cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဟင်းသီးဟင်းရွက်များ ပဲလွမ်း၊ သခွားသီး၊ ရုံးပတီ၊ နံနံပင်အစရှိသော ဟင်းသီးဟင်းရွက်များစွာကို အစောပိုင်း ၂ နှစ်မှ ၃ နှစ်အတွင်း စိုက်ပျိုးနိုင်ပါသည်။

. စိုက်ပျိုးနည်းစနစ်များ
အပိုဝင်ငွေတိုးပွားလာစေဖို့ ရော်ဘာနှင့်တွဲဖက်စိုက်ပျိုးနိုင်သောသီးနှံများ

ရော်ဘာအပင်ငယ်အဆင့်တွင်စိုက်ပျိုးခြင်း
  • article
  • article
  • article
  • article
  • article
  • article
  • ၁။ ငှက်ပျောသီး

    ငှက်ပျောသီးကို ရော်ဘာအပင်ငယ်အဆင့် သုံးနှစ်အတွင်းတွင် စိုက်ပျိုးနိုင်သည်။ လမိုင်းထားရန် မလိုသော သက်တမ်းတို မျိုးများကို ဦးစားပေး ရောနှောစိုက်ပျိုး ပေးသင့်ပါသည်။ ထိုကဲ့သို့သော မျိုးများကို ရွေးချယ်စိုက်ပျိုးရာတွင်လည်း ရော်ဘာပင်၏ ကြီးထွားမှုကို ထိခိုက်မှု မရှိစေရန် အပင်သိပ်သည်းဆ(အပင်ဦးရေ)ကို ထိန်းပြီး စိုက်ပျိုးရန် လိုအပ်ပါသည်။ ပထမနှစ်တွင် တစ်ဟက်တာ(၂.၄၇ဧက)တွင် အများဆုံး ငှက်ပျောပင် အပင် ၁၂၀၀ စိုက်နိုင်သည်။ စတုရန်းပုံစနစ်တွင် ငှက်ပျောပင်နှစ်တန်းကို ရာဘာပင်နှစ်တန်းကြားတွင် ထည့်ပြီးစိုက်နိုင်သည်။

    ဒုတိယနှစ်တွင် တစ်ဟက်တာ(၂.၄၇ဧက)တွင် အများဆုံး ငှက်ပျောပင် အပင် ၆၀၀ စိုက်နိုင်ပြီး တတိယနှစ်တွင် ၄၅၀အထိ လျှော့ချစိုက်ပျိုးနိုင်ပါသည်။ ရိတ်သိမ်းပြီးနောက် ကျန်ခဲ့သော အရွက်များနှင့် အရွက်များကို ရော်ဘာစိုက်ခင်းအတွက် အသုံးပြုနိုင်ပါသည်။ ငှက်ပျောပင် တစ်ပင်စီအတွက် နွားချေး (သို့) မြေဆွေး ၁၀ ကီလိုဂရမ်ကို တစ်ကြိမ်ထည့်သွင်းပေးပါ။

    လိုအပ်သော ဓာတ်မြေဩဇာ ပမာဏသည် ရွေးချယ်စိုက်ပျိုးသော ငှက်ပျောသီးမျိုးပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါသည်။

    ၂။ နာနတ်သီး

    နာနတ်သီးကို ရော်ဘာအပင်ငယ်အဆင့် လေးနှစ်အတွင်း စိုက်ပျိုးနိုင်သည်။ နာနတ်သီး (၃) တန်းကို ရော်ဘာပင် နှစ်တန်းကြားတွင် စိုက်ပျိုးနိုင်ပြီး တစ်ဟက်တာ (၂.၄၇ဧက)တွင် အများဆုံးအပင် ၁၃၅၀၀ စိုက်ပျိုးနိုင်ပါသည်။ တောင်စောင်း ဆင်ခြေလျှောမြေများတွင် စိုက်ပျိုးထားသော ရော်ဘာစိုက်ခင်းများအတွက် မြေဆီလွှာတိုက်စားခြင်းကို လျှော့ချရန် ကွန်တိုပတ်လမ်းများနှင့်အပြိုင် စိုက်မြောင်းများဖော်ပြီး စိုက်ပျိုးနိုင်ပါသည်။

