cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၃မြို့နယ်အတွက် တစ်ပတ်စာ မိုးလေသခန့်မှန်းချက်နှင့် စိုက်ပျိုးရေး၊‌ရေလုပ်ငန်းအကြံပြုချက်

. ရာသီဥတု သတင်းများ
အောက်တိုဘာလ နောက်ဆုံးအပတ်မှာ မိုးရွာရန်ရာခိုင်နှုန်း ၄၀% ထိကျဆင်း ✅✅🌾🌾🐠🐟
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • အောက်တိုဘာ နောက်ဆုံးအပတ်မှာတော့ မိုးရွာရန်ရာခိုင်နှုန်းများ ၄၀ထိ ကျဆင်းလာနိုင်ပါတယ်။ ဘယ်ရက်တွေမှာ မိုးနည်းပြီး ဘယ်ရက်တွေမှာ မိုးရွာနှုန်း မြင့်တက်နေဆဲဆိုတာကို မိမိတို့မြို့နယ်အလိုက် ဝင်ရောက်ကြည့်ရှုပေးသွားအုံးနော်။

    တစ်ပတ်စာ မိုးလေဝသ ခန့်မှန်းချက်နှင့်အတူ စိုက်ပျိုးရေး၊ ရေလုပ်ငန်း အကြံပြုချက်များကိုလည်း ထွက်တိုးမှဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ

    ဖြုတ်ပိုးအန္တာရယ် ကာကွယ်ရန်✅✅

    ဖြုတ်သုံးမျိုးအနက်မှ ဖြုတ်ညိုပိုးသည် ရာသီဥတုနှင့် ဆက်စပ်မှုအများဆုံးရှိသော ဖျက်ပိုးဖြစ်ပြီး တိုက်ခတ်သောလေနှင့် ပျံ့နှံ့ပြန့်ပွားသည်။ ထို့ကြောင့် စပါးခင်းများစွာတွင် ကျရောက်ပြီး တံစဉ်လွတ်ပျက်စီးနိုင်၍ ဂရုပြုကာကွယ်နှိမ်နင်းသင့်ပါသည်။ ဖြုတ်စိမ်းသည် စပါးပင်သက်တမ်း အစောပိုင်းတွင်ကျတတ်သည်။ ဖြုတ်ညိုသည် စပါးပင်သက်တမ်း အလယ်ပိုင်းနှင့်နောက်ပိုင်းကာလတွင် ကျရောက်တတ်သည်။

    ဖြုတ်ပိုးကို ကာကွယ်နှိမ်နင်းရန် .....

    ▪️ ယူရီးယားဓာတ်မြေဩဇာကို လိုအပ်သည်ထက် ပိုမထည့်မိစေရန် ဂရုပြုပါ။

    ▪️ ဖြုတ်များခိုအောင်းရာ လက်ခံပေါင်းများကိုရှင်းလင်းပါ။ အထူးသဖြင့် ဖြုတ်စိမ်း၏လက်ခံလွှဲပင် ဖြစ်သော ဝမ်းဘဲစာမြက် နှင့် မြက်မုန်ညင်းမျိုးများ မရှိစေရပါ။

    ▪️ ယခင်နှစ်ကဖြုတ်ပိုးကျခဲ့သော စပါးခင်းရှိရိုးပြတ်များကို မီးရှို့၍ ထယ်နက်နက်ထိုးပေးပါ။

    ▪️ ဖြုတ်ပိုးသည် ရေကြိုက်သည့်အတွက် ဆိုးဝါးစွာကျရောက်လာပါက ရေထုတ်ပေးပါ။

    ▪️ ဖြုတ်စိမ်းကျရောက်မှုများပါက မီးရောင်ထောင်ချောက်ကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ထွန်းပေးပါ။

    ▪️ ပိုတက်ရှ်ဓာတ်မြေဩဇာကို မှန်မှန်ထည့်ခြင်းဖြင့်ဖြုတ်စိမ်း နှင့်ဖြုတ်ညိုကျရောက်မှုကျဆင်းစေသည်။

    ▪️ ဖြုတ်ပိုးများသည် စိုက်ခင်းတစ်ခင်းမှ တစ်ခင်းသို့ လေနှင့်အတူ ပျံ့နှံ့ရောက်ရှိသောကြောင့် ဘေးအခင်းများကျရောက်ပြီဆိုပါက ကြိုတင်ကာကွယ်မှုပြုလုပ်ပါ။

    ▪️ စိုက်ခင်းကို လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ပေးပါ။

    ▪️ ဖြုတ်ပိုးဒဏ်ခံနိုင်ရည်ရှိသော စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။

    ▪️ ဓာတုနည်းဖြင့်နှိမ်နင်းရန် စပါးခင်းသည် ရေထုတ်ရန်လွယ်ကူပါက ရေထုတ်၊ရေကြောင်းခွဲပေးပြီး ဆေးအဆိပ် ကားတက် ဟိုက်ဒရိုကလိုရိုက်၊ ပိုင်မီထရိုဇင်း ပါသော ဆေးများကို တစ်ပင်လုံးအနှံ့ရောက်အောင် အပင်အောက်ခြေအထိ ပက်ဖျန်းအသုံးပြု ပေးရပါမယ်။

    ငါးတောင်သူများနှင့် ငါးကန်များအတွက်အကြံပြုချက်

    ငါးဗိုက်ဖောင်းရောဂါကြောင့် ဝမ်းဗိုက်အတွင်း အစိမ်းရောင် သို့မဟုတ် အဝါရောင်အရည်များ စုဝေးပြီး ငါးများ ရေတွင် ကောင်းစွာ မကူးခတ်နိုင်ခြင်း၊ အစာစားနှုန်း ကျဆင်းပြီး သေနိုင်ပါသည်။ 

    ရောဂါဖြစ်ပွားသော ငါးကို ပိုတက်စီယမ်ပါမင်းဂနိတ်ဖျော်ရည်တွင် ၁မိနစ် (သို့) ၂မိနစ်စိမ်ပေးပါ။ 

    ကန်ရေသန့်ရှင်းအောင် ထားပြီး အောက်ခြေမှ အညစ်အကြေးနှင့် မစင်များကို ပြောင်ထုတ်ပေးရပါမည်။ တဧကလျှင် ထုံးပိဿာ ၃၀နှုန်း ထည့်ပေးပါ။ သဘာဝမြေသြဇာသုံးခြင်းကို ယာယီရပ်ဆိုင်းထားပါ။ အမော်စလင်ဆေးကို အစာတစ်ကီလိုလျှင် ၂ မှ၃ဂရမ်ထည့်ပြီး ၇ရက်ခန့်ကြွေးပေးပါ။

    တောင်သူဦးကြီးများအဆင်ပြေကြစေကြောင်း ထွက်တိုးမှ ဆုတောင်ပေးလိုက်ပါတယ် ခင်ဗျာ။

    မိုးလေဝသခန့်မှန်းချက်များကို CIAT မှကောက်နုတ်ဖော်ပြသည်။


likes8comments1
views102views4535