cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သတိပြုကာကွယ်ရမည့် ငရုတ်သီးတွင်ဖြစ်တတ်သော ပျက်စီးမှုများ

. ရောဂါ
ကာကွယ်ရမည့် ငရုတ်သီးတွင်ဖြစ်တတ်သော ပျက်စီးမှုများ
  • ငရုတ်မှာ ရောဂါများစွာ ကျ‌ရောက်တတ်ပါတယ်။ အသီးမှဲ့ပြောက်စွန်းရောဂါက မျိုးစေ့က မှိုပါတဲ့ မျိုးစေ့ဆောင်ရောဂါ မျိုးဖြစ်တော့မျိုးစေ့ကို ဟိုမိုင်းလို့ခေါ်တဲ့ဆေးနဲ့ မျိုးစေ့တစ်ကီလိုမှာ ဆေးသုံးဂရမ်နဲ့ လူးနယ်စိုက်ပျိုးရင် ရောဂါကျတာ သက်သာတယ်။ မိုးရာသီစိုက်တဲ့ငရုတ်မှာ နွေနဲ့ ဆောင်းစိုက်ထက် ပိုပြီးရောဂါဖြစ်နိုင်တယ်။ အသီးပေါ်ရောဂါကျမှသိကြတော့ နောက်ကျသွားပြီ။ စတင်ဖြစ်တာက အပွင့်စပွင့်ချိန်ကတည်းက ရောဂါလက္ခဏာပြနေပြီ။ စိုက်ခင်းထဲက ငရုတ်ပင်ပွင့်ချိန် အပွင့်တွေ သေချာစစ်ဆေးကြည့်ရှူပေးရပါတယ်။ ရေလည်း ပုံမှန်ပေးလျက်သားနဲ့ အပင်က လန်းပြီး အပွင့်တွေပဲ ရွေးကွက် ညှိုးငိုက်နေရင် ရောဂါစပြီ။အပွင့်က ညှိုးခြောက်ကြွေကျပေမဲ့ ရောဂါက ပွင့်ညှာမှာကျန်ခဲ့ပြီး အကိုင်းအထိကူးသွားနိုင်တယ်။  

    အကိုင်းရောက်သွားတော့ ပြသတာက ကိုင်းဖျားခြောက်တာမျိုး၊ ကိုင်းဆုံကိုင်းခွခြောက်တာမျိုး တွေ့ရမယ်။အကိုင်းကနေ အသီးရှိရာ ရောဂါရောက်သွားပြီး အသီးပေါ်မှာ စတင်တွေ့ရမှာကရေစိုအနာကွက်၊ ဒီနောက် အကွက်ကြီးကကျယ်လာပြီး နီညိုရောင်အနာကွက်ကနေအမည်းရောင် အနာကွက်တွေဖြစ်မယ်။ သေချာကြည့်ရင် အနာကွက်တွေပေါ်မှာ မှိုအဖုလေးတွေရှိတာ တွေ့ရမယ်။ အသီးတွေထဲမှာကြည့်လိုက်ရင် တွန့်ရှုံ့နေမယ်။ ရောဂါက ဒီလောက်အထိဖြစ်လာရင် ပျံ့နှံ့ကူးစက်မှုမြန်တယ်။ သွင်းတဲ့ဖျန်းတဲ့ရေ၊ တိုက်ခတ်တဲ့လေ၊ ရွာတဲ့မိုးရေမိုးပေါက်တွေနဲ့ ကူးစက်တာပဲ။ ငရုတ်သီးအနုလည်းဖြစ်တာပဲ။ ဒါပေမဲ့ ရောဂါလက္ခဏာက အသီးရင့်မှ လာပြတတ်တယ်။  

    မှိုသတ်ဆေးသုံးရပြီး စိုက်ခင်းမှာ နေရောင်ရမှု၊ လေဝင်လေထွက်ကောင်းအောင် ရောဂါမကျခင်ကတည်းကပြုလုပ်ပေးထားရတယ်။ ငရုတ်သီးမှဲ့ပြောက်စွန်းရောဂါ (ANTHRACNOSE) နဲ့ ကိုင်းဖျားခြောက် (DIEBACK) ရောဂါက မှိုမျိုးတစ်မျိုးတည်းကရောဂါဖြစ်တာကြောင့် ယှဉ်တွဲပြီး အမြဲတွေ့ရတတ်ပါတယ်။ အသီးမှာ မှဲ့ပြောက်တွေ့ရတာမကဘူး။ အရွက်မှာလည်း မှဲ့ပြောက်အကွက်  

