cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အောက်တိုဘာလ ၁၆ မှ ၂၀ ရက်နေ့ထိ ဈေးကွက်သုံးသပ်ချက်

. ဈေးကွက်
တစ်ပတ်အတွင်းမှာတော့ မတ်ပဲကတော့ စံချိန်တင်ဈေးမြင့်တက်ခဲ့ပေမယ့် ပဲစင်းငုံနီကတော့ အပြောင်းအလဲ မရှိဈေးငြိမ်နေပါတယ်။ပြည်တွင်း ပဲမာ အချို့ ဈေးမြင့်တက်သလို လက်ကျန်တွေ မရှိတဲ့အတွက် အချို့ပဲတွေ ဈေးကျဆင်းလာပါတယ်။
  • မတ်ပဲ

    မတ်ပဲက ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးမြင့်တက်နေခဲ့တာ ဖြစ်ပြီး လက်၇ှိမှာ မှာတော့ အမြင့်ဆုံးဈေး ရောက်ရှိနေပါတယ်။ပွဲတော်ကာလ ဝယ်ယူမှုတွေကြောင့် ဈေးမြင့်တက်နေခဲ့တာ ဖြစ်ပြီး မြန်မာ ပြည်တွင်း မတ်ပဲ လက်ကျန်လျော့နည်းနေတာ ဖြစ်လို့ မတ်ပဲက ဆက်ပြီး ဈေးတက်နိုင်ဦးမယ်လို့ အိန္ဒိယ ဘက်က ကုန်သည်တွေက သုံးသပ်ထားပေမယ့်ပြည်တွင်း ကုန်သည်တွေကတော့ အများကြီး ထပ်ပြီး တက်နိုင်ခြေ မရှိဘူးလို့လည်း ခန့်မှန်းထားကြပါတယ်။

    လက်ရှိပေါက်ဈေးသည် အမြင့်ဆုံး ဖြစ်ပြီး လက်ကြီး သမားတွေ လက်ထဲတွင်သာ ပဲ ရှိတော့တာ ဖြစ်တယ် လို့ ဆိုပါတယ်။

    ပြည်တွင်း လက်ကျန်က လက်ရှိမှာ တန်ချိန် တစ်သိန်းကျော်လောက်သာ ကျန်ရှိနေပြီး ပြည်တွင်း မတ်ပဲ စိုက်ရတော့မှာ ဖြစ်တဲ့အတွက် မျိူုးပဲတွေ အရောင်းအဝယ်ကောင်းနေတယ်လို့လည်း သိရပါတယ်။

    ရန်ကုန်ဈေးကွက်မှာ မတ်ပဲ(FAQ/RC)က တစ်တန်ကို ၂၇၂၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၈၀၀၀၀ ကျပ်ဈေးမြင့်တက်လာသည်။

    မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၆၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးမြင့် တက်လာသည်။

    နယ်ဈေးကွက်တွေမှာတော့ မတ်ပဲက တစ်တင်း ကို ၈၉၀၀၀ ထိ ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၃၀၀၀လောက်ဈေးမြင့်တက်လာပါတယ်။

    ပဲစဥ်းငုံနီ

    ပဲစင်းငုံနီကတော့ သုံးပတ်ဆက်တိုက်ဈေးငြိမ်နေပါတယ်။ ပြည်တွင်း ဈေးကွက် အတွင်း လက်ကျန်မရှိတဲ့ အတွက် အဝယ်လည်း မရှိလို အရောင်းလည်း မရှိလို့ ဈေးငြိမ်နေတာ ဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

    ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၄၀၇၅၀၀၀ ရှိနေပါတယ်။မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၃၇၀၀၀၀ မှ ၃၈၀၀၀၀ ကြား ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တော့ တစ်အိတ်ကို ၁၀၀၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။ လာမယ့် လ အတွင်း ရိတ်သိမ်း တော့မှာ ဖြစ်လို့ အမြင့်ဈေး နဲ့ ဖွင့်နိုင်တယ်လို့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။

    ကုလားပဲ

    ကုလားပဲဈေးကတော့ တစ်ပတ်အတွင်း ဈေးအနည်းငယ်ပြန်မြင့်တက်လာပါတယ်။ ပုံမှန် ဝယ်လက်လောက်သာ ရှိတဲ့အတွက် နေ့စဉ် အရောင်းအဝယ်ပေါ်မူတည်ပြီး ဈေးအတက်အကျ ရှိနေတာ ဖြစ်တယ်လို့သိရပါတယ်။

    ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၄၅၀၀ မှ ၄၅၈၅ ကျပ်၊ကုလားပဲလုံးဖြူကြီး ကတော့ တစ်ပိဿာကို ၄၅၈၀ မှ ၄၆၇၀ ကျပ်ရှိပြီး ဈေးငြိမ်ပါတယ်။ ကုလားပဲခြမ်းကလည်း တစ်ပိဿာကို ၅၈၅၀ မှ ၆၁၀၀ ကျပ်ရှိပါတယ်။

