cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးမွေးလုပ်ငန်းရှင်ကြီးများအတွက် တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး)  

. ရာသီဥတု သတင်းများ
ကန်ရေနောက်ခြင်း ပြုပြင်ကြရန်
  • ပဲခူးတိုင်းဒေသကြီး 

    ၁။လက်ပံတန်းမြို့နယ်  

    ယနေ့နှင့် မနက်ဖြန်မှာ မိုးရွာရန် ၉၀ ရာခိုင်နှုန်း ရှိပါတယ်။ အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ ၄၀ ရာခိုင်နှုန်းသာ ရှိသဖြင့် နေပြင်းနိုင်ပါတယ်။

    ၂။မိုးညိုမြို့နယ်  

    ယနေ့ မိုးရွာရန် ရာနှုန်းပြည့်နီးပါး ရှိသဖြင့် မိုးရွာသွန်းနိုင်ပါတယ်။ အောက်တိုဘာ ၂၄၊ ၂၆၊ ၂၈၊ ၂၉ ရက်တို့မှာ ၄၀ ရာခိုင်နှုန်းရှိသဖြင့် နေပြင်းနိုင်ပါတယ်။ အောက်တိုဘာ ၂၅ ရက်မှာ ၅၇ ရာခိုင်နှုန်း၊ ၂၇ ရက်မှာ ၆၇ ရာခိုင်နှုန်း ရှိသဖြင့် တိမ်အနည်းငယ် ရှိနိုင်ပါတယ်။  

    ၃။သာယာဝတီမြို့နယ်  

    ယနေ့နှင့် မနက်ဖြန်မှာ မိုးရွာရန် ၉၀ ရာခိုင်နှုန်း ရှိပါတယ်။ အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ ၄၀ ရာခိုင်နှုန်းသာ ရှိသဖြင့် နေပြင်းနိုင်ပါတယ်။

     

    ရန်ကုန်တိုင်းဒေသကြီး  

    ၁။တွံတေးမြို့နယ်  

    ယနေ့ မိုးရွာရန် ၈၇ ရာခိုင်နှုန်းရှိသဖြင့် မိုးရွာသွန်းနိုင်ပါတယ်။ အောက်တိုဘာ ၂၄၊ ၂၇၊ ၂၉ ရက်တို့မှာ ၇၀ ရာခိုင်နှုန်းဝန်းကျင် ရှိသဖြင့် တိမ်အသင့်အတင့် ရှိနိုင်ပါတယ်။ အောက်တိုဘာ ၂၅ရက်နေ့မှာ ၂၅ ရာခိုင်နှုန်း၊ ၂၆၊ ၂၈ ရက်တို့မှာ ၄၀ ရာခိုင်နှုန်း ရှိပါသဖြင့် နေပြင်းနိုင်ပါတယ်။  

    ၂။သန်လျင်မြို့နယ်  

    ယနေ့နဲ့ အောက်တိုဘာ ၂၆ ရက်တို့မှာ မိုးရွာရန် ၉၀ ရာခိုင်နှုန်းကျော် ရှိပါသဖြင့်

    မိုးရွာနှုန်း များနိုင်ပါတယ်။ မနက်ဖြန်မှာ ၇၀ ရာခိုင်နှုန်း၊ ၂၅ ရက်နေ့မှာ ၆၀ ရာခိုင်နှုန်း ရှိသဖြင့် တိမ်အနည်းငယ် ရှိနိုင်ပါတယ်။ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၅၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိသဖြင့် နေသာနိုင်ပါတယ်။

    ၃။ကျောက်တန်းမြို့နယ်  

    ယနေ့နှင့် အောက်တိုဘာ ၂၇၊ ၂၈ ရက်တို့မှာ မိုးရွာရန် ၇၀ ဝန်းကျင် ရှိပါသဖြင့် တိမ်အသင့်အတင့် ရှိပါတယ်။ မနက်ဖြန်မှာ ၄၀ ရာခိုင်နှုန်းသာ ရှိသဖြင့် နေပြင်းနိုင်ပါတယ်။ အောက်တိုဘာ ၂၆ ရက်နေ့မှာ ၉၀ ရာခိုင်နှုန်း ရှိသဖြင့် မိုးရွာသွန်းနိုင်ပါတယ်။ ၂၅၊ ၂၉ ရက်တို့မှာ ၆၀ ရာခိုင်နှုန်းကျော် ရှိသဖြင့် တိမ်အနည်းငယ်

    ရှိနိုင်ပါတယ်။

     

    ငါးကန်များအတွက်အကြံပြုချက်  

    ကန်ရေနောက်ခြင်း ပြုပြင်ကြရန်

    ·      ကန်ရေနောက်နေခြင်းအတွက် ၊ ငါးမထည့်မှီကတည်းက ကန်အတွင်းသို့ တစ်ဧကလျှင် ထုံး၆၃ပိသာ ထည့်သွင်းရပါမည်။

    ·      ငါးထည့်ထားပြီးပါက တစ်ဧကလျှင် အောက်ပါနည်းတမျိုးမျိုးကို အသုံးပြုပါ။

    -ထုံး ၃၁ပိသာကို တညအိပ်ရေစိမ်ပြီးမှ နောက်တစ်နေ့တွင်ကန်အနှံ့ပက်ပေးပါ။

    -ဂျစ်ပ်ဆမ် ၉ပိသာ ၅ဝကျပ်သား ထည့်ပေးပါ။

    -ကျောက်ချည် ၁ပိသာ ၅ဝကျပ်သားကို ထည့်ပေးပါ။

    -ကောက်ရိုး ၉ပိသာ ၅ဝကျပ်သားကို

    (၁ဝကျပ်သားအထုံးကလျေးမားပြုလုပ်ပြီး ကန်အနှံ့ ချထားပေးပါ (၃)ရက်ခန့်အကြာတွင် အဆိုပါ ကောက်ရိုးအထုံးကလေးများကိုပြန်လည် ဆယ်ယူပေးပါ) 

    Weather Source: CIAT 


  • article
likes15comments2
views343views18189