    တွေ တွေ့ရပါမယ်။ ငရုတ်မှာ သီးပုပ်ရောဂါဖြစ်လာရင်တစ်ပြိုင်နက် ပင်စည်လည်းပုပ်တာကို နှစ်ခုယှဉ်တွဲတွေ့ရတတ်ပါတယ်။ ပင်စည်အခေါက်တွေ ရောဂါကျမယ်၊ ပင်စည်ကိုရောဂါက တစ်ပတ်ပတ်မိရင် ပင်စည်ကျိုးကျသွားပါမယ်။ ပင်စည်မှာ ရောဂါကြောင့် အဖုတွေတွေ့ရမယ်။ ကိုင်းတွေခြောက်လာမယ်။ အဲဒီကနေ အသီးရောက်သွားမယ်၊ ပုပ်မယ်။ ရောဂါက ရေနဲ့ မြေကနေ ကူးစက်ပျံ့နှံ့နိုင်ပါတယ်။  

    ငရုတ်သီးတောင့်ရှည်တွေမှာ အများဆုံးတွေ့ရတတ်တယ်။ တချို့လည်း ငရုတ်သီးခြောက်လာမှ ညိုမည်းခြောက်တာကို တွေ့လာကြရတယ်။ငရုတ်သီးမှာ မှိုရောဂါတွေ ဖြစ်တာကျတော့ အဆိပ်မှိုတွေ (အဖရာတော့ပ်ဆင်ဘီ-တစ်) ဆက်ပြီးဖြစ်နိုင်လို့ စားသုံးသူကို ရောဂါတွေဖြစ်စေလို့ ငရုတ်သီးမှာကျတဲ့ ရောဂါတွေဟာ တခြားအသီးတွေမှာကျတဲ့ ရောဂါတွေထက် ပိုပြီးဂရုစိုက်ကာကွယ်နှိမ်နင်းပေးကြသင့်ပါတယ်။  

    မှိုသတ်ဆေးတွေကို အပင်မှာ ပန်းမပွင့်ခင်ဖြစ်စေ၊ အပင်ငယ်စဉ်ဖြစ်စေ ကြိုတင်ပက်ဖျန်းတာမျိုးလုပ်ကြတယ်။ သက်သာမှုရှိတယ်။အဓိကပြုလုပ်ရမှာက ရောဂါခံနိုင်တဲ့ငရုတ်မျိုးရွေးချယ်စိုက်ဖို့ မစိုက်ခင် ငရုတ်မျိုးစေ့ကို မှိုသတ်ဆေးလူးနယ်စိုက်ဖို့၊ စိုက်ပြီးရင် အပင်ငယ်ဘဝကတည်းက ရောဂါကာကွယ်ဖို့၊ စိုက်ခင်းထဲ ရေမဝပ်ဖို့၊ ရေမများဖို့၊ အစိုမများဖို့ ပြုလုပ်ပေးရပါတယ်။ ငရုတ်သီးက စိုက်ပြီးနှစ်လကြာရင်အပင်က ပန်းပွင့်မယ်။ ပွင့်ပြီးနှစ်ပတ်ကြာရင် စတင်ခူးနိုင်မယ်။ စိုက်ပြီး လေးလခန့်အထိ ရက်ခြားခူးနိုင်မယ်။ အစိမ်းခူးချင်ခူး၊ အမှည့်ခူးရင် နီရဲမှည့်မှ ခူးသင့်တယ်။ ဒီလိုနီရဲမမှည့်ခင် အသီးက ဟိုနားစိမ်း၊ ဒီးနားမှည့်တာမျိုးရှိတဲ့ ကြက်တူရွေးနှုတ်သီးမှည့်တာမျိုးနဲ့ အသီးတစ်ခုလုံး ညိုတိုတိုမှည့်တာမျိုး ကြေးညိုတောင့်တွေဖြစ်လာပြီးမှ (ဒါမျိုးမခူးဘဲ) နီရဲမှည့်မှခူးရင် အခြောက်ခံဖို့အတွက် အမှည့်ကောင်းဖြစ်တယ်။  

    ကိုရဲ(စိုက်ပျိုးရေး)  

    မြန်မာတောင်သူကြီးများ ဂျာနယ်  


  • article
likes11comments0
views131views3429