cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အသစ်ဝင်နှမ်းနက် အဝယ်သွက်နေသော်လည်း ပို့ကုန်ပဲနှင့် ပြည်တွင်းသုံးပဲမာလိုင်းများ ဈေးအေးနေ

. ဈေးကွက်
နှမ်းနက်မှာ ဈေး အကောင်းကြီးမဟုတ်သော်လည်း ထိုက်သင့်သည့် ပေါက်ဈေးနှုန်း တစ်ခုဖြစ်ကြောင်း ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင်က ပြောသည်။
  • အသစ်ဝင်ရောက်လာသည့် နှမ်းနက်မှာ တရုတ်လိုင်းအဝယ် သွက်နေသော်လည်း ပို့ကုန်ပဲများ နှင့်ပြည်တွင်းသုံး ပဲမာလိုင်းများ ဈေးအေးနေကြောင်း ပဲ၊ နှမ်းကုန် သည်များထံက သိရသည်။

    အောက်တိုဘာဆန်းပိုင်းတွင် အညာဖြစ်ရိုးတစ်လျှောက်မှ နှမ်း နက်များ အသစ်ဝင်ရောက်လာတာ ပြီး လက်ရှိပေါက်ဈေးမှာလည်း အမြင့်ဈေးထက်အနည်းငယ်လျော့ ကျနေတာကြောင့်လည်း လှောင် လက်များ အဝယ်သွက်နေခြင်း ဖြစ်သည်။

     ပို့ကုန်ပဲများ အပါအဝင် ပြည်တွင်းသုံးကုလားပဲအုပ်စု၊ ပဲမာ လိုင်းများမှာ ဈေးအတက်အကျ မရှိဈေးတည်ငြိမ်နေကြောင်း၊ စား အုန်းဆီ တင်သွင်းမှုလျော့ချမှုနှင့် အတူ ကုန်ဈေးနှုန်းတည်ငြိမ်ရေး ဆောင်ရွက်ချက်များကြောင့်လည်း ပြည်တွင်းမြေပဲဆီစက်များ ဝယ်လို အားကောင်းနေတာကြောင့် မြေပဲ ဆန်မှ အရောင်းအဝယ်ကောင်းနေ ခြင်းဖြစ်ကြောင်း လက်ရှိအောက်တို ဘာလဆန်းပိုင်းမှာ အသစ်ဝင်ရောက် လာသည့် နှမ်းနက်မှာ ဈေး အကောင်းကြီးမဟုတ်သော်လည်း ထိုက်သင့်သည့် ပေါက်ဈေးနှုန်း တစ်ခုဖြစ်ကြောင်း ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင်က ပြောသည်။

     `` ပို့ကုန်ပဲတွေနဲ့ ပြည်တွင်း ပဲမာလိုင်းကတော့ ဈေးအေးနေပါ တယ်။ အသစ်ဝင်နှမ်းနက်ကတော့ တရုတ်ကုန်သည်တွေ အဝယ်သွက် နေပါတယ်။ ပဲစင်းငုံကတော့ ပေါက်ဈေးသာရှိနေတာ အဝယ် ကောင်းကောင်း မရှိသေးပါဘူး။ ပြည်တွင်းဆီလိုအပ်ချက်များနေ တော့ မြေပဲဆီစက်တွေ ပြန်လည် ပတ်နေလို့ မြေပဲဆန်ကတော့ အရောင်းအဝယ်ကောင်းနေပါတယ်။ အခြားပဲတွေကတော့ အသစ်ဝင်မရှိ သေးသလို ဈေးကလည်း ငြိမ်နေပါ တယ် ´´ဟု ၎င်းက ပြောသည်။

    အောက်တိုဘာ ၅ ရက်တွင် သုံးတင်းဝင် မတ်ပဲပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၃၈၀၀၀ ပေါက်ဈေး၊ ပဲစင်းငုံပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၃၉၀၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီ စိမ်းအညာ ၅၆ ဒသမ ၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၇၃၀၀၀ ပေါက်ဈေးဖြစ်လာသည်။

     ပြည်တွင်းသုံးကုလားပဲ အုပ်စုမှာ ဈေးမြင့်တက်လာပြီး နှမ်း မျိုးစုံဈေးကွက်မှာ အနည်းငယ် ကျဆင်းသွားရာ စက်တင်ဘာ ၂၈ ရက်တွင် ကုလားပဲ V2 တစ်အိတ် လျှင် ငွေကျပ် ၂၆၅၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၂၇၃၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၁၀၀၀၊ ၉၂၉ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၆၅၀၀၀ ပေါက်ဈေးဖြစ်လာသည်။

    ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ်၄၂၀၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၅၅၀၀၀၊ ကျွန်းစားတော်ပဲတစ် အိတ်လျှင် ငွေကျပ် ၃၆၀၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ် ငွေကျပ် ၂၁၅၀၀၀၊ မြေပဲအနီလုံး ဆန်(ဝိုင်း)တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ ပေါက်ဈေးရှိသည်။

    နှမ်းမျိုးစုံဈေးကွက်မှာ ယခင် သီတင်းပတ်ထက် သိသိသာသာ ဈေးကျဆင်းသွားရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀၊နှမ်းညို(သစ်)တစ်အိတ် လျှင်ငွေကျပ်၂၈၅၀၀၀၊နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

    ရွှေမန်း

    မကွေးဂျာနယ်မှကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes5comments0
views118views5345