    စိုက်ခင်းတစ်ဟက်တာ(၂.၄၇ဧက)တွင် သဘာဝမြေဩဇာ (သို့မဟုတ်) မြေဆွေးငါးတန်ကို တစ်ရာသီလုံးစာ ထည့်သွင်းပေးနိုင်ပြီး ယူရီးယား-၂၃၅ ကီလိုဂရမ်၊ ကျောက်ဖော့စဖိတ်-၃၀၀ ကီလိုဂရမ်နှင့် ပိုတက်ရှ်- ၁၈၀ ကီလိုဂရမ်တို့ကို ထည့်သွင်းပေးနိုင်ပါသည်။ ပထမရာသီ စိုက်ပျိုးချိန်တွင် ဖော့စဖရပ်ပမာဏကို အပြည့်ထည့်သွင်းပေးပြီး နိုက်ထရိုဂျင် နှင့် ပိုတက်စီယမ် လေးကြိမ်တူညီစွာ ခွဲ၍ စိုက်ချိန်၊ သြဂုတ်လမှ စက်တင်ဘာလ၊ နိုဝင်ဘာလနှင့် မေလ-ဇွန်လတို့တွင် ထည့်သွင်းပေးနိုင်ပါသည်။ နာနတ်သီးခူးဆွတ်ပြီး နောက်ပိုင်းတွင်လည်း ရော်ဘာစိုက်ခင်းအတွင်းရှိ ပင်ကြွင်းပင်ကျန်များကို ထိန်းသိမ်းခြင်းသည် မြေဆီလွှာတိုက်စားမှုကို လျော့နည်းစေနိုင်ပါသည်။

    ၃။ ဥစားသီးနှံများ

    ဝဥ၊ မျောက်ဥ၊ ပိန်းဥ စသည်တို့ကို ရော်ဘာပင် အစောပိုင်းနှစ်များတွင် ရောနှောစိုက်ပျိုးနိုင်သည်။ ဤသီးနှံများကို ငှက်ပျောနှင့်လည်း ရောနှော၍ စိုက်ပျိုးနိုင်ပြီး ရော်ဘာပင် ၄ နှစ်မှ ၅ နှစ်သားအထိ စိုက်ပျိုးနိုင်ပါသည်။

    ဤသီးနှံများကို စိုက်ပျိုးရာတွင် မြေဆီလွှာ အနိမ့်အမြင့် အမျိုးမျိုးတွင် ပြုစုပျိုးထောင်ရန် လိုအပ်သောကြောင့် ၎င်းတို့၏ စိုက်ပျိုးမှုကို မြေနိမ့်ပိုင်းနှင့် ကုန်းစောင်းများတွင် စိုက်ပျိုးရန် မသင့်တော်ပါ။ မျောက်ဥပင်ကို ရော်ဘာဖြင့် စိုက်ပျိုးသောအခါ၊ နွယ်တွယ်တွက်နိုင်ရန်အတွက် အထောက်အကူ ပြုလုပ်ထားပေးသင့်ပါသည်။

    ၄။ ဂျင်း နှင့် နနွင်း

    ဂျင်းနှင့်နနွင်း သီးနှံများ စိုက်ပျိုးရန်အတွက် မြေဆီလွှာကို စေ့စေ့စပ်စပ် တူးဖော်ရိတ်သိမ်းရန် လိုအပ်သောကြောင့် ၎င်းတို့ကို ရော်ဘာစစိုက်ပျိုးချိန် အစောပိုင်း နှစ်နှစ်ခန့်တွင် စိုက်ပျိုးနိုင်သည်။

    ၅။ ဟင်းသီးဟင်းရွက်များ

    ပဲလွမ်း၊ သခွားသီး၊ ရုံးပတီ၊ နံနံပင်အစရှိသော ဟင်းသီးဟင်းရွက်များစွာကို အစောပိုင်း ၂ နှစ်မှ ၃ နှစ်အတွင်း စိုက်ပျိုးနိုင်ပါသည်။

    Source: Commonly cultivated intercrops (rubberboard.org.in)

    ----

    ရော်ဘာနှင့်ပတ်သတ်သောဆောင်းပါးများ၊ ပိုးမွှားကာကွယ်နှိမ်နင်းနည်းလမ်းများ၊ အဖူးကူးရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ- http://download.htwettoe.com/

    အထွက်တိုးရော်ဘာစိုက်ပျိုးကြသူများ အဖွဲ့ သို့ဝင်ရန် - https://www.facebook.com/groups/2432746880363676/

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


likes8comments0
views111views4192