cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးရေကြီးမှုတွင် ဒေသတွင်းငါးကန်၂၂၀၀ကျော်ပျက်စီးမှုရှိခဲ့

. ငါးမွေးမြူရေးသတင်း
ငါးမွေးမြူရေးကန်တွေ ရေကြီးနစ်မြုပ်ခဲ့လို့ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ ကျပ်သန်းပေါင်း ၁၈,၀၀၀ ကျော် လောက်ဆုံးရှုံးမှုရှိနိုင်ကြောင်း ပဲခူးတိုင်းငါးလုပ်ငန်းဦးစီးဌာနကနေသိရပါတယ်။
  • ပဲခူးတိုင်းအတွင်းဖြစ်ပေါ်ခဲ့တဲ့ရေကြီးနစ်မြုပ်မှုတွေကြောင့် ဒေသတွင်းမှာရှိတဲ့ငါးမွေးမြူရေးကန်ပေါင်း ၂၂၀၀ကျော်ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနကနေသိရပါတယ်။

    အောက်တိုဘာ၈ရက်ကနေ ၁၂ရက်အထိ မိုးသည်းထန်စွာရွာသွန်းခဲ့လို့ရေကြီးနစ်မြုပ်ရာမှာ ဒေသတွင်း ကပုဂ္ဂလိက ငါးကန်တွေလည်းပျက်စီးခဲ့ရပြီး လုပ်ငန်းအများစုထိခိုက်မှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။

    ထိခိုက်ပျက်စီးခဲ့တဲ့ ငါးမွေးမြူရေးကန်တွေအတွက် တစ်ဧကကို ငါးသားပေါက် ၃ထောင်နှုန်းနဲ့ ငါးသားပေါက်၆၆သိန်းကို ငါးလုပ်ငန်းဦးစီးဌာနက စိုက်ထည့်ပေးဖို့စီစဉ်ဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်။

    " ငါးကန်တွေရေမြုပ်လို့ ပျက်စီးပြီး ကန်ထဲရှိတဲ့ငါးတွေကလည်း အခြားချောင်းတွေ မြောင်းတွေထဲမြောပါကုန်တယ်။ ဆုံးရှုံးမှုတော့များပါတယ်။ အခုရေကျသွားတော့ ပဲခူးလာရင်တွေ့နိုင်တယ်။ကားလမ်းဘေးတွေမှာဆို ငါးတွေပိုက်ထောင်ဖမ်းနေကြတာ လူစုလူဝေးနဲ့ပဲ ။ငါးလုပ်ငန်းကနေ ငါးမျိုးပြန်စိုက်ထည့်ပေးမယ်ဆိုတာက အနည်းအကျဉ်းတော့ ငါးကန်တွေပြန်လည်ထူထောင်ဖို့ အဆင်ပြေနိုင်မယ်။ ဆုံးရှုံးသွားတာတွေတော့ပြန်မရနိုင်တော့ဘူးပေါ့" ဟု ပဲခူးတိုင်းက ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

    ငါးမွေးမြူရေးကန်တွေ ရေကြီးနစ်မြုပ်ခဲ့လို့ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ ကျပ်သန်းပေါင်း ၁၈,၀၀၀ ကျော် လောက်ဆုံးရှုံးမှုရှိနိုင်ကြောင်း ပဲခူးတိုင်းငါးလုပ်ငန်းဦးစီးဌာနကနေသိရပါတယ်။

    MyanmaPlatform မှကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes8comments2
views109views5395