စပါးဆစ်ပိုး အဖျက်မျိုးကို ထိထိရောက်ရောက် ကာကွယ်နည်းများ
- --------------------------------------- - - အပင်ပေါက်အရွယ်ကစလို့ အပင်ကြီးဖြစ်တဲ့အထိ အပင်ရဲ့ကြီးထွားမှု အဆင့်တိုင်းမှာ နွေစပါးခင်းကို ဖျက်ဆီးတတ်ပါတယ်။ - ဖျက်ဆီးမှု လက္ခဏာများ - - ဖလံကောင်အဆင့်မှာ အဝါရောင်ရှိပြီးတော့ အတောင်တွေမှာ အမဲစက်များရှိပါတယ်။ - - လောက်ကောင်အဆင့်မှာ ပင်စည်ထဲမှာ တွေ့ရတတ်ပြီး ပင်စည်ကို စားသောက်ဖျက်ဆီးတတ်တယ်။ - - ပင်ပိုင်းကြီးထွားတဲ့ အဆင့် မှာဆို ပိုးကျနေတဲ့အပင်ဟာ ဆွဲနူတ်မယ်ဆိုရင် အရင်းကနေ အလွယ်တကူ ပြတ်သွားတတ်ပါတယ်။ ဒါကို အလယ်အူတိုင် ပုပ်ခြင်း (အူပုပ်ရောဂါ) လို့ ခေါ်ပါတယ်။ - - နောက်ဆုံးမှာ စပါးနှံသည် အစေ့အဆန် မတည်နိုင်ပဲ အနှံဖြူနေခြင်းကို တွေ့ရပါသည်။ ဆစ်ပိုးအမ အကောင်ကြီးအဆင့် လောက်ကောင်အဆင့် - မိုးစပါးတွင် ကျရောက်တတ်သော စပါးဆစ်ပိုးကို နှိမ်နင်းခြင်းမိုးစပါးခင်းကို စပါးဆစ်ပိုးရန်က ကာကွယ်ဖို့ အောက်မှာ ဖေါ်ပြထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာသင့်ပါတယ်။ - - စပါးဆစ်ပိုးဒဏ်ကို ခံနိုင်ရည်ရှိတဲ့ “ဧရာမင်း” လို စပါးမျိုးကို ရွေးချယ် စိုက်ပျိုးသင့်ပါတယ်။ - - ပျိုးပင်အဆင့်နဲ့ ရွေ့ပြောင်း စိုက်ပျိုးဆဲ အဆင့်တွေမှာ ပိုးကောင်ရဲ့ ဥတွေကို ဖယ်ရှား ဖျက်ဆီးဖို့ အရွက်ထိပ်တွေကို ဖြတ်ပစ်ပါ။ - - နိုက်ထရိုဂျင် ပါဝင်တဲ့ ဓာတ်မြေသြဇာတွေ အလွန်အကျွံ သုံးစွဲတာကို ရှောင်ကြဉ်ပါ။ - - တမာကြိတ်ဖတ် ကို တစ်ဧကလျင် ၄၂ မှ ၅၀ ဂရမ် သုံးစွဲပေးပါ။ - - တစ်ဧကလျင် မီးထောင်ခြောက် ၂ ခုစီ ထားပေးပါ။ - - တတ်နိုင်သလောက် ဘေးပတ်ဝန်းကျင်က စပါးကွင်းများနှင့် ညီအောင် အချိန်ကိုက် စိုက်ပျိုးပေးပါ။ - - ပင်ပွားစည်းချိန်နှင့် ဖုံးတုံးလုံးတုံး အချိန်တွင် ထရိုက်ဂို ဂရားမား နဂျီကို စိုက်ခင်းထဲသို့ လွှတ်ပေးရမည်။ နဂျီဥကတ် (၁) ကတ်တွင် နဂျီကောင်ပေါင်း (၁၀၀၀) ပါသည်။ စပါးခင်း တစ်ဧကတွင် နဂျီဥကတ်ပေါင်း (၄၀)ကို (၃) ကြိမ်လွှတ်ပေးရမည်။ ( မိမိတို့ ဒေသရှိ နီးစပ်ရာ စိုက်ပျိုးရေး ရုံးများတွင် နဂျီဥကတ်ကို စုံစမ်း မေးမြန်းနိုင်သည်) - - စပါးဆစ်ပိုးရန်က ကာကွယ်ဖို့ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ဈေးကွက်ထဲမှာ အလွယ်တကူ ဝယ်ယူ သုံးစွဲနိုင်တဲ့ ပိုးသတ်ဆေးတွေကို အကြံပြု တိုက်တွန်းထားပါတယ်။ - - ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံး တစ်ပုံးလျှင် ကာတက် (၉၅%) (Cartap 95% SP)၊ စားပွဲတင်ဇွန်း( ၃ )ဇွန်း၊ တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅) ပုံး၊ - - ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ကလိုရမ် ထရန်နီလီပိုး+ သိုင်ရာမီသိုဇမ် (Chlorantraniliprole+Thiamethoxam 40%WG ) (၃) ဂရမ် အထုပ်သေးတစ်ထုပ်ကို အသုံးပြုပေးပါ။ - -ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံး တစ်ပုံးလျှင် ဖလူဗန်ဒိုင်ရာမိုက် (Flubendiamide 240% WG )၊ စားပွဲတင်ဇွန်း(ဇွန်းဝက်-၁)ဇွန်း၊ တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅) ပုံး၊(သို့မဟုတ်) ကာတက် ဟိုက်ဒရို ကလိုရိုက် ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံး တစ်ပုံးလျှင် စားပွဲတင်ဇွန်း(၂-၄)ဇွန်း၊ တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅) ပုံး၊ကာဘိုဆာလ်ဖန် ၄၀ စီစီ စားပွဲတင်ဇွန်း(၂-၄)ဇွန်း အသုံးပြုနိုင်သည်။ ဒါမှမဟုတ် ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်တဲ့ ပိုးသတ်ဆေးထုတ်များမှာ ပါရှိတဲ့ မြန်မာစာအညွှန်းအတိုင်း အသုံးပြုနိုင်ပါတယ်။ (မြန်မာစာ ဆေးညွှန်းကို သေချာစွာ ဖတ်ရှုပြီး လိုက်နာ ဆောင်ရွက်ပေးပါ) - ထွက်တိုး - Source:စိုက်ပျိုးရေးဦးစီးဌာန - ---- - ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။ - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
