ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်၁၃မြို့နယ် ရဲ့ မိုးရွာရန် ရာခိုင်နှုန်းများကို တပတ်အတွင်း ခန့်မှန်းချက်
အောက်တိုဘာ ဒုတိယ အပတ်မှာလည်း ဘယ်မြို့နယ်တွေက ၁၀၀ ရာခိုင်နှုန်း မိုးရွာသွန်းနိုင်မလဲဆိုတာကို ထွက်တိုးရဲ့ ခန့်မှန်းချက်တွေကို ဝင်ရောက်ကြည့်ရှုသွားကြပါအုံးနော်
မိုးနှောင်းပိုင်း ရောက်လာပေမယ့်လည်း မြန်မာပြည်အောက်ပိုင်း နဲ့ နေရာအနှံ့အပြားမှာ မိုးများရွာသွန်းလျက်ရှိနေဆဲဖြစ်တာမို့ ခုတစ်ပတ်မှာတော့ ဧရာဝတီတိုင်း ဒေသကြီးရဲ့ တပတ်စာမိုးလေဝသ ခန့်မှန်းချက်နဲ့ အတူ စပါးစိုက်တောင်သူ ၊ ငါးမွေးတောင်သူ နဲ့ ငါးလုပ်ငန်းရှင်များအတွက် စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းအကြံပြုချက်တွေကိုပါ ရေးသာဖော်ပြပေးလိုက်တယ် ခင်ဗျာ.......
စိုက်ပျိုးရေးအကြံပြုချက်
စပါးစိုက်တောင်သူကြီးများ ခင်ဗျာ ဦးကြီးတို့ စပါးစိုက်ခင်းများတွင် သံအဆိပ်သင့်ခြင်းလက္ခဏာကို မကြာခဏ တွေ့ဖူးကြမည်ထင်ပါတယ်။ မိုးများပြီး ရေဝင်တဲ့ စပါးခင်းတွေ ရေထုတ်ရခက်တဲ့ အခါမှာ သံအဆိပ်သင့်မှု ကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ရမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
သံအဆိပ်သင့်မှုဖြစ်စေသော အဓိက အကြောင်းအရာများမှာ
• မြေထဲတွင် သံဓာတ်ပါဝင်မှု့များခြင်း
• ရေထုတ်ရခက်ခဲသဖြင့် အမြဲဓာတ်လျော့ပုံစံဖြစ်နေခြင်း
• မြေဆီလွှာထဲတွင် P,K,Mg,Ca စသည့် ဓာတ်အဖို များ နည်းနေခြင်း
• မဆွေးမြေ့သော Organic Matter များ များပြားခြင်း တို့ကြောင့်ဖြစ်ပါတယ်။
စပါးတွင် (နီတို) သံဓာတ်အဆိပ်သင့်ခြင်းကြောင့် စတင်ဖြစ်ပေါ်သော လက္ခဏာများမှာ -
• စပါးပင်အောက်အရွက်များတွင် သေးငယ်သော အညိုရောင်အစက်များ စတင်ဖြစ်လာကာ အရွက်ထိပ်ပိုင်းမှ တစ်ရွက်လုံးပြန့်နှံ့သွားခြင်း
• အရွက်သည် လိမ္မော်ရောင်မှ အညိုရောင်သို့လဲ ပြောင်းလဲသွားခြင်း
• အမြစ်မျက်နှာပြင်များမှာ အိုင်းယွန်းဆာလဖိုဒ် (Fe2S) ကြောင့် အမဲရောင်များဖြစ်ပေါ်စေပြီး အပင်ကြီးထွားမှု ရပ်ဆိုင်းကာ ပင်ပွားများနည်းလာစေခြင်း
စပါးတွင် (နီတို) သံဓာတ်အဆိပ်သငခြင်းကို ပြန်လည်ကုသခြင်း
