cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ခရမ်း၊ ခရမ်းချဉ်၊ ငရုတ် ပျိုးထောင်ကြမယ့် တောင်သူဦးကြီးတို့အတွက်🌱🌱

. အပင်စိုက်ပျိုးနည်းများ
❌လောင်းရိပ်အမြဲကျနေတဲ့နေရာမှာ ပျိုးမထောင်ပါနဲ့။ ပျိုးပင် လှီတာမျိုးဖြစ်စေပါတယ်။ မိုးရွာပြင်မှာ မထားပါနဲ့။
  • article
  • article
  • article
  • 🪴

    စပ်မြေပြုလုပ်ရန်

    ✅နုန်းမြေ(သို့) သဲနုန်းမြေ(သို့) စိုက်မြေ ၃ ဆ၊ စက်ဖွဲပြာ ၂ ဆ၊ နွားချေးအမှုန့် ၁ ဆ တို့ကို ရောပြီး အသုံးပြုနိုင်ပါတယ်။/ သို့မဟုတ် မြေဆွေးမြေ (သို့) နုံးမြေ၊ နွားချေးတို့ကို သမအောင်နှယ်ပြီး အသုံးပြုနိုင်ပါတယ်။ 

    ✅စပ်မြေအရောကို မှုန့်နေအောင်ပြုလုပ်ပြီး စကာချပေးပါ။ နွားချေးက ဆွေးမြေ့ခြောက်သွေ့နေရန် လိုအပ်ပါတယ်။(တချို့တောင်သူများလည်း နှစ်ချို့မြေဆွေးကိုသာ အသုံးပြုပြီး ပျိုးထောင်ကြတာ တွေ့ရပါတယ်။) 

    ✅မြေဆောင်မှိုရောဂါများ ကာကွယ်နိုင်ရန် ဟိုက်မယ်ဇာဇိုး (Hymexazol) အညွှန်းပါအတိုင်း ထည့်သွင်း အသုံးပြုပေးပါ။ 

    ✅မြေတွင်းအောင်းပိုးများ ကာကွယ်နိုင်ရန် ဖီပရိုနေး (Fipronil) ဆေးအဆိပ်ကို အသုံးပြုပါ။

    ပျိုးအိတ်နဲ့ ပျိုးထောင်နည်း

    🌱အလျား၊ အနံ (၄ လက်မ x ၃ လက်မ) အရွယ်အစား ပျိုးအိတ်ကို အသုံးပြုနိုင်ပါတယ်။ ပျိုးအိတ်ထဲ စပ်မြေထည့်ပြီး ရေဝအောင် လောင်းထားရပါမယ်။ 

    🌱ပျိုးအိတ်ထဲကို တုတ်/လက်ဖြင့် အရာလေးပေးပြီး ၁ စေ့ (သို့) ၂ စေ့ကိုသာ အသုံးပြုပါ။ မျိုးစေ့အညှောက်ပေါက်နှုန်း ကောင်းပါက မျိုးစေ့အလေအလွှင့် မဖြစ်စေရန် တစ်အိတ် ၁ စေ့သာ အသုံးပြုပါ။ အထုပ်အပေါ်ယံမှာ မျိုးစေ့ထည့်ပြီး အပေါ်မှ မြေမှုန့် (သို့) စက်ဖွဲပြာနဲ့ လုံရုံသာ ဖုံးပေးပါ။ 

    🌱ပျိုးထုပ်တွေ အပေါ်မှ အိတ်အကြည်နဲ့ ၃ ညခန့် အလုံအုပ်ပေးပါ။ ရေငွေ့ဓာတ်နဲ့ အပင်ပေါက်အား ကောင်းရန် ဖြစ်သည်။ 

    🌱အပင်ပေါက်လေးတွေ ပေါက်လာပြီဆိုပါက လှပ်ပြီး ရေလောင်းရပါမယ်။ 

    🌱၄ ပေအမြင့် အမိုးလေး ပြုလုပ်ပြီး ၇-၁၀ ရက်ခန့် ပျိုးထုပ်များကို ထားပါ။ 

    🌱နောက် ၅ ရက်မှာ နေပူသန်ချိန် အမိုးအောက်ထားပြီး မနက်ခင်းပိုင်းနဲ့ ညနေပိုင်းမှာ အမိုးလှပ်ပေးကာ ကွင်းပြင်အခြေအနေနဲ့ သဟဇာတဖြစ်အောင် ပြုလုပ်ပေးရပါမယ်။

