cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကညွတ်စိုက်ပျိုးနည်း

. စိုက်ပျိုးနည်းစနစ်များ
ကညွတ်ကို ဘယ်ဒေသမှာ အစိုက်များသလည်း
  • article

  • မြန်မာနိုင်ငံတွင် ထင်ရှားကျယ်ပြန့်စွာ စိုက်ပျိုးလာသော ဟင်းသီးဟင်းရွက် အမျိုးအစားဖြစ်သည်။ 

    အများအားဖြင့် ကြော်ချက်၍ စားသုံးကြသည်။ တချို့က ဆေးဝါးအဖြစ် စားသုံးကြသည်။ သမပိုင်းရာသီဥတုကို နှစ်သက်သည်။  

     မြေအမျိုးအစား 

    ==== 🌱 ==== 

    မြေသြဇာထက်သန်ပြီး အစိုဓာတ်ရှိသော သဲနုန်းမြေသည် ကညွတ်စိုက်ရန် အသင့်တော်ဆုံးဖြစ်သည်။ ရေမဝပ်သော ခဲမြေတွင် စိုက်ပါက စည်သွပ်ကညွတ်အတွက် အကောင်းဆုံးဖြစ်သည်။ ကညွတ်စိုက်မည့် မြေတွင် ပဲမျိုးရင်းဝင်အပင်များ စိုက်ပြီး ပန်းမပွင့်မီ ထယ်ထိုးခြင်းဖြင့် သစ်စိမ်းမြေသြဇာအဖြစ် မြေတွင်းအာဟာရ ဓာတ်ရစေသဖြင့် ကညွတ်ပင်ကြီးထွား ဖွံ့ဖြိုးရေးတွင် များစွာအထောက်အကူဖြစ်စေသည်။    

     စိုက်ပျိုးခြင်း   

    ==== 🌱 ==== 

    (က) မျိုးစေ့ကို ပျိုးထောင်စိုက်ပျိုးခြင်း မျိုးစေ့စိုက်လျှင် တစ်ပင်နှင့်တစ်ပင် တစ်လက်မမှ ၁ ဒသမ ၅ လက်မခြား၍ တစ်တန်းနှင့် တစ်တန်း တစ်ပေခန့်အထိထား၍ ပျိုးထောင်ရမည်။ တစ်ဧကအတွက် မျိုးစေ့လေးပေါင်(နှစ်ကီလိုဂရမ်ခန့်) လိုပါသည်။ မျိုးစေ့ချပြီး နှစ်ပတ်မှ ခြောက်ပတ်အကြာတွင် အပင်ပေါက်သည်။ မျိုးစေ့ကို သုံးရက်မှ လေးရက်ကြာအောင် ရေစိမ်စိုက်ပါ။ ရေကို တစ်နေ့တစ်ခါ လဲပေးရမည်။ အပင်ပေါက်ပြီး တစ်လသားအရွယ် အပင်များကို(၅x၆) လက်မ ပလတ်စတစ်အိတ်တွင် ရွှေ့ပြောင်းစိုက်ပါ။ လေးလသားအရွယ် အပင် များ ခြောက်လက်မမှ ရှစ်လက်မရှိလျှင် ရွှေ့ပြောင်းစိုက်ပါ။    

    (ခ) ဥကိုဖဲ့၍ စိုက်ပျိုးခြင်း မေ၊ ဇွန်တွင် စတင်စိုက်ပျိုးနိုင်ပါသည်။ တစ်တန်းနှင့် တစ်တန်း သုံးပေမှ ခြောက်ပေ၊ တစ်ပင်နှင့်တစ်ပင် တစ်ပေမှ ၁ ဒသမ ၅ ပေအထိ အကွာအဝေးထား၍ စိုက်နိုင်သည်။ ကျင်းကို ရှစ်လက်မအထိတူး၍ စိုက်နိုင်သည်။     

    အပင်ပြုစုနည်း    

    ==== 🌱 ==== 

     ပေါင်းမြက်ကို အခါအားလျော်စွာ ရှင်းပေးပြီး မိုးမကျမီ တစ်ပတ်အလိုတွင် မြေပေါ်အပင်များကိုခုတ်၍ မီးရှို့ပါ။ နွားချေးဆွေး၊ မြေဆွေးများ ထည့်ပြီး မိုးဦးကျလာသည်နှင့် အစို့များ ထွက်လာမည်။ ကညွတ် တစ်နှစ်မှ နှစ်နှစ်သားတွင် အပင်များအကြား၌ ပဲမျိုးရင်းဝင် အပင်များ စိုက်နိုင်သည်။    

     ရိတ်သိမ်းခြင်း     

    ==== 🌱 ==== 

    ကညွတ်အစို့များကိုစိုက်ပြီး နှစ်နှစ်သားတွင် စတင်ရိတ်သိမ်းနိုင်သည်။ အပင်သက်ခုနစ်နှစ်အထိ အထွက် တိုးသည်။ လေးနှစ်မှ ၁၀ နှစ်သားတွင် အရည်အသွေးကောင်းသော ကညွတ်များ ရနိုင်သည်။ တစ်ဧကလျှင် ပိဿာ (၃၀၀-၅၀၀) ထွက်နိုင်ပါသည်။ ဘောင်များ ကို မြေတောင်မြှောက်ပေးခြင်းဖြင့် နူးညံ့ပြီး ကြီးထွားသော အစို့များကို ရနိုင်ပါသည်။   

    ကျမ်းကိုး- ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း လမ်းညွှန် (စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) 

    ----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share လုပ်ထားပါ။

    ကညွတ် စိုက်ပျိုးနည်း၊ အခြား သီးနှံစိုက်ပျိုးနည်းများ အတွက်

    ထွက်တိုးကို Download လုပ်ပါ - https://htwettoe.com/download


likes7comments0
views80views4858