါတယ်။ 

    ဝါးခယ်မမြို့နယ် 

    ယနေ့မှ အောက်တိုဘာ ၁၀ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းဝန်းကျင် ရှိပါတယ်။ အောက်တိုဘာ ၁၁၊ ၁၂ ရက်တို့မှာတော့ ၇၀ ရာခိုင်နှုန်း နီးပါးသာ ရှိသဖြင့် တိမ်ထူနိုင်ပါတယ်။ 

    ကျုံပျော်မြို့နယ် 

    ယနေ့နှင့် မနက်ဖြန်မှာ ၉၀ ရာခိုင်နှုန်းရှိသဖြင့် မိုးရွာသွန်းနိုင်ပါတယ်။ အောက်တိုဘာ ၈ ရက်နေ့မှာ ၄၀ ရာခိုင်နှုန်းသာ ရှိသဖြင့် နေသာနိုင်ပြီး ၉၊ ၁၀၊ ၁၁၊ ၁၂ ရက်တို့မှာ ၇၀ ရာခိုင်နှုန်း နီးပါးသာ ရှိသဖြင့် တိမ်ထူနိုင်ပါတယ်။ 

    ကျိုက်လတ် နှင့် ဖျာပုံ မြို့နယ် 

    ယနေ့ မိုးရွာရန် ရာနှုန်ပြည့် ရှိပြီး အောက်တိုဘာ ၇၊ ၈၊ ၉ ရက်တို့မှာတော့ ၉၀ ဝန်းကျင်ရှိသဖြင့် ဆက်လက် မိုးရွာသွန်းနိုင်ပါတယ်။ အောက်တိုဘာ ၁၀၊ ၁၁၊ ၁၂ ရက်တို့မှာတော့ ၇၀ ဝန်းကျင်ရှိသဖြင့် တိမ်ထူနိုင်ပါတယ်။ 

    ထွက်တိုးမှ စိုက်ပျိုးရေးအကြံပြုချက် 

    စပါးခင်းသံဆိပ်သင့်ခြင်းအတွက် ရေထုတ်လို့ရရင် ရေတစ်ပါတ်တိတိထုတ်ပေးပါ၊ ရေထုတ်မရပါက ပိုတက်စီယမ်နဲ့ဂျစ်ဆမ် မြေဩဇာများကျွေးပေးပါ၊ ပုလဲမြေဩဇာ အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။ 

    မှိုနှင့်ဘတ်တီးရီးယားရောဂါများကာကွယ်ရန်အတွက် ကော့ပါးပါဝင်သော ဆေးများအသုံးပြုပက်ဖျန်းပေးပါ။ 

    စပါးမှိုသီးရောဂါကို Triazoles အုပ်စုဝင်ဆေးများ ကြိုတင်ပက်ဖျန်းကာကွယ်နှိမ်နင်းပါ။ 

    စပါးဂုတ်ကျိုးရောဂါကို Tricyclazole ဆေးအဆိပ်ပါဝင်တဲ့မှိုသတ်ဆေးအသုံးပြုကာကွယ်နှိမ်နင်းပါ။ 

    နှံစုပ်ပိုး အတွက် ထိသေစားသေ ပိုးသတ်ဆေးများ အသုံးပြုကာကွယ်နှိမ်နင်းပါ။ 

    ရွက်လိပ်ရွက်ကပ်၊ဆစ်ပိုး၊ဖြုတ်ပိုးတို့ အတွက် ပင်လုံးပြန့်ပိုးသတ်ဆေးများ အသုံးပြုကာကွယ်နှိမ်နင်းပါ။ 

    စပါးဘတ်တီးရီးယားအနှံခြောက်ရောဂါ မပြင်းထန်အောင် ပုလဲမြေဩဇာကို သင့်တင့်မျှတစွာကျွေးပါ။ 

    ပိုးရောဂါကင်းပါက စပါးနှံစေ့များ ပိုမိုအောင်မြန်ကျန်းမာစေရန် ပိုတက်စီယမ်ရွက်ဖျန်းမြေဩဇာများ အသုံးပြုပက်ဖျန်းပေးပါ။ 

    CIAT

    -----

    မိုးလေဝသခန့်မှန်းချက်များ၊ မိုးလေဝသသတင်းများ၊ မိုးလေဝသဆိုင်ရာ စိုက်ပျိုးရေးအကြံပြုချက်များနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://bit.ly/htwettoev2



  • article
  • article
likes21comments0
views175views12577