cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တရုတ်သို့မွေးမြူရေးရေထွက်ကုန်များကို GACC နည်းလမ်းဖြင့် တရားဝင် တင်ပို့မည်

. ငါးမွေးမြူရေးသတင်း
ရေရှည်ပုံမှန်တင်ပို့နိုင်ရေးအတွက် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ မွေးမြူထုတ်လုပ်ဖို့ လိုအပ်တယ်လို့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုပါတယ်။
  • ပြည်တွင်းမှထွက်ရှိတဲ့ မွေးမြူရေးရေထွက်ကုန်များကို တရုတ်နိုင်ငံသို့ GACC နည်းလမ်းဖြင့် တရားဝင်တင်ပို့တော့မည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။

    လက်ရှိတွင် တရုတ်နိုင်ငံဟာ မြန်မာ့ရေထွက်ကုန်တင်ပို့မှုရဲ့ အရေးပါသော စျေးကွက်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံက ထွက်ရှိသော ရေထွက်ကုန် ၃၀ ရာခိုင်နှုန်းဝန်းကျင်ကိုလည်း တရုတ်သို့ တင်ပို့နေခြင်းဖြစ်ပါတယ်။

    မြန်မာနိုင်ငံအနေဖြင့် သဘာဝရေထွက်ကုန်များကိုသာ အဓိကတင်ပို့ခဲ့ခြင်းဖြစ်ပြီး အခုနှစ် စက်တင်ဘာလအတွင်း နှစ်နိုင်ငံဆွေးနွေးသဘောတူညီချက်များအရ မွေးမြူရေးရေထွက်ကုန်များကိုပါ GACC နည်းလမ်းဖြင့် တရားဝင်တင်ပို့နိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

    ထိုကဲ့သို့ တရုတ်စျေးကွက်သို့ မွေးမြူရေး ရေထွက်ကုန်များ ရေရှည်ပုံမှန်တင်ပို့နိုင်ရေးအတွက် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ မွေးမြူထုတ်လုပ်ဖို့ လိုအပ်တယ်လို့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုပါတယ်။

    အခုဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ပြည်ပသို ရေထွက်ကုန်တင်ပို့မှုဟာ တန်ချိန် ၁၇၀,၀၀၀ ကျော်ရှိခဲ့ပြီး ကန်ဒေါ်လာ ၂၇၆ သန်းကျော် ရရှိထားတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

    အောင်အောင်

    Opinion Leaders မှကူးယူဖော်ပြပါသည်။

    ----

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes17comments0
views174views4886