cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြန်မာ့ဖရဲသီးနှင့် တရုတ်ဈေးကွက်

. ဈေးကွက်
ကိုဗစ်-၁၉ ကာလက ဖရဲစိုက်တောင်သူတို့ ၈၀ ရာခိုင်နှုန်းနီးပါး အရှုံးပေါ်ခဲ့ပြီး စိုက်ပျိုးမှုများလည်း လျော့ကျသွားသည့် အခြေအနေများ ဖြစ်ပေါ်ခဲ့သည်။
  • ၂၀၂၃-၂၀၂၄ ခုနှစ်ကာလတွင် ဖရဲစိုက်ပျိုးသည့် တောင်သူများ ယခင်နှစ်ထက် ပိုများလာသည်။

    ဖရဲစိုက်တောင်သူများသည် တစ်နှစ်နှင့် တစ်နှစ် မမျှော်မှန်းနိုင်သော ဈေးကွက်အပြောင်းအလဲများကို အမြဲကြုံတွေ့ရသည်။ရောင်းအားကောင်းခဲ့သည့်နှစ်များရှိသလို၊ အရှုံးပေါ်ခဲ့သည့်နှစ်များလည်းရှိသည်။

    ၂၀၂၂ ခုနှစ်က ဖရဲစိုက်တောင်သူများသည် တရုတ်ဈေးကွက်သို့ တင်ပို့မှုအခြေအနေ အထိုက်အလျောက် ကောင်းမွန်ခဲ့သည်။ကိုဗစ်ကာလနောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ပွင့်လင်းလာခြင်း၏ အားသာချက်များဖြစ်သည်။

    မြန်မာ့ဖရဲသီး၏ ပြည်ပဈေးကွက်သည် တရုတ်နိုင်ငံသို့ အဓိကတင်ပို့ပြီး ထိုင်း၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံများသို့လည်း တင်ပို့မှုရှိသည်။သို့သော် တရုတ်နိုင်ငံက ပင်မအရင်းအမြစ် ဖြစ်သည်။

    မြန်မာနိုင်ငံမှ ရာသီအလိုက် သစ်သီးဝလံပို့ကုန်များတွင် ဖရဲသီးတင်ပို့မှုက ကာလရှည်ကြာဆုံးဖြစ်သည်။တရုတ်လူမျိုးများသည် ဖရဲသီးကို အလွန်နှစ်သက်ပြီး တရုတ်နှစ်သစ်ကူးကာလသည် ဖရဲစိုက်တောင်သူများအတွက် ရောင်းအားအကောင်းဆုံးအချိန်ဖြစ်သည်။တရုတ်နိုင်ငံဘက်မှ ဝယ်လိုအားရှိသည့် ဖရဲသီးမျိုးကို မြန်မာနိုင်ငံတွင် စိုက်ပျိုးပြီး တရုတ်နိုင်ငံသို့ တင်ပို့ကြသည်။

    ယခုနှစ်တွင် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၊ ကျင်စန်းကျော့-ဝမ်တိန် ကုန်သွယ်ရေးဂိတ်မှ တရုတ်နိုင်ငံသို့ ဖရဲ၊ သခွားမွှေး တင်ပို့မှုများ အားကောင်းနေသည်ဟု သစ်သီးဝလံလုပ်ငန်းရှင်များထံမှ သိရသည်။

    ပြည်ပပို့ဈေးကွက်ကောင်းပါက တောင်သူများအပါအဝင် လုပ်ငန်းစဉ်တစ်ခုလုံးတွင် လုပ်ကိုင်ကြသူများပါ အဆင်ပြေကြသော်လည်း တစ်ဖက်တွင် သွင်းအားစုကုန်ကျစရိတ်နှင့် သယ်ယူပို့ဆောင်ရေး၊ အခွန်အခစရိတ်များကြီးကြောင်း ဖရဲ၊ သခွားမွှေးစိုက် တောင်သူတစ်ဦးက ပြောသည်။

