cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးရေကြီးနစ်မြုပ်ခဲ့မှုကြောင့် လယ်ဧက ၁သိန်းကျော် ပျက်စီးခဲ့ရ

. ဈေးကွက်
အချို့စပါးစိုက်ခင်းတွေအတွက် ဆန်စပါးအသင်းက ကူညီမယ်ဟုဆို
  • ပဲခူးတိုင်းအတွင်း အောက်တိုဘာ၈ရက်နဲ့၉ရက်က စတင်ဖြစ်ပေါ်ခဲ့တဲ့ရေကြီးနစ်မြုပ်ခဲ့မှုကြောင့် စပါးစိုက် လယ်ဧက ၁သိန်းကျော်ပျက်စီးခဲ့ရပြီး အချို့ပျက်စီးခဲ့တဲ့ စပါးစိုက်ခင်းတွေအတွက် သက်ဆိုင်ရာအဖွဲ့များနဲ့ဆန်စပါးအသင်းက အကူညီပေးသွားမယ်လို့သိရပါတယ်။

    " အခုရေကြီးတာကြောင့် စပါးစိုက်ခင်းတွေနစ်မြုပ်တာရှိတယ်။ ဒါနဲ့ပတ်သက်ပြီးသက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူတွေထံအကူညီတောင်းနိုင်တယ်။ အားလုံးတော့ပေးချင်မှပေးနိုင်မယ်။ ဒီရက်တွေအတွင်း ပဲခူးဘက်သွားဖို့ရှိပါတယ်"လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌဦးရဲမင်းအောင်ကမီဒီယာကိုပြောပါတယ်။

    မြစ်ရေတက်မှုနဲ့အတူ မိုးဆက်တိုက်ရွာသွန်းခဲ့လို့ ရေဘေးဖြစ်ပေါ်ခဲ့တဲ့ ပဲခူးတိုင်းမှာ လတ်တလော မိုးစပါးရိတ်သိမ်းချိန်ဖြစ်နေပေမယ့် ၊ ရေဘေးကြုံခဲ့ရလို့ စပါးမရိတ်ခဲ့ရပဲ ရေနစ်မြုပ်ခဲ့ရတဲ့ စပါးစိုက်ခင်းများအများကြီးရှိကြောင်း စပါးစိုက်တောင်သူတွေကပြောပါတယ်။

    လတ်တလောရေကြီးနစ်မြုပ်တာကြောင့်လယ်ဧကတွေပျက်စီးမှုတွေထဲမှာ ရေဘေးအများဆုံးကြုံတွေ့ရတဲ့ ပဲခူးဘက်မှာ စပါးစိုက်ဧက ၄၆၀၀၀ကျော် ၊ဒိုက်ဦး ဘက်အခြမ်းမှာစပါးစိုက်ဧက ၂၀၀၀၀နီးပါး ၊ သနပ်ပင်တွင် စိုက်ဧက၂၂၀၀၀ကျော်၊ ကဝဘက် မှာစိုက်ဧက ၁၂၀၀၀ကျော် ၊ လှည်းကူးဘက်မှာ စိုက်ဧက ၁၅၀၀၀ကျော် ပျက်စီးနိုင်ကြောင်း UNDP ကနေထုတ်ပြန်ထားပါတယ်။

    MyanmaPlatform မှကူးယူဖော်ပြပါသည်။

    ------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes11comments0
views86views3266