cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးသားပေါက်မွေးမြူခြင်းအကြောင်း

. ငါးမွေးမြူရေးလမ်းညွှန်
ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ။
  • ငါးထီးနှင့်ငါးမ အရွယ်ရောက်ချိန်တွင် သဘာဝအတိုင်းဖြစ်စေ၊ ဆေးထီုးသားဖောက်လုပ်ငန်းဆောင်ရွက် မှု့ကြောင့်ဖြစ်စေ ပထမအဆင့်အနေဖြင့် မိတ်လိုက်ပြီး ဉ ချခြင်းကို ဖြစ်စေပါသည်။ အဆိုပါ ဉများသည် ငါးမျိုး စိတ်အလိုက် အနည်းဆုံး (၈)နာရီမှ (၁၂)နာရီအချိန်တွင် ဉ မှ အကောင်ငယ်စပေါက်ပါသည်။ ဉ မှ အကောင်းငယ် စပေါက်သောအရွယ်သည် လောက်လန်းအသေးစားများပုံတွေ့ရှိပြီး အဆိုပါအခြေအနေကို ငါးမှုန် ဟုခေါ်ဆို သတ်မှတ်ကြပါသည်။ သားဖောက်စခန်းများတွင် အဆိုပါ ငါးမှုန်များကို အောက်စီဂျင်ပေးခြင်း၊ သန့်ရှင်းသော ရေကောင်းရေသန့်လှယ်ပေးခြင်းဖြင်ံ (၃)ရက် အကြာတွင် ငါးမှုန်ကြီး အဆင့်ရောက်ရှိပြီး ပြင်ပမှဖြည့်စွက်စာ စားနိုင်သောအခြေအနေတွင်ရောက်ိနေပါသည်။

    ဉမှ အကောင်စပေါက်ပြီး (၃)ရက်အကြာတွင် ငါးမှုန်ကြီးများကို ပဲဖတ်ရည် ၊ ဘားပလက်ရည်၊ ကြက်ဉ အနှစ်ကိုချေပြီး အရည်ပြုလုပ်၍ စတင်ကြွေး နိုင်ပါသည်။ ထိုသို့ ကျွေးရာတွင် အနည်းငယ်သာပက်ဖျန်းပေးရပြီး တနေ့လျှင် ၄-၅ ကြိမ်လောက် အချိန်ခွဲ ပက်ကျဲကျွေးရပါသည်။ ငါးသားပေါက်စခန်းများတွင် (၃)ရက်ကျော်ပါက သားဖောက်ကန်ပြုစု ကန်အသေးမှ ပြုစုကန်အကြီးသို့ ပြောင်းရွေ့ ပြီး ပြုစုကြပါသည်။

    ပြုစုကန်အကြီးသို့ ငါးမှုန်များပြောင်းရွေ့ရာတွင် ပြုစုကန်အကြီးတွင် ရေနောက်ကျိနေခြင်းမရှိစေရန် ဂရု စိုက်ရပါမည်။ ရွံ နွံ ကြောင့် ရေနောက်ကျိပါက ငါးမှုန်များ ပျောက်ဆုံး သေဆုံးနိုင်ပါသည်။ထို့ကြောင် ကန်ရေ ကြည် နေရပါမည်။ ရေဩဇာထည့်သွင်းထားပါက အစိမ်းနုရောင် အဆင့်သာရှိရပါမည်။

    ပြုစုကန်အကြီးသို့ ပြောင်းရွေ့ ပြုစုရာတွင် ကန်အရွယ်အစားသည် (၀.၅) ဧက မှ ၁ ဧက ကန်အရွယ် သာဖြစ်သင့်ပါသည်။ ငါးမှုန်ထည့်သွင်းရာတွင်လည်းတဧလျှင် ၈သိန်းမှ ၁၂သိန်း အတွင်းသာထည့်သွင်းရပါမည်။ ပြုစုကန်အတွင်း ငါးမှုန်များထည့်သွင်းပြီးပါက ဖြည့်စွက်စာအနေဖြင့် ပဲဖတ်ရည် ပက်ကျဲ သင့်ပါသည်။ ကန်ရေ တွင် ရေဩဇာ အသင့်အတင့်ရှိပါက ငါးမှုန် ၁၀သိန်း လျှင် ပဲဖတ် ၅၀ ကျပ်သားကို ရေစိမ်ပြီး ပက်ပေးရပါမည်။ ဉမှ အကောင်ပေါက်ပြီး တပတ် ၊ ၁၀ရက်အကြာတွင် ငါးမှုန်ဘဝမှ ငါးအဖြစ် ထင်ထင်ရှားရှား ဖြစ်လာပါသည်။ ထိုအရွယ် တွင် ပဲဖတ်ရည်အပြင် ဖွဲနု အနည်းငယ်ပါ တွဲဖက်ကျွေးနိုင်ပါသည်။ ရက်ပေါင်း ၂၀ ကျော်လျှင် ငါးငယ် ဘဝအဖြစ် ရောက်ရှိပြီး တလက်မ၏ လေးပုံ တစ်ပုံအရွယ် ရောက်ရှိလာပါသည်။

    ငါးသားပေါက်များကို လျှင်မြန်စွာ ကြီးထွားစေရန်အတွက် ပရိုတိန်း ၃၀ ရာခိုင်နှုံး ပါသောဖြည့်စွက်စာ ကို ကျွေးပေးရပါမည်။ ငါးငယ်ဘဝ တွင် အစာကို တနေ့လျှင် ၄- ၅ကြိမ်ခန့် ကျွေး သင့်ပါသည်။ ငါးငယ်ဘဝတွင် အစာကိုနည်းနည်းချင်းစားပြီး မကြာခဏ စားသော အလေ့အကျင့်ရှိပါသည်။ငါးသားပေါက်များ ရှင်သန်နှုံး ကောင်းစေပြီး၊ ကြီးထွားနှုံးကောင်းမွန်စေရန်အတွက် အောက်ပါပုံအတိုင်းအစာကျွေးသင့်ပါကြောင်း တင်ပြအပ်ပါ သည်။


    ငါးသားပေါက်ပြုစုရာတွင် ကန်ပြင်ဆင်ခြင်းလုပ်ငန်းစတင်ချိန်တွင် တဧကလျှင် ထုံး ၂၄၈ပိဿာ ပက် သင့်ပါသည်။ ကန်အတွင်းသို့ ရေစသွင်းလျှင် သဲရေစစ်ကို အသုံပြုပြီး ထည့်သွင်းပါ။ ရေအနက်သည် ငါးမှုန် ဘဝ တွင် (၂)ပေသာ ထားရှိရပါမည်။ ရက် ၂၀ ကျော်ပါက ၆လက်မခန့်ထပ်မံဖြည့်သွင်းပေးပါ။ ကန်အတွင်းတွင်း ငါး ရိုင်းများနှင့် သားစားငါးများကင်းရှင်းစေရန်သည် အဓိကကျပါသည်။ ငါးသားပေါက်မွေးရာတွင် ငါးမျိုစိတ် တမျိုး တည်းသာ ထည့်သွင်းပါ၊ ရေနှော မွေးမြူခြင်းမျိုး မဖြစ်စေရပါ။

    ဦးဆန်းအောင် (ထွက်တိုး)

    ဖုန်းဘေကံစမ်းရန် - https://htwettoe.com/post/46220


    ----

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://l.htwettoe.com/v2

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။



  • article
  • article
likes50comments6
views1029views24272