cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးမွေးတောင်သူဦးကြီးတို့အတွက် တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး)  

. ရာသီဥတု သတင်းများ
ကန်ရေအရောင်သည် အစိမ်းရောင် (သို့) အညိုရောင်‌ပြောင်းလာပါက မြေဩဇာထည့်သွင်းခြင်းကို ရပ်ထားရပါမည်။
  • ပဲခူးတိုင်းဒေသကြီး 

    ၁။ လက်ပံတန်းမြို့နယ်  

    ယနေ့မိုးရွာရန် ၄၀ ရာခိုင်နှုန်းသာ ရှိပြီး အောက်တိုဘာ ၁၇၊ ၁၉၊ ၂၁ ရက်တို့မှာ ၈၀ ရာခိုင်နှုန်းဝန်းကျင် မိုးရွာသွန်းနိုင်ပါတယ်။ အောက်တိုဘာ ၁၈ ရက်နေ့မှာ ၉၀ ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပါတယ်။ ၂၀ ရက်နေ့မှာ ၇၀ ရာခိုင်နှုန်း၊ ၂၂ ရက်နေ့မှာ ၄၅ ရာခိုင်နှုန်းသာ ရှိပါတယ်။

    ၂။ မိုးညိုမြို့နယ်  

    ယနေ့နှင့် အောက်တိုဘာ ၁၉ ရက်နေ့မှာ မိုးရွာရန် ၇၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ မနက်ဖြန်မှာ ၉၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ ၁၈ ရက်နေ့မှာ ၄၀ ရာခိုင်နှုန်းသာ ရှိသဖြင့် နေပြင်းနိုင်ပါတယ်။ ၂၀၊ ၂၁၊ ၂၂ ရက်တို့မှာ ၈၀ ရာခိုင်နှုန်း ဝန်းကျင် ရှိပါတယ်။   

    ၃။ သာယာဝတီမြို့နယ်  

    ယနေ့မိုးရွာရန် ၄၀ ရာခိုင်နှုန်းသာ ရှိပြီး အောက်တိုဘာ ၁၇၊ ၁၉၊ ၂၁ ရက်တို့မှာ ၈၀ ရာခိုင်နှုန်းဝန်းကျင် မိုးရွာသွန်းနိုင်ပါတယ်။ အောက်တိုဘာ ၁၈ ရက်နေ့မှာ ၉၀ ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပါတယ်။ ၂၀ ရက်နေ့မှာ ၇၀ ရာခိုင်နှုန်း၊ ၂၂ ရက်နေ့မှာ ၄၅ ရာခိုင်နှုန်းသာ ရှိပါတယ်။  

     

    ရန်ကုန်တိုင်းဒေသကြီး   

    ၁။ တွံတေးမြို့နယ်   

    ယနေ့ မိုးရွာရန် ၇၀ ရာခိုင်နှုန်း ရှိပြီး အောက်တိုဘာ ၁၇၊ ၁၈၊ ၁၉ ရက်တို့မှာ ၉၀ ရာခိုင်နှုန်းဝန်းကျင်ရှိသဖြင့် ရွာသွန်းနိုင်ပါတယ်။ ၂၀၊ ၂၁ ရက်တို့မှာ ၈၀ ရာခိုင်နှုန်းဝန်းကျင်၊ ၂၂ ရက်နေ့မှာ ၆၀ ရာခိုင်နှုန်း ရှိပါတယ်။

    ၂။ သန်လျင်မြို့နယ်   

    ယနေ့ မိုးရွာရန် ၅၅ ရာခိုင်နှုန်း၊ မနက်ဖြန်မှာ ၂၅ ရာခိုင်နှုန်း ရှိသဖြင့် နေပြင်းနိုင်ပါတယ်။  အောက်တိုဘာ ၁၈၊ ၁၉၊ ၂၂ ရက်တို့မှာ ၈၀ရာခိုင်နှုန်းဝန်းကျင် ရှိသဖြင့် မိုးအနည်းငယ် ရွာသွန်းနိုင်ပါတယ်။ ၂၀၊ ၂၁ ရက်တို့မှာ ၄၀ ရာခိုင်နှုန်းကျော် ရှိသဖြင့် နေပြင်းနိုင်ပါတယ်။

    ၃။ ကျောက်တန်းမြို့နယ်   

    ယနေ့မိုးရွာရန် ၆၀ ရာခိုင်နှုန်း ရှိပြီး အောက်တိုဘာ ၁၇၊ ၂၀ ရက်တို့မှာ ၄၀ ရာခိုင်နှုန်းရှိသဖြင့် နေသာနိုင်ပါတယ်။ ၁၈ ရက်နေ့မှာ ၈၀ ရာခိုင်နှုန်း ရှိသဖြင့် မိုးအသင့်အတင့် ရွာသွန်းနိုင်ပါတယ်။ ၁၉ ရက်နေ့မှာ ၆၅ ရာခိုင်နှုန်းနှင့် ၂၁၊ ၂၂ ရက်တို့မှာ ၅၅ ရာခိုင်နှုန်းရှိသဖြင့် နေသာနိုင်ပါတယ်။

     

    ငါးကန်များအတွက်အကြံပြုချက် 

    ကန်ရေအရောင်သည် အစိမ်းရောင် (သို့) အညိုရောင်‌ပြောင်းလာပါက  မြေဩဇာထည့်သွင်းခြင်းကို ရပ်ထားရပါမည်။

    ·      ဆူပါအား ရေထဲတွင် တစ်ညစိမ်၍ နောက်တနေ့မနက်တွင် ငါးကန်ရေမျက်နှာပြင်ပေါ်သို့ ပက်ဖျန်းပါ။ 

    ·      ယူရီးယားအား ‌ရေဖြင့်ရော၍ ၅မိနစ်ထားပြီးနောက် နိုက်ထရိုဂျင်အ‌ငွေ့ပြန်နှုန်းကြောင့် အာနိသင်ဆုံးရှုံးမှု မဖြစ်ရ‌လေအောင် ငါးကန်ရေမျက်နှာပြင်ပေါ်သို့ ချက်ချင်းပက်ဖျန်းပေးပါ။ 

    ·      သစ်ရွက်ဆွေးမြေဩဇာ ရရှိနိုင်ရန် အခက်အခဲဖြစ်နေလျှင်၊   သဘာဝ‌မြေသြဇာ(နွားချေး ကဲ့သို့) များကို ပုပ်သိုးဆွေးမြေ့စွာလုပ်ပြီး ငါးကန်ထဲသို့ထည့်ပေးနိုင်ပါသည်။ (မှတ်ချက်။ ။ သဘာဝ‌မြေသြဇာများကို ဆွေးမြေ့စွာလုပ်ပေးခြင်းမပြုပဲ ချက်ချင်း(အစို) အသုံးပြုပါက ‌ရေအား အဆိပ်သင့်သောဓာတ် တိုးပွားစေပါသည်။) နွားချေးကို ကန်ထဲသို့မထည့်မှီ အခြောက်လှန်းရပါမည်။

    ·      မြေသြဇာပတ်ဖြန်းရာတွင် နေသာသော အချိန်တွင်သာ ကန်ထဲသို့ ပတ်ဖြန်းပေးရပါမည်။ မိုးအုံ့သော အချိန်တွင် မပတ်ဖြန်းရပါ။

    Weather Source: CIAT  


  • article
likes14comments0
views248views16434