    မန္တ‌လေးဈေးကွက် မှာ ကုလားပဲ(ထိုင်ဝမ်) က တစ်အိတ် ကို ၂၅၈၀၀၀ မှ ၂၆၀၀၀၀ကျပ်ရှိပြီး ၂၀၀၀ ကျပ် ကုလားပဲ V2 က တစ်အိတ်ကို ၂၇၀ ၀၀၀ကျပ်ရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ကုလားပဲ V7 ကတော့ တစ်အိတ်ကိ ၂၈၀၀၀၀ ရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ ၊ကုလား (၉၂၉)က တစ်အိတ်ကို ၂၆၄၀၀၀ မှ ၂၆၅၀၀၀၊ရှိပြီး‌ေဈးငြိမ်ပါတယ်။

    ကြက်သွန်ဖြူ


    ကြက်သွန်ဖြူကတော့ ပြီးခဲ့တဲ့အပတ်က ဈေးမြင့်တက်နေတာ ဖြစ်ပါတယ်။ ဈေးကွက် အတွင်း အဝင်နည်းနေပြီး အဝယ်သွက်နေတဲ့ အတွက်ဈေးမြင့်တက်နေတာ ဖြစ်ပြီး ထပ်ပြီး ဈေးမြင့်တက်နိုင်ဦးမယ်လို့ ကြက်သွန်ဖြူကုန် သည်တွေက ဆိုပါတယ်။


    လက်ရှိ ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်ဖြူ(ကြူကုတ်)‌ေရာ (ရှမ်း) ရော နေ့စဉ် ပိဿာ ချိန် တစ်သောင်းအထက် အဝင်ရှိနေပေမယ့် ဈေးကောင်းနေတယ်လို့ သိရပါတယ်။

    ကြက်သွန်ဖြူ(ကြူကုတ်)က ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်ပိဿာကို ၇၈၀၀ မှ ၇၉၀၀ ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။


    ရှမ်းကြက်သွန်ကတော့ ဝယ်လိုအား ကောင်းပြီး အဝင်နည်းလာတဲ့အတွ် တစ်ပိဿာကို ၈၀၀၀ မှ ၉၆၀၀ ရှိပြီး တစ်ပိဿာကို ၇၀၀ ကျပ်ဈေးတက်လာပါတယ်။

    သကြား

    ဆက်တိုက်ဈေးမြင့်တက်နေတဲ့ သကြားက ဒီတစ်ပတ်မှာ အနည်းငယ်ဈေးပြန်ကျဆင်းသွားပါတယ်။ ဈေးကွက်အတွင်း အဝယ်နည်းတဲ့အတွက် ကျဆင်းသွားတာ လို့သိရပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်ပိဿာကို ၃၇၅၀ မှ ၃၇၆၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

    နှမ်းစျေးကွက်

    ပြီးခဲ့တဲ့အပတ်ကဈေးမြင့်တက်ခဲ့တဲ့ နှမ်းမျိုးဈေးက ဒီတစ်ပတ်မှာတော့ အဝယ်နည်းသွားသလို ဈေးကွက်ထဲ အများအပြား အဝင်ရှိနေတဲ့အတွက်ဈေးတွေ ကျဆင်းသွားပါတယ်။

    မန္တလေးဈေးကွက်မှာ နှမ်းနက်(စမုံ)က တစ်အိတ်ကို ၃၂၅၀၀၀ မှ ၃၄၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၅၀၀၀ ကျပ်ဈေးကျသွားပါတယ်။

    နှမ်းဖြူ(ဂျပန်)ကတော့တစ်အိတ်ကို ၃၇၀၀၀၀ မှ ၃၈၀၀၀၀ ရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ် ၊နှမ်းဖြူ(ရိုးရိုး)ကတော့ တစ်အိတ်ကို ၃၆၀၀၀၀ မှ ၃၈၀၀၀၀ ရှိပြီး တစ်အိတ်ကို ၅၀၀၀ အသီးသီးဈေးကျဆင်းပါတယ်။

    နှမ်းညိုကတော့ တစ်အိတ်ကို ၁၈၀၀၀၀ မှ ၁၈၅၀၀၀ ကြား ရှိပြီး ၅၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။

    ဈေးကွက်ထဲကို ဝင်လာတဲ့ နှမ်းနက်(ရိုးရိုး)ကတော့ တစ်အိတ်ကို ၂၈၀၀၀၀ ကနေ ၂၉၀၀၀၀ ကြား ဈေး အဖွင့်ရှိနေပါတယ်။

    ဆက်တိုက်ဈေးမြင့်တက်နေခဲ့တဲ့ပန်းနှမ်းကတော့ တစ်အိတ်ကို ၁၉၀၀၀၀ မှ ၁၉၅၀၀၀ ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။


    Exclusive Content For Htwet Toe - ထြက္တိုး


    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes2comments0
views180views6393