    🌱ပျိုးသက် ၁၅ ရက်နောက်ပိုင်းမှာ အပြီးလှပ်ပေးရပါမယ်။ 

    👉❗သတိပြုရန် - ပျိုးအိတ်ထဲ မြေထည့်ရာမှာ အပြည့်အလျှံထည့်ပါက ရေလောင်းရာမှာ ရေစိမ့်မဝင်နိုင်တာမျိုး၊ မျိုးစေ့အပြင်ထွက်ကျတာမျိုး၊ အပင်ပေါက်လာပြီးနောက်ပိုင်း အပင်ယိုင်လဲတာမျိုး ဖြစ်တတ်ပါတယ်။ မြေထည့်နည်းပါကလည်း မျိုးစေ့မှ အလင်းရောင် အလုံအလောက်မရကာ ရှည်ထွက်လာတာမျိုး ဖြစ်တတ်ပါတယ်။

    👉ရေကို မနက်ခင်းတိုင်း ဖျန်းပါ။ နေပူသန်ပြီး လိုအပ်ချက်များပါက ညနေပိုင်း ဖျန်းတာမျိုးလည်း လုပ်နိုင်ပါတယ်။ 


    စိုက်ဘောင်ဖြင့် ပျိုးထောင်နည်း


    🌱ပျိုးဘောင်ကို ကိုယ်လိုချင်တဲ့ပုံစံ သတ်မှတ်ပြီး ပြုပြင်နိုင်ပါတယ်။ သတိထားရမှာက စိုက်ဘောင်အနံကျယ်ပါက ပြုစုချိန်မှာ ခက်နိုင်ပါတယ်။ ၂-၃ လက်မ တန်းကြား ၊ ၀.၅ (သို့) ၁ လက်မ ပင်ကြားထားပြီး မျိုးစေ့ အတန်းလိုက် ချနိုင်ပါတယ်။။ မျိုးစေ့များကို လုံရုံသာ အပေါ်မှ မြေမှုန့် (သို့) စက်ဖွဲပြာနဲ့ ဖုံးပေးပါ။ အပေါ်မှထပ်၍ ကောက်ရိုး (သို့) စပါးခွံနဲ့ ဖုံးအုပ်ပေးပါ။ ၅ ရက်ဆက်တိုက် ရေလောင်းပေးပါ။ ကောက်ရိုးဖုံး အသုံးပြုခဲ့ပါက ၇ ရက်သားမှာ ဖယ်ပေးပါ။ ဒီနေရာမှာ စပါးခွံအသုံးပြုပြီး ဖုံးခဲ့ပါက မှိုရောဂါကို ဂရုစိုက်ပါခင်‌ဗျာ။ထို့ကြောင့် အထက်ပါဖော်ပြခဲ့တဲ့ မှိုကာကွယ်ဆေးကို အသုံးပြုပါ။ မနက်ပိုင်း (သို့) ညနေပိုင်းတွင် ရေပန်းခရားနဲ့ လောင်းပါ။ အစိုဓာတ်အရမ်းမများအောင်ဂရုစိုက်ပါ၊ အပင်များ ပြွတ်သိပ်မနေရန် မလိုအပ်တဲ့ အပင်တွေကို နှုတ်ပစ်ပါ။ 

    ❌လောင်းရိပ်အမြဲကျနေတဲ့နေရာမှာ ပျိုးမထောင်ပါနဲ့။ ပျိုးပင် လှီတာမျိုးဖြစ်စေပါတယ်။ မိုးရွာပြင်မှာ မထားပါနဲ့။

    ❗ပျိုးသက် ၂၅-၃၀ ရက်မှာ ပြောင်းရွေ့စိုက်ပျိုးနိုင်ပါတယ်။ ပျိုးသက် မရင့်ပါစေနဲ့။ 


    ရေးသားသူ

    နွယ်အေး

    -------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


likes25comments0
views367views5665