cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးမြစ်ရေကြီးမှု သတိပေးချက်‼️ (၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၉ရက်နေ့၊ ၈ နာရီအချိန် သုံးသပ်ချက်)

. ရာသီဥတု သတင်းများ
ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အထက် ၁၆၆ စင်တီမီတာ/ ၆၅ လက်မ သို့ ရောက်ရှိနေပါသဖြင့် အလွန် အန္တရာယ်ရှိသော အခြေအနေဖြစ်ပါသည်။ မိုးလေဝသခန့်မှန်းချက်အရ အောက်တိုဘာ ၁၀၊ ၁၁၊ ၁၂ ရက်တို့မှာ မိုးရွာရန် ၉၀ ခိုင်နှုန်းဝန်းကျင်ရှိ‌နေပါသေးသဖြင့် ဆက်လက်မိုးရွာသွန်းနိုင်ပါသည်။ အဆိုပါ မြစ်ရေသည် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
  • အကြံပြုချက်👇👇


    ❗ပဲခူးမြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန်၊ကုန်းမြင့်ပိုင်းသို့ ရွှေ့ပြောင်းနေထိုင်ကြပါရန်၊

    ❗တိရစ္ဆာန်များ ဘေးကင်းလုံခြုံရာသို့ ရွှေ့ပြောင်းထားပါရန်၊

    ❗လယ်ယာသုံးစက် ကိရိယာများ၊ မျိုးစေ့များ၊ စိုက်ပျိုးရေးသွင်းအားစုများလုံခြုံစွာ သိမ်းဆည်းထားပါရန်၊

    ❗သီးနှံစိုက်ခင်းများ ရေထုတ်‌မြောင်း ပြုလုပ်ထားပါရန်၊

    ❗အချိန်မှီပါက ရိတ်သိမ်းထားပြီး မိုးလွတ်ကင်းနိုင်သည့်နေရာသို့ အမိုးအကာအောက်လုံခြုံစွာ သိမ်းဆည်းထားရန်၊

    ❗ငါးမွေးမြူရေးကန်များ ရေလျှံလာပါက ငါးများလွတ်ထွက်မှုမရှိစေရေးအတွက် ဇာပြာပိုက်များဖြင့်ကာရံထားပါရန်  

    ❗ငါးများ ရွှေ့ပြောင်းနိုင်ရန်အတွက် ငါးဖမ်းပိုက်များ၊ စက်လှေများနှင့် စက်ပစ္စည်းများအား ကြိုတင်ပြင်ဆင်ထားပါရန် နှင့် အထူးသဖြင့် မျိုးငါးကြီးများအား ဦးစားပေးရွှေ့ပြောင်းထားပါရန်

    Source: MIMU


  • article
likes16comments0
views250views13032