• စိုက်ကွက်အတွင်းမှ ရေတစ်ပတ်လောက်ထုတ်ပေးခြင်းဖြင့် ရေပြန်သွင်းသည့်အခါ စိုက်ကွက်တွင်လေရရှိကာ စပါးပင်အတွင်း ဝင်ရောက်နိုင်သည့် သံမှုန်များ မFe++ ကို အခဲ Fe+++ပြန်ဖြစ်စေသည်။
• ရေထုတ်ရန်မလွယ်ကူသော စိုက်ကွက်များတွင် (K) ပါသော ဓာတ်မြေသြဇာ ကောမက်ဟိုင်းကေ နှင့် ကယ်လ်စီယမ် (Ca) ပါသော ကောမက်ဂျစ်ဆမ် ဓာတ်မြေသြဇာ များကိုထည့်ပေးခြင်းအားဖြင့်လည်း ကုသနိုင်ပါသည်။
• သံဆိပ်သင့်နေသော စပါးခင်းများတွင် နိုက်ထရိုဂျင်ပါဝင်သော မြေသြဇာများအသုံးပြုမှုကို ရှောင်ရှားရပါမည်။
• စပါး အမြစ်ပြန်ကောင်းလာပါက အပင်နလန်ထူးမြန်စေရန်အတွက် ရွှေကောမက် + ကောမက်ထွက်တိုး ဂျီ ၄၅ မြေဩဇာကို အသုံးပြုပေးသင့်ပါတယ်။
စပါးပင်များကြီးထွားသန်မာအထွက်တိုးကာ ဈေးကောင်းရစေဖို့ ထွက်တိုးမှဆုတောင်းပေးလိုက်ပါတယ်။
မွေးမြူရေးအကြံပေးချက်
မိုးများ ဆက်လက်ရွာသွန်းနေဆဲဖြစ်တာမို့ ငါးမွေးတောင်သူနဲ့ ငါးလုပ်ငန်းရှင်များအနေနဲ့
ငါးမွေးမြူရေးကန်များ၏ ကန်ပေါင်များ ခိုင်ခံ့ရန်အတွက် ကန်ပေါင်ပါးသော၊ နိမ့်သောနေရာများတွင် သဲအိတ်များဖို့၍ ကန်ပေါင်ခိုင်ခံ့အောင် ပြုလုပ်ထားပါရန်၊
*အကယ်၍ရေကြီးရေလျှံလာပါက ငါးများလွတ်ထွက်မှုမရှိစေရေးအတွက် ဇာပြာပိုက်များဖြင့် ကာရံထားပါရန်၊
*ရေစီးကြောင်းနှင့်နီးသော ငါးကန်များတွင် ရေတိုက်စားမှု ကာကွယ်ရန်အတွက် တုတ်ရိုက်ပြီး ဝါးထရံများဖြင့် ကာရံ၍ သဲအိတ်များ ဖို့ထားပါရန်၊
• ငါးများ ရွှေ့ပြောင်းနိုင်ရန်အတွက် ငါးဖမ်းပိုက်များ၊ စက်လှေများနှင့် စက်ပစ္စည်းများအား ကြိုတင်ပြင်ဆင်ထားပါရန် နှင့် အထူးသဖြင့် မျိုးငါးကြီးများအား ဦးစားပေးရွှေ့ပြောင်းထားပါရန်
• ကန်များအတွင်း ရေအပူချိန်၊ ရေချဉ်ဖန်နှုန်း ကျနိုင်သဖြင့် မိုးရွာစဉ်၊ မိုးအုံ့စဉ်တွင် အစာများ အလေအလွှင့်မဖြစ်စေရန် လျော့ကျွေးရန်၊ ညနေပိုင်း နေပွင့်ချိန်မှ ကျွေးရန်
• တိမ်ထူသော ရက်များတွင် ငါးကန်များအတွင်းရှိ အပင်မျောလှေးများသည် အစာချက်နှုန်း ကျလာနိုင်ပြီး ပျော်ဝင်အောက်ဆီဂျင်ပမာဏနည်းလာနိုင်သဖြင့် လေဒဟတ် တပ်ဆင်ပေးရန် အကြံပြုလိုက်ရပါတဘ် ခင်ဗျာ
မိုးလေဝသခန့်မှန်းချက်များကို CIAT မှာ ကောက်နုတ်ဖော်ပြထားပါသည်။