    ထို့ပြင် တရုတ်ပြည်၏ ဖရဲသီးစိုက်ခင်းများ အထွက်နည်းမှသာ မြန်မာ့ဖရဲသီးများ အဝယ်လိုက်မည်ဖြစ်၍ ဖရဲ၊ သခွားမွှေးဈေးကွက်မှာ စိန်ခေါ်မှုများတော့ အမြဲရှိနေသည်။တရုတ်နိုင်ငံ၏ ဖရဲသီးထုတ်လုပ်မှုသည် လယ်ကွင်းပြင်စိုက်ပျိုးမှုမှ နစ်စနည်းပိုင်းဆိုင်ရာ လယ်ယာစိုက်ပျိုးရေးသို့ ကူးပြောင်းလာပြီး အရည်အသွေးမြင့်မားသော ဖရဲသီးများ ထွက်ရှိကြောင်း သိရသည်။သို့သော် နည်းပညာပိုင်းဆိုင်ရာ ထုတ်လုပ်မှုကုန်ကျစရိတ်များလည်း မြင့်မားသည်။

    ၂၀၂၃ ခုနှစ်ထဲတွင် တရုတ်-မြန်မာ နယ်စပ်ရှိ ရွှေလီ-ဝမ်တိန် နယ်စပ်ဂိတ်သည် ပြည်ဝင်သစ်သီးဝလံများ တင်သွင်းမှုကို အမြန်လမ်းကြောင်း ဖွင့်လှစ်ထားသည်။၎င်းဂိတ်ရှိ သွင်းကုန်ကြီးကြပ်ရေးဌာနက မြန်မာနိုင်ငံမှ ဖရဲသီးများကို စစ်ဆေးပြီး ဝမ်တိန်သစ်သီးဝလံကုန်သွယ်ရေးဈေးကွက်သို့ ပို့ဆောင်ပေးသည်။

    ဝမ်တိန်နယ်စပ်ဂိတ် မန်မန်းလမ်းကြောင်းသည် မြန်မာ့သစ်သီးဝလံများ တရုတ်နိုင်ငံသို့ တင်သွင်းဝင်ရောက်ရာတွင် အဓိကလမ်းကြောင်းဖြစ်သည်ဟု သိရသည်။ဖရဲသီး၊ သရက်သီး၊ မင်းကွတ်သီး အစရှိသည့် သစ်သီးဝလံအများအပြား ၎င်းလမ်းကြောင်းမှ တရုတ်နိုင်ငံသို့ နေ့စဉ်ဝင်ရောက်သည်။

    ဝမ်တိန်အကောက်ခွန်ဌာနအနေဖြင့် တရုတ်နယ်စပ်ဂိတ်အဝင်တွင် သစ်သီးများကို အခွန်ရှင်းလင်းခြင်း ဆိုင်ရာ ဝန်ဆောင်မှုများ မြန်ဆန်လာခြင်း၊ အသီးကားများကို ဦးစားပေးလိုင်းအဖြစ် ဝန်ဆောင်မှုပေးခြင်းတို့ကြောင့် မြန်မာပြည်မှ ဖရဲသီးအပါအဝင် သစ်သီးများ လတ်လတ်ဆတ်ဆတ် တရုတ်ပြည်တွင်းသို့ အမြန်တင်ပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။

    တရုတ်-မြန်မာ နှစ်နိုင်ငံတို့သည် ဖရဲသီးထွက်သည့် ရာသီမတူညီဘဲ ၈၀ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံမှ တင်သွင်းကြောင်း သိရသည်။

    ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လကုန်အထိ တရုတ်နိုင်ငံသို့ မြန်မာ့ဖရဲတင်ပို့မှုမှာ တန်ချိန် ၁,၁၁၃,၀၀၀ ကျော် တင်ပိုခဲ့ကြောင်း မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှ သိရသည်။

    မြန်မာနိုင်ငံတွင် ဖရဲသီးကို သုံးရာသီလုံး စိုက်ပျိုးနိုင်ပြီး ဖရဲရာသီပေါ်ချိန်သည် တခြားသောရာသီအသီးနှံများထက် အချိန်ပိုကြာမြင့်သည်။တခြားသောအသီးများထက် ကုန်ချိန်ပမာဏလည်း အမြောက်အများထွက်ရှိသည့် ကုန်စည်တစ်မျိုးလည်းဖြစ်သည်။

    ဖရဲသီးကို အများအားဖြင့် သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် စိုက်ပျိုးကြသည်။ဖရဲပင်များသည် သဲနှုန်းမြေကို ကြိုက်နှစ်သက်ကြသည်။ပြာသို၊ တပို့တွဲလ အချိန်အခါတွင် ဖရဲသီးများ အောင်မြင်ဖြစ်ထွန်းပြီး တပေါင်းလနှင့် တန်ခူးလသည် ဖရဲသီးများ ဆွတ်ခူး၍ ဈေးကွက်ပို့ဆောင်ခြင်းဖြစ်သည်။ဖရဲစတင်စိုက်ပျိုးသည့်အချိန်မှစ၍ ဒေသအလိုက်၊ မျိုးအလိုက် ရက်ပေါင်း ၆၀ မှ ၁၂၀ အတွင်း ခူးဆွတ်နိုင်ကြောင်း သိရသည်။

    ဖရဲသီးများပေါ်ချိန်ကာလသည် နိုဝင်ဘာလမှ ဇွန်လအထိဖြစ်ပြီး ၎င်းအချိန်ကာလများတွင် ပြည်ပတင်ပို့မှု အများဆုံးဖြစ်ကြောင်း သိရသည်။

    မြန်မာနိုင်ငံ၏ ရေမြေအနေအထားအရ ဖရဲသီးသည် တိုင်းနှင့် ပြည်နယ် ဒေသတော်တော်များများတွင် စိုက်ပျိုးနိုင်သော သီးနှံဖြစ်သည်။ပြည်တွင်းမှာလည်း ပေါကြွယ်ဝစွာ စားသုံးနိုင်သော သီးနှံဖြစ်သည်။

    ဖရဲသီးတွင် ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်၊ သတ္ထုဓာတ်များ ပါဝင်သည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်ရွှမ်း၍ လူတိုင်းကြိုက်နှစ်သက်သည်။ကင်ဆာရောဂါ၊ ဆီးချိုရောဂါဖြစ်ပွားမှုတို့ကို လျှော့ချနိုင်ပြီး နှလုံးကျန်းမာရေးကိုကောင်းစေသည်။

    မြန်မာ့ဖရဲသီးများကို ပြည်တွင်းစားသုံးမှုသာမက ပြည်ပတင်ပို့ရာတွင် မူဆယ် ၁၀၅ မိုင်ဇုန်သည် တရုတ်နိုင်ငံသို့ ဖရဲသီးတင်ပို့မှု အဓိကနေရာဖြစ်သည်။ဖရဲရာသီတွင် ကျယ်ခေါင်ဖရဲကွင်းကြီး၌ ဖရဲကားများဖြင့် အမြဲစည်ကားသည်။ပြည်တွင်းဈေးကွက်တွင်လည်း စက်တင်ဘာလတွင်းက မိုးရာသီစိုက်ဖရဲသီးများ ‌ရောင်းအားကောင်းခဲ့သည်။ရန်ကုန်ဈေးကွက်သို့ မြင်းခြံ၊ မိတ္ထီလာ၊ ဝမ်းတွင်း အစရှိသည့် နေရာဒေသများမှ ဖရဲသီးအများဆုံးဝင်ရောက်ကြောင်း သိရသည်။ရန်ကုန်ရှိ တညင်းကုန်း၊ သီရိမင်္ဂလာဈေးတို့၌ ဖရဲသီးတစ်လုံး ၃၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်အထိ ပေါက်ဈေးရှိခဲ့သည်။

    ကိုဗစ်-၁၉ ကာလက ဖရဲစိုက်တောင်သူတို့ ၈၀ ရာခိုင်နှုန်းနီးပါး အရှုံးပေါ်ခဲ့ပြီး စိုက်ပျိုးမှုများလည်း လျော့ကျသွားသည့် အခြေအနေများ ဖြစ်ပေါ်ခဲ့သည်။

    ယခုနှစ် ဖရဲရာသီတွင် ဖရဲစိုက်ပျိုးမှုများမှ အထွက်တိုးနိုင်၍ တစ်ဖက်မှာလည်း တရုတ်ဈေးကွက်တွင် ရောင်အားပိုမိုကောင်းရန် စိုက်ပျိုးတောင်သူများက မျှော်လင့်နေကြပါသည်။

    အမွန်

    Opinion Leadersမှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes11comments1
views177views2648