cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲတီစိမ်းတစ်ဧက တင်း(၂၀)ထွက်ရှိရန် စိုက်ပျိုးနည်းအဆင့်ဆင့်  ကြိုတင်ပြင်ဆင်ခြင်း

. ရိတ်သိမ်းချိန်လွန် နည်းပညာ
ပဲတီစိမ်းတစ်ဧက တင်း(၂၀)ထွက်ရှိရန် စိုက်ပျိုးနည်းအဆင့်ဆင့် 

ကြိုတင်ပြင်ဆင်ခြင်း
  • သဘာဝမြေဩဇာနွားချေးတစ်ဧက (၁၀၀/၁၅၀)တင်း နေရာနှံ့အောင်ချပါ။ နွားထယ်(သို့)ထွန်းစက်ကြီးနှင့် တစ်စပ်ကမ်းဖြိုထိုးပြီး ယူရီးယား(၈)ပြည်၊တီစူပါ(၂၄)ပြည် ၊ပိုတက်ပေါင်(၁၂)ပြည်၊ ဂျစ်ပဆန်ပေါင်(၂၀)ပြည်ကို သမအောင်ရောမွှေပြီး မြေခံကြဲပတ်ပါ။ ထွန်းရေးသင်တင့်စွာညက်အောင် (၂)စပ် မွှေပေးပါ။ ထုတ်ဝေထောက်ခံထားသည့် ရေဆင်း(၉)၊ ရေဆင်း(၁၁)၊ ရေဆင်း(၁၄)၊ စိုက်ပျိုးရေး(၁) စသည့်မျိုးကောင်းမျိုးသန့်များသုံးပါ။ 

    စိုက်ပြီး (၀၁) ရက် 

    အပင်ပေါက်ကောင်း၍ အပင်ပေါက်ညီညာအောင် ပဲတီစိမ်းမျိုးစေ့များကို နာရီဝက်ရေစိမ်ပြီး ပဲမြစ်ဖုဇီဝမြေဩဇာတစ်ထုပ်နှင့် သမအောင်ရောမွှေပြီးမှ စိုက်ပါ။ အပင်ငယ်စဉ် မှိုရောဂါကျတက်သောကြောင့် မှိုသတ်ဆေးတစ်မျိုးမျိုးနှင့် လူးနယ်စိုက်ပါ။ တစ်ဧကရိတ်သိမ်းအပင် (၁၃၀၀၀၀)ရရှိရန် အတန်းလိုက်စိုက်ပါက မိုးကြိုနှင့်မိုးနှောင်းရာသီတွင် တန်းကြား(၁၂)လက်မ၊ ပင်ကြား(၄)လက်မ ထား၍ မျိုးစေ့နှုန်း (၆-၈)ပြည်သုံးပါ။ မိုးရာသီတွင် တန်းကြား(၁၈)လက်မ၊ပင်ကြား(၄)လက်မထား၍ မျိုးနှုန်း(၄-၆)ပြည်သုံးပါ။ ကြဲပတ်ပါက မျိုးစေ့(၁၂)ပြည်နှုန်းသုံးပါ။ အပင်ပေါက်ညီညာ၍ အပင်ပေါက်ကောင်းရန် ထယ်ရေးအတွင်းမျိုးစေ့အတိမ်အနက် (၁-၂) လက်မအတွင်း ရအောင်စိုက်ပါ။  

    စိုက်ပြီး (၀၇) ရက်  

    စတင်အပင်ပေါက်သည်။အပင်ငယ်စဉ်တွင်လှေးကျိုင်း၊ပျ၊မွှားပင့်ကူနီ၊ပင်စည်ထိုးယင်တို့ကျတက်သောကြောင့်အပင်ပေါက်စုံချိန်တွင်ပင်လုံးပြန့်သတ္တိရှိပိုးသတ်ဆေးတစ်မျိုးမျိူးဖျန်းပါ။ညိုးသေရောဂါများကာကွယ်ရန်မှိုသတ်ဆေးတစ်မျိုးမျိုးပတ်ဖျန်းပါ။  

    စိုက်ပြီး (၁၅-၃၀) ရက်  

    ပေါင်းမြက်ကင်းစင်အောင် စတင်ဆောင်ရွက်ပါ။ (၁၅)ရက်ခြား နှစ်ကြိမ် ဆောင်ရွက်ပါ။  

    စိုက်ပြီး (၁၅-၂၅) ရက်  

    ပဲပင်များ ကြီးထွားသန်မာဖြစ်ထွန်းရန် (NPK)နှင့် အနည်းလိုအာဟာရဓာတ်များ ပါဝင်သောရွတ်ဖျန်းမြေဩဇာများတွင် (N)အချိုးများသည့် သင့်တော်သည့် ရွတ်ဖျန်းမြေဩဇာတစ်မျိုး(၁၅)ရက်ခြား နှစ်ကြိမ်ဖျန်းပါ။  

    စိုက်ပြီး (၁၅-၆၀) ရက်  

    ရွက်ဖောက်လှေး ကျိုင်း၊ ရွက်စားပိုး၊ ငမြောင်တောင်၊ ပင်စည်ထိုးယင်၊ ပျပိုး ၊ကျိုင်း၊ သရစ်လှေးပိုး ၊ထွာကောင်စိမ်း ၊ ရွက်စုံစားခူဝါ၊ ပွင့်ထွေးရွက်ကပ်သီးလုံးဖောက်ပိုး စသည်တို့နှင့် ယင်ဖြူကြောင့်ဖြစ်သောအဝါရောင်မှိုစိတ်ဗိုင်းရပ်ရောဂါများ မကျရောက်စေရန် သင့်တော်သည့် ဆေးတစ်မျိုးမျိုး (၁၅)ရက်တစ်ကြိမ် ပတ်ဖျန်းပါ။ သီးနှံသက်တမ်းတစ်လျှောက်လုံး ပင်ညိုးရောဂါ၊ ဖားဥမှိုရောဂါ၊ သံချေးရောဂါ၊ စာကိုစပိုးရားရွက်ခြောက်ရောဂါ၊ မှဲ့ပြောက်စွန်းရောဂါ၊ ဗိုင်းရပ်မှိုစိတ်ရောဂါ စသည့်ရောဂါများ ကျရောက်တက်၍ မှိုသတ်ဆေးများမှ ရောဂါနှင့်သင့်တော်သည့် ဆေးတစ်မျိုးမျိုး (၁၅)ရက် တစ်ကြိမ်ဖျန်းပါ။  

    စိုက်ပြီး (၃၀) ရက်  

    သီးကိုင်းဖူးလေးများ စတင်နိုးကြားလာသည်။ ထိုအချိန်တွင် အစိုဓာတ်မပျတ်ရန် ၊အာဟာရမချို့တဲ့ရန်၊ ပိုးမွှားရောဂါမကျရောက်ရန် ဂရုပြုရပါမည်။ (၃၅-၄၅)ရက် (၄၅)ရက်စ၍ ပန်းပွင့်သည်။ ပွင့်အားကောင်း၍ အသီးတောင့်များရန် (NPK)အချိုး ရွက်ဖျန်းမြေဩဇာများ(P)နှင့် (K)ရာခိုင်နှုန်းများသော သီးပွင့်ရွက်ဖျန်းမြေဩဇာ (၁၅)ရက်ခြားနှစ်ကြိမ်ဖျန်းပါ။ (သို့)ယူရီးယား(၄.၅)ဇွန်းနှင့် လက်ချား(၁.၅)ဇွန်း ရေတစ်ဂါလံနှင့်ရောပြီး တစ်ဧက(၂၀)ဂါလံ ပတ်ဖျန်းပါ။  

    စိုက်ပြီး (၅၀-၆၀) ရက်  

    သီးတောင့်ဖြစ်ထွန်းချိန် ၊အစေ့အဆံတည်ချိန်ဖြစ်၍ သီးလုံးဖောက်ပိုးနှင့် သီးထိပ်ပုတ်ရောဂါကို ဂရုပြုပါ။  

    စိုက်ပြီး (၆၅-၉၅) ရက်  

    ပဲတီစိမ်းမျိုးနှင့် ပတ်ဝန်းကျင် ရာသီဥတုထိန်းသိမ်းစောင့်ရှောက်မှုအပေါ်မူတည်၍ (၆၅-၉၅)ရက်အတွင်း ရင့်မှည့်လေ့ရှိသည်။ အရွက်များ ဝါခြောက်ပြီး အတောင့်မျာ း(၇၅-၈၅)ရာခိုင်နှုန်း အနက်ရောင်သို့ပြောင်း၍ ခြောက်သွေ့ချိန်တွင် ရိတ်သိမ်းပါ။ ပဲတီစိမ်းအသီးသီးခြင်းကာလကြာရှည်၍ အကြိမ်ကြိမ် ရိတ်သိမ်းရပါသည်။ (၇-၁၀)ရက်ကြာလျှှင် နောက်တစ်သီးဆွတ်ခူးပါ။ ရိတ်သိမ်းပြီး နှစ်နေသုံးနေလှန်း၍ ချွေလှေ့သန့်စင်ပါ။ အစိုဓာတ်(၈-၉)ရာခိုင်နှုန်း နေလှန်း၍ သိုလှောင်ပါ။  

    စိုက်ပျိုးရေးဦးစီးဌာန 



  • article
likes12comments1
views196views4314