cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးမွေးတောင်သူဦးကြီးတို့အတွက် တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး)  

. ရာသီဥတု သတင်းများ
ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းအတွင်း မိုးကြီးနေပါသဖြင့် ငါးမွေးမြူကန်များမှာ ရေကြီးရေလျှံဖြစ်နိုင်ခြေများနေပါတယ်..
  • ပဲခူးတိုင်းဒေသကြီး 

    ၁။လက်ပံတန်းမြို့နယ်  

    ယနေ့မိုးရွာရန်၇၀ ရာခိုင်နှုန်းသာ ရှိပြီး အောက်တိုဘာ ၁၀၊ ၁၁၊ ၁၂ ရက်တို့မှာ ၉၀ ရာခိုင်နှုန်းဝန်းကျင်မိုးရွာသွန်းနိုင်ပါတယ်။ အောက်တိုဘာ ၁၃၊ ၁၄ ရက်တို့မှာ ၅၀ ရာခိုင်နှုန်းဝန်းသာ ရှိသဖြင့်နေပွင့်နိုင်ပါတယ်။ ၁၅ ရက်တို့မှာတော့ ၇၀ ရာခိုင်နှုန်း ရှိသဖြင့် တိမ်အသင့်အတင့် ရှိနိုင်ပါတယ်။  

    ၂။မိုးညိုမြို့နယ်  

    ယနေ့ မိုးရွာရန် ၄၀ ရာခိုင်နှုန်းသာ ရှိသဖြင့် နေသာနိုင်ပါတယ်။ အောက်တိုဘာ ၁၀၊ ၁၁၊ ၁၂ ရက်တို့မှာ ၉၀ ရာခိုင်နှုန်းရှိသဖြင့် မိုးများနိုင်ပါတယ်။ အောက်တိုဘာ ၁၃၊ ၁၄၊ ၁၅ ရက်တို့မှာတော့ ၇၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိသဖြင့် တိမ်ထူနိုင်ပါတယ်။

    ၃။သာယာဝတီမြို့နယ်  

    ယနေ့မိုးရွာရန် ၇၀ ရာခိုင်နှုန်းသာ ရှိပြီး အောက်တိုဘာ ၁၀၊ ၁၁၊ ၁၂ ရက်တို့မှာ ၉၀ ရာခိုင်နှုန်းဝန်းကျင် မိုးရွာသွန်းနိုင်ပါတယ်။ အောက်တိုဘာ ၁၃၊ ၁၄ ရက်တို့မှာ ၅၀ ရာခိုင်နှုန်းဝန်းသာ ရှိသဖြင့် နေပွင့်နိုင်ပါတယ်။ ၁၅ ရက်နေ့မှာတော့ ၇၀ ရာခိုင်နှုန်း ရှိသဖြင့် တိမ်ထူနိုင်ပါတယ်။  

     

    ရန်ကုန်တိုင်းဒေသကြီး  

    ၁။တွံတေးမြို့နယ်  

    ယနေ့ မိုးရွာရန် ၆၀ ရာခိုင်နှုန်းသာ ရှိပြီး အောက်တိုဘာ ၁၀၊ ၁၁၊ ၁၂ ရက်တို့မှာ ၉၀ ရာခိုင်နှုန်းရှိသဖြင့် မိုးဆက်လက် ရွာသွန်းနိုင်ပါတယ်။ အောက်တိုဘာ ၁၃ ရက်မှာ တိမ်ထူနိုင်ပြီး ၁၄ ရက်မှာ နေပွင့်နိုင်ခြေရှိပါတယ်။ ၁၅ ရက်နေ့မှာ ၈၀ ရာခိုင်နှုန်းရှိသဖြင့် မိုးရွာနိုင်ပါတယ်။ 

    ၂။ သန်လျင်မြို့နယ်  

    ယနေ့ မိုးရွာရန် ၈၀ ရာခိုင်နှုန်းနှင့် အောက်တိုဘာ ၁၀၊ ၁၁ ရက်တို့မှာ ၉၀ရာခိုင်နှုန်းကျော် ရှိသဖြင့် မိုးအားကောင်းစွာ ရွာသွန်းနိုင်ပါတယ်။ ၁၂၊ ၁၃ ရက်တို့မှာလည်း ၈၀ ရာခိုင်နှုန်းနီးပါး ရှိသဖြင့် မိုးရွာသွန်းနိုင်ပါတယ်။ ၁၄၊ ၁၅ ရက်တို့မှာတော့ ၆၀ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိပါတယ်။

    ၃။ကျောက်တန်းမြို့နယ်  

    ယနေ့နှင့် အောက်တိုဘာ ၁၁ ရက်နေ့မှာ ၈၀ ရာခိုင်နှုန်းကျော်ရှိသဖြင့် မိုးရွာသွန်းနိုင်ပါတယ်။ အောက်တိုဘာ ၁၀၊ ၁၂၊ ၁၃၊ ၁၄ ရက်တို့မှာ ၅၀ ရာခိုင်နှုန်း

    ဝန်းကျင်သာ ရှိပါသဖြင့် တိမ်အနည်းငယ်သာရှိပြီး နေသာနိုင်ပါတယ်။ ၁၅ ရက်နေ့မှာတော့ ၇၀ ရာခိုင်နှုန်း ရှိပါတယ်။

     

    ငါးကန်များအတွက်အကြံပြုချက်  

    ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းအတွင်း မိုးကြီးနေပါသဖြင့် ငါးမွေးမြူကန်များမှာ

    ရေကြီးရေလျှံဖြစ်နိုင်ခြေများနေပါတယ်..  

    ·      ကန်ဘောင်မှ ၆ လက်မအောက်အကွာတွင် ရေထုတ်ပြွန်များ တပ်ပေးရန်၊ အပြင်ဘက်မှလည်း ကန်အတွင်း ရေဝင်လာနိုင်တာကြောင့် ကန်ဘောင်အပေါ်မှ သဲအိတ်များ စီထားရန် 

    ·      အကယ်၍ရေကြီးရေလျှံလာပါက ငါးများလွတ်ထွက်မှုမရှိစေရေးအတွက်

    ဇာပြာပိုက်များဖြင့်ကာရံထားပါရန်  

    ·      ငါးများ ရွှေ့ပြောင်းနိုင်ရန်အတွက် ငါးဖမ်းပိုက်များ၊ စက်လှေများနှင့် စက်ပစ္စည်းများအား ကြိုတင်ပြင်ဆင်ထားပါရန် နှင့် အထူးသဖြင့်

    မျိုးငါးကြီးများအား ဦးစားပေးရွှေ့ပြောင်းထားပါရန် 

    ·      ကန်များအတွင်း ရေအပူချိန်၊ ရေချဉ်ဖန်နှုန်း ကျနိုင်သဖြင့် မိုးရွာစဉ်၊ မိုးအုံ့စဉ်တွင် အစာများအလေအလွှင့်မဖြစ်စေရန် လျော့ကျွေးရန်၊ ညနေပိုင်း နေပွင့်ချိန်မှ ကျွေးရန် 

    ·      တိမ်ထူသောရက်များတွင် ငါးကန်များအတွင်းရှိ အပင်မျောလှေးများသည် အစာချက်နှုန်း ကျလာနိုင်ပြီး ပျော်ဝင်အောက်ဆီဂျင်ပမာဏနည်းလာနိုင်သဖြင့် လေဒဟတ် တပ်ဆင်ပေးရန် 

    Weather Source: CIAT 


  • article
likes13comments0
views262views13748