ငါးမွေးကန်တွေမှာ ရေ အညိုရောင်ပြောင်းလာပြီဆိုရင် ဘယ်လိုလုပ်ဆောင်ရမလဲ ??
ပြန်လည်ဖြေကြားချက်👇👇
ကန်ရေအရောင်သည် အညိုရောင်ပြောင်းလာပါက မြေဩဇာထည့်သွင်းခြင်းကို ရပ်ထားရပါမည်။
✅စူပါအား ရေထဲတွင် တစ်ညစိမ်၍ နောက်တစ်နေ့မနက်တွင် ငါးကန်ရေမျက်နှာပြင်ပေါ်သို့ ပက်ဖျန်းပါ။
✅ယူရီးယားအား ရေဖြင့်ရော၍ ၅မိနစ်ထားပြီးနောက် နိုက်ထရိုဂျင်အငွေ့ပြန်နှုန်းကြောင့် အာနိသင်ဆုံးရှုံးမှု မဖြစ်ရလေအောင် ငါးကန်ရေမျက်နှာပြင်ပေါ်သို့ ချက်ချင်းပက်ဖျန်းပေးပါ။
✅သစ်ရွက်ဆွေးမြေဩဇာ ရရှိနိုင်ရန် အခက်အခဲဖြစ်နေလျှင်၊ သဘာဝမြေသြဇာ(နွားချေး ကဲ့သို့) များကို ပုပ်သိုးဆွေးမြေ့စွာလုပ်ပြီး ငါးကန်ထဲသို့ထည့်ပေးနိုင်ပါသည်။ (မှတ်ချက်။ ။ သဘာဝမြေသြဇာများကို ဆွေးမြေ့စွာလုပ်ပေးခြင်းမပြုပဲ ချက်ချင်း(အစို) အသုံးပြုပါက ရေအား အဆိပ်သင့်သောဓာတ် တိုးပွားစေပါသည်။) နွားချေးကို ကန်ထဲသို့မထည့်မှီ အခြောက်လှန်းရပါမည်။
✅မြေဩဇာပတ်ဖြန်းရာတွင် နေသာသောအချိန်တွင်သာ ကန်ထဲသို့ ပတ်ဖြန်းပေးရပါမည်။ မိုးအုပ်သော၊ မိုးရွာသော အချိန်တွင် မပတ်ဖြန်းရပါ ။