cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြင်ဦးလွင်ရှိ ကော်ဖီခြံများ ပင်စည်ထိုးပိုးကျမှုကြောင့် အထွက်နှုန်း ၄ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်

. သတင်းစုံ
အဓိက ကော်ဖီပင်အိုတွေမှာ ဖြစ်တာများတယ်။ ကော်ဖီခြံ စုစုပေါင်းရဲ့ ၁ ရာခိုင်နှုန်းက လုံးဝပျက်ဆီးသွားပြီး အထွက်နှုန်းက ၃ ရာခိုင်နှုန်းနဲ့ ၄ ရာခိုင်နှုန်းခန့် ကျဆင်းထိခိုက်လာနိုင်တယ်
  • မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်မှာ စိုက်ပျိုးထားတဲ့ ကော်ဖီခြံရှိ ကော်ဖီပင်များမှာ ရာသီဥတု ပူပြင်းလာသလို ပင်စည်ထိုးပိုးများ ကျရောက်နေတာတွေရှိနေတာကြောင့် ပျက်စီးဆုံးရှုံးမှုတွေရှိနေပြီး အထွက်နှုန်း ၄ ရာခိုင်နှုန်းခန့် ကျဆင်းလာနိုင်တယ်လို့ ပြင်ဦးလွင်ခရိုင် သီးနှံကာကွယ်ရေးဌာနခွဲမှ သိရပါတယ်။

    ဒါ့အပြင် ကော်ဖီပင်များမှာ ပင်စည်ထိုးပိုးများ လျော့နည်းပပျောက်စေဖို့ကို အထက်ပါ ဌာနခွဲအနေနဲ့ မြေပြင် ကွင်းဆင်းပြီး နည်းပညာများ၊ သင်တန်းပေးခြင်းများနဲ့ လက်ကမ်းစာဆောင်များ ဖြန့်ဝေဆောင်ရွက်ပေးပေမယ့် ကော်ဖီခြံ ပိုင်ရှင်များက လိုက်နာဆောင်ရွက်မှု အားနည်းနေတာတွေကြောင့် ပျက်ဆီး ဆုံးရှုံးမှုတွေ ဖြစ်ပေါ် နေတာလို့ ယင်းဌာနခွဲမှ တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။

    "ပိုးစကျတာက ၂၀၂၁ ခုနှစ်မှာ စကျတာ။ ပြင်ဦးလွင်က ၂၀၂၁ နောက်ပိုင်းကစပြီး မအေးတော့ဘူး။ ပူတဲ့ရာသီဘက်ကို ရောက်လာတော့ ပိုးက အပူကြိုက်တာလည်းပါ ပါတယ်။ နောက်ပြီး အချို့ ခြံပိုင်ရှင်တွေက ခြံစောင့်တွေနဲ့ပဲ ထားပြီး ဂရုစိုက်မှု အားနည်းတာတွေကြောင့်လည်း ဖြစ်ပါတယ်။ ဒီနှစ်ဆိုရင် ပိုးကတော်တော် ကို ပျံ့နေတဲ့အနေအထားမျိုးမှာရှိနေပါတယ်။ အဓိက ကော်ဖီပင်အိုတွေမှာ ဖြစ်တာများတယ်။ ကော်ဖီခြံ စုစုပေါင်းရဲ့ ၁ ရာခိုင်နှုန်းက လုံးဝပျက်ဆီးသွားပြီး အထွက်နှုန်းက ၃ ရာခိုင်နှုန်းနဲ့ ၄ ရာခိုင်နှုန်းခန့် ကျဆင်းထိခိုက်လာနိုင်တယ်"လို့ ၎င်းမှ ပြောကြားပါတယ်။

    ပြင်ဦးလွင်မှာ ကော်ဖီခြံပေါင်း ၇၀၀ နဲ့ ၈၀၀ ကြားမှာ ရှိနေပြီး စိုက်ပျိုးဧကပေါင်း ၉၉၇၃ ဒသမ ၁၉ ဧက ရှိကာ အာရေဗီးကား ကုန်းမြင့်ကော်ဖီ (အထူးတန်းဝင်ကော်ဖီ)ကို အဓိက စိုက်ပျိုးထုတ်လုပ်ပြီး ပြည်ပနိုင်ငံများထံ နှစ်စဉ် တန် ၅၀၀ နီးပါးအထိ တင်ပို့လျက်ရှိနေတယ်လို့ သိရပါတယ်။

    ပြည်ဦးလွင်မှ ထွက်ရှိတဲ့ ကော်ဖီများကို နှစ်စဉ် ဒီဇင်ဘာလမှ မတ်လအထိ ခူးဆွတ်ထုတ်လုပ်ကာ ဧပြီလ နဲ့ မေလ နောက်ပိုင်းမှ စတင်၍ တစ်နှစ်ပတ်လုံး ရောင်းချခြင်းဖြစ်တယ်လို့ သိရပါတယ်။

    MFN – မှကူးယူဖော်ပြပါသည်။


    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download


  • article
likes8comments0
views130views4491