စပါးမှာ သံဓါတ် အဆိပ်သင့်ခြင်း (သို့မဟုတ်) စပါးအမြစ်များ နီနေခြင်း၊ မဲပုပ်နေခြင်းအကြောင်းများ
မိုးကောင်းသောက်ဒေသတွင် မိုးရေရရှိရန် မသေချာသဖြင့် စပါးအောင်ရေရသည်အထိ ရေလှောင်ထားခြင်း၊ ဆည်ရေသောက်ဒေသတွင် ရေသွင်းရေထုတ်ရန် အခက်အခဲရှိသော အကွက်များတွင် ရေကိုထိန်းသိမ်းလှောင်ထားခြင်းများ ပြုလုပ်သည့်အခါတွင် အနည်းလိုအာဟာရဓာတ်ဖြစ်သော သံဓာတ်ပျော်ဝင်စုစည်းလာပြီး တောင်သူအခေါ် “ နီတို “ ဖြစ်လာတတ်သည်။
သံဆိပ်သင့်မှုကို ဖြစ်ပေါ်စေနိုင်တဲ့ အခြေအနေ
• အဆိပ်သင့်မှုမှာ အချဉ်ဓာတ်လွန်ကဲသောမြေများ၊ ရေဝပ်မြေများတွင် လေဝင်လေထွက် ညံ့ခြင်းကြောင့် သံဓါတ် အဆိပ်သင့်ခြင်းကို ပိုဖြစ်စေသည်။
• သံဓါတ် အဆိပ်သင့်ခြင်းကို မြေအများအပြားတွင် တွေ့ရပြီး ရေအမြဲသွင်းထားသည့် စပါးခင်းတွင် ပို၍ အဖြစ်များသည်။ စပါးပင် သက်တမ်း တစ်လျှောက်လုံးတွင် တွေ့ရသည်။ သံဆိပ်သင့်မှု လက္ခဏာ
• သံဓါတ် အဆိပ်သင့်ခြင်းဖြင့် စပါးရွက်တွင် ကြေးနီရောင် ပြောင်းသွားသည်။
• သံဆိပ်သင့်ခြင်း ဆိုးဝါးပါက အပင်ပုပြီး အရွက်သည့် ခရမ်းရင့်ရောင် ပြောင်းသွားသည်။ အပင်ပုခြင်း၊ ပင်ပွားနည်းခြင်းကို ဖြစ်စေပါသည်။
• အမြစ်များ ညိုမဲပြီး သေဆုံးသွားပါသည်။ အပင်ကို ဆွဲနုတ်ကြည့်သည့် အခါ အမြစ်ပွားများမှုနှုန်း နည်း၍ အမြစ်များသည်လည်း မဲပုပ်နေသည်ကို တွေ့ရပါသည်။
ပြန်လည်ကုစားနည်း
• ပိုတက်(K) ဓာတ်ပါသော မြေသြဇာများအပြင် ဂျစ်ပဆန်နှင့် ကယ်လ်စီယမ်(Ca)ပါသော ဓာတ်မြေသြဇာများ ထည့်ပေးခြင်းဖြင့်လည်း အဆိပ်သင့်မှုကို ပြေပျောက်စေနိုင်ပါသည်။
• ရေသွင်းရေထုတ်လွယ်ကူသော အကွက်များတွင်မူ ရေထုတ်ခြင်းဖြင့် သံအဆိပ်သင့်မှု လွတ်ကင်းမည်ဖြစ်ပြီး ရေထုတ်ပြီး တစ်ပတ်မှ ၁၀ ရက်အကြာ မြေဖန့်ပါက ရေပြန်သွင်းပြီး လိုအပ်မည့်အာဟာရများ ပြန်ဖြည့်တင်းပေးနိုင်ပါသည်။
• ရေသွင်းပြီး (၁၀-၂၀) ကြာမှ အပင်ကို ရွှေ့ပြောင်းစိုက်ပျိုးပါ။ မြေချဉ်ပါက ထုံးထည့်ပေးပါ။ ပိုတက်ဆီယမ် (K) ၊ ဖော့စဖရပ်(စ်) (P) နှင့် မဂနီဆီယမ် (Mg) ကို လုံလောက်စွာကျွေးပါ။
Source-Htwet Toe